BEC-TERO TV

မန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့လက်ခံခဲ့တဲ့ ဂွါဒီယိုလာ

20 Nov 2017     1,293 Views


မန်စီးတီးနည်းပြဂွါဒီယိုလာဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖိုလက်ခံခဲ့ပြီး၊မန်စီးတီးအသင်းမှာ (၂၀၁၉) ခုနှစ် နောက်ပိုင်းအထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ယခုနှစ်ရာသီမှာမန်စီးတီးအသင်းကို ရလဒ်ကောင်းတွေရရှိအောင်စွမ်းဆောင်ပေးထားနိုင်တဲ့ နည်းပြဂွါဒီယိုလာ ကို မန်စီးတီးအသင်းက စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပြီး၊ဂွါဒီယိုလာကလည်း အဆိုပါစာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စ ကိုနှုတ်အားဖြင့် လက်ခံခဲ့ပါတယ်။ဂွါဒီယိုလာရဲ့လက်ရှိစာချုပ်သက်တမ်းဟာ (၂၀၁၈-၂၀၁၉) ဘောလုံးရာသီ မပြီးဆုံးခင် ကုန်ဆုံးမှာဖြစ်ပြီး၊တစ်နှစ်ကိုလုပ်ခ ပေါင် (၁၅) သန်းရရှိတာဖြစ်ပါတယ်။စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ပါက ဂွါဒီယိုလာအနေနဲ့ ယခုထက်ပိုမိုများပြားတဲ့ လစာကို ရရှိသွားမှာဖြစ်ပြီး၊အသင်းမှာလည်း (၂၀၁၉) ခုနှစ်နောက် ပိုင်းအထိဆက်ရှိနေမှာဖြစ်ပါတယ်။ဂွါဒီယိုလာဟာ မန်စီးတီးအသင်းဘုတ်အဖွဲ့ဝင်တွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူဖြစ်ပြီး၊စာချုပ်သစ်ချုပ်ဆိုဖို့မကြာမီအချိန်မှာ ဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
 
ယခင်နှစ်က နောက်ခံအစွန်လူ တွေနဲ့အဓိကဂိုးသမားတို့စွမ်းဆောင်ရည်တွေအားနည်းခဲ့တာကြောင့်ဆုဖလား တွေကိုလက် လွှတ်ခဲ့ရတဲ့ ဂွါဒီယိုလာဟာ ယခုနှစ် နွေရာသီဈေးကွက်အတွင်းမှာတော့ စံချိန်တင်ပြောင်းရွှေ့ကြေးကိုအသုံး ပြုပြီး၊ကစားသမားသစ် (၅) ဦးအထိ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ဂွါဒီယိုလာရဲ့နွေရာသီအတွင်းကစားသမား ခေါ်ယူခဲ့မှုတွေဟာ မှန်ကန်ခဲ့ပြီး၊ယခုနှစ် ရာသီပြိုင်ပွဲအရပ်ရပ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်တာ ဖြစ်ပါတယ်။ပရီးမီးယားလိဂ် (၁၁)ပွဲကစား ပြီးချိန်မှာ ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဇယားကိုဦးဆောင်နေပါတယ်။ ချန်ပီယံလိဂ်မှာလည်း ရာနှုန်းပြည့်နိုင်ပွဲရယူ ထားပြီး၊အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အ ခြေအနေကောင်းတွေပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း ဂိုးပြတ်နိုင်ပွဲများစွာရယူ ထားနိုင်ခဲ့ပြီး၊မန်စီးတီးအသင်းကိုဥရောပထိပ်တန်း လိဂ် (၅)ခုမှာတိုက်စစ် စွမ်းဆောင်ရည်အကောင်းဆုံးအသင်း အဖြစ်မှတ်တမ်းကောင်းတွေ ရရှိ အောင်စွမ်း ဆောင်ပေးထားပါတယ်။
 

20 Nov 2017     1,293 Views




RELATED

Most Popular of Football

Most Popular of NEWS