BEC-TERO TV

တောင်ကိုရီးယားနိုင်ငံတွင် ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ရက်ရွှေ့ဆိုင်း

20 Nov 2017     1,262 Views


နိုဝင်ဘာလ(၁၅)ရက်က ပြင်းအား(၅.၄)မဂ္ဂနီကျူ့အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံတစ်ဝန်းမှာကျင်းပမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေကပြောလိုက်ပါတယ်။ လာမယ့်သီတင်းပတ်အတွင်းမှာ စာမေးပွဲပြန်လည်ကျင်းပမှာဖြစ်ပြီး အခုလိုစာမေးပွဲရက် ရွှေ့ဆိုင်း တာဟာ တောင်ကိုရီးယားနိုင်ငံအတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
 
ကျောင်းသားတွေဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေအတွက် လချီကြိုတင်ပြင်ဆင်ခဲ့ပေမဲ့ ငလျင်လှုပ်ခဲ့တာကြောင့် စာမေးပွဲရက်ရွှေ့ဆိုင်းခဲ့ရတာပါ။ငလျင်ပြင်းအား(၅.၄)မဂ္ဂနီကျူ့ အဆင့်ရှိတဲ့ ငလျင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့အရှေ့တောင်ပိုင်းက ပိုဟန်ဆိပ်ကမ်းမြို့နားမှာ လှုပ်ခတ်ခဲ့တာ ကြောင့် ဒဏ်ရာရသူ(၅၇)ဦးရှိပြီး လူ(၁၅၀၀)ကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပါတယ်။ငလျင်ဒဏ်ကြောင့် အဆောက်အအုံတွေ၊အိမ်တွေနဲ့ယာဉ်အစီးရေ(၁၀၀၀)လောက်ပျက်စီးခဲ့ပါတယ်။ငလျင်လှုပ်ခတ်ပြီး မကြာခင်မှာပဲ နောက်ဆက်တွဲငလျင် ဒါဇင်ချီထပ်မံလှုပ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား သတင်းဌာနတွေမှာ သတင်းဖော်ပြပါတယ်။
 
ငလျင်ဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ ဒုတိယအင်အားအပြင်းဆုံး ငလျင်ဖြစ်တယ်လို့လည်း တောင်ကိုရီးယားအာဏာပိုင်တွေကပြောပါတယ်။ပြီးခဲ့တဲ့(၂၀၁၆) ခုနှစ်တုန်းက ဂွန်ဂျူးမြို့နားမှာ ပြင်းအား(၅.၈)မဂ္ဂနီကျူ့အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပေမဲ့ အခုငလျင်ဟာ အပျက်အစီးပိုများခဲ့တယ်လို့ တောင်ကိုရီးယားဘက်ကပြောပါတယ်။
 

20 Nov 2017     1,262 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS