BEC-TERO TV

အရစ်ကျစနစ် အိမ်၊ခြံ၊မြေ၊တိုက်ခန်း ဝယ်ယူသူများ မူလတန်ဖိုးထက်အဆမတန်များနေသည်ကို သတိပြုသင့်

20 Nov 2017     1,523 Views


အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ဈေးကွက်များ နှစ်အတော်ကြာ အေးစက်ကျဆင်းသွားပြီးနောက် အရောင်းအဝယ်မရှိသလောက် နည်းပါးသွားသည့်အတွက် ရောင်းချသူများက ဘဏ်များနှင့်ချိပ်ဆက်ကာ အရစ်ကျဝယ်ယူနိုင်မည့်စနစ်တစ်ခုကို အကောင်အထည်ဖော် လုပ်ဆောင်လာကြသည်။

လက်ငင်းငွေပေးချေမှု နည်းပါးပြီး နှစ်ရှည်အရစ်ကျ ငွေသွင်းယူရသော စနစ်ဖြစ်သည့်အတွက် ဝယ်ယူလိုသူများ ပိုမိုစိတ်ဝင်စားလာကြသည်။ သို့သော် အရစ်ကျစနစ်တွင် အိမ်အတွက် ပေးချေရသည့် နှစ်အတိုင်းအတာနဲ့ ဘဏ်တိုးကို ပြန်လည်တွက်ချက်ကြည့်ရာတွင် မူလတန်ဖိုးထက်ပိုမိုများပြားနေသဖြင့်  ဝယ်ယူသူများအနေနဲ့ သတိပြုသင့်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း(ဗဟို)၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က အသိပေးပြောကြားခဲ့သည်။

အိမ်ခြံမြေတိုက်ခန်းတွေ အရောင်းအဝယ်ပါးလာပြီးနောက်ပိုင်း ဘဏ်တွေနဲ့ ချိပ်ဆက်ပြီးတော့ ၈ နှစ်၊ ၁၀ နှစ် အဲ့လိုပုံစံတွေနဲ့ ရောင်းချလာကြတယ်။ ဒါပေမယ့် တစ်ကယ်တန်းကျတော့ အရစ်ကျဝယ်ယူလိုက်တဲ့ အိမ်တန်ဖိုး၊ ဘဏ်အတိုးကို ပြန်တွက်ဖို့လိုပါတယ်။ ဥပမာအနေနဲ့ အန်တီတို့ တွက်ကြည့်လိုက်တဲ့အခါ သိန်း ၆၀၀ တန် အိမ်တစ်အိမ်ကို ၈ နှစ် အရစ်ကျစနစ်နဲ့ ဝယ်ယူလိုက်တယ်။ ၈ နှစ်နေရင်  အဲဒီအိမ်အတွက် ဘဏ်တိုးအပါအဝင် ပေးချေလိုက်ရတာက သိန်း ၁၀၅၀ ဖြစ်နေတာကိုတွေ့ရတယ်၊ အဲဒီတော့  ဒါဟာ တန်ရဲ့လားဆိုတာ ဝယ်ယူသူတွေအနေနဲ့ ကြိုတင်တွက်ချက်ပြီးမှ သတိပြုဝယ်ယူသင့်ကြောင်း” ပြောဆိုခဲ့ပါတယ်။

ယခုလို ဖြစ်ရတာဟာ မြန်မာနိုင်ငံရဲ့ ဘဏ်အတိုးနှုန်းကြောင့်ဖြစ်ပြီး နိုင်ငံတစ်ကာနဲ့ယှဉ်လိုက်ရင် မြန်မာနိုင်ငံဘဏ်အတိုးနှုန်းက အရမ်းများနေကြောင်း ထောက်ပြပြောဆိုခဲ့သည်။ ထို့အပြင် မြန်မာနနိုင်ငံတွင် အရစ်ကျပေးချေရန် သတ်မှတ်ထားသောနှစ်မှာ နည်းပါးသေကြောင်း စင်ကာပူနိုင်ငံနှင့် ယှဉ်၍ ဥပမာပေးခဲ့သည်။

စင်ကာပူမှာဆိုရင် အိမ်ထောင်ရှိရင် အသက် ၂၄ ဆို ဝယ်လို့ရပြီ၊ အိမ်ထောင်မရှိ အပျို၊ လူပျိုတွေအတွက်တော့ ၃၆ နှစ်မှ ဝယ်လို့ရတယ်။ ဂျပန်မှဦဆိုရင် လူ့သက်တမ်းကို ၆၀ သတ်မှတ်ထားပြီး ကိမ်ဝယ်တဲ့လူရဲ့အသက်ပေါ်မူတည်ပြီး အရစ်ကျပေးရတဲ့ နှစ်ကွာသွားတယ်။ ဥပမာ အသက် ၃၀ ဆိုရင် နောက်ထပ်နှစ် ၃၀ ဘဏ်က ငွေချေးပေးတယ်၊ ၂၅ နှစ်ဆိုရင် ၃၅ နှစ်နဲ့ ဘဏ်ကချေးပေးပြီ: လစာထဲက ပုံမှန်ဖြတ်သွားတယ်၊ အတိုးနှုန်းကလည်း တစ်အားနည်းတယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူပေမယ့် အားလုံးဟာ မြန်မာနိုင်ငံထက်တော့ နည်းပါးကြတယ်၊ အချို့ဆိုရင် ၁ ရာခိုင်နှုန်းပဲရှိတယ်” ဟု ပြောဆိုခဲ့ပါတယ်။

ထို့အပြင် နိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်ခွင့်ရရှိစေရန် မြန်မာနိုင်ငံ၏ မြင့်မားလွန်းနေသော အိမ်ခြံမြေ အခီန်နှုန်းထားများကိုလည်း လျှော့ချသင့်ပြီး တစ်ကြိမ်သာဝယ်ယူနိုင်သော နိုင်ငံသားများအတွက် အခွန်ကင်းလွတ်ခွင့် (သို့) အခွန်သက်သာခွင့်ကို စဉ်းစားပေးရန်လိုအပ်ကြောင်း ဒီမိုကရေစီတူဒေးသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
 


20 Nov 2017     1,523 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS