BEC-TERO TV

ဘဝကိုအရှုံးမပေးပဲ ခြေတစ်ဖက်ထဲနဲ့ ဘောလုံးကစားသမားဖြစ်လာသူ

20 Nov 2017     1,500 Views


တရုပ်နိုင်ငံက ခြေထောက်တစ်ဖက်ထဲရှိတဲ့ လူငယ်တစ်ဦးဟာ သူ့ရဲ့ဘောလုံးကစားတဲ့စွမ်းရည်ကြောင့် လူသိများထင်ရှားလာခဲ့ပါတယ်။ ချိုင်းထောက် နှစ်ဖက်ကို အမှီပြုပြီး ဘောလုံးကွင်းထဲမှာ အသင်းသားများနဲ့ ဘောလုံးကစားပြခဲ့တဲ့ သူ့ရဲ့ဗီဒီယိုဟာ လတ်တလော အလွန်နာမည်ကြီးနေပါတယ်။


ဟီရီရီ လို့အမည်ရတဲ့ လူငယ်ဟာ အသက် ၁၂ နှစ်အရွယ်မှာ အရိုးကင်ဆာကြောင့် သူ့ရဲ့ ဘယ်ခြေထောက်တစ်ဖက် ဖြတ်ပစ်ခဲ့ရပါတယ်။ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပေမယ့် ဘောလုံးသမားဖြစ်ချင်တဲ့ သူ့ရဲ့ဆန္ဒကတော့ မှေးမှိန်မသွားခဲ့ပါဘူး။ ဒါကြောင့်လဲ ယနေ့ တရုပ်ဘောလုံးလောကရဲ့ စူပါစတားတစ်ဦး ဖြစ်လာခဲ့ပါတယ်။


အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ဟီရီရီဟာ ဘောလုံးလေ့ကျင့်ခန်းများကို အဆက်မပြတ်လေ့ကျင့်ခဲ့ပြီး ရျန်ကျန်းမှဦ ကျင်းပခဲ့တဲ့ စွမ်းရည်သရုပ်ပြပြိုင်ပွဲမှာ ချိုင်းထောက်နဲ့ ကစားရင်း ဂိုးသွင်းပေးနိုင်ခဲ့တာကို ဗီဒီယိုမှာ တွေ့မြင်ရပါတယ်။


ပြင်သစ်လူငယ်အသင်းက သူ့ရဲ့အစွမ်းကို သတိထားမိခဲ့ပြီး ပြင်သစ်နိုင်ငံသို့ခေါ်ကာ ကြေးစားဘောလုံးသမားတစ်ဦးဖြစ်အောင် လေ့ကျင့်ဖို့ အစီစဉ်တွေရှိထားပါတယ်။ ဒါပေမယ့် သူ့ရဲ့အရိုးကင်ဆာအတွက် ဆရာဝန်တွေအကြံပေးတာကတော့ ခြေထောက်ဖြတ်မှသာ အသက်ရှင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

နောက်နှစ်တွေမှာ ဆေးရုံတက်ရမှာဖြစ်ပြီး ဘောလုံးအားကစားကိုလည်း လုံးဝစွန့်လွှတ်လိုက်ရတော့မယ့် အခြေနေရှိပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ သူတတ်နိုင်သရွေ့ ဘောလုံးကစားသွားမယ်လို့ ဆိုပါတယ်။


တရုပ်ကလပ်အသင်းတွေကို အသင်းသားဖြစ်ခွင့်လျှောက်ထားပေမယ့် ခြေတစ်ဖက်ထဲရှိတဲ့အတွက် ငြင်းပယ်ခံထားရဆဲဖြစ်ပါတယ်။ သူဘောလုံးကစားတဲ့ ဗီဒီယိုကြည့်ရှုးပြီးနောက် တရုပ်လူမှုကွန်ယက် ဝီဘိုမှာတော့ “ဒီကောင်သာ ခြေနှစ်ဖက်ရှိလို့ကတော့ တရုပ်ဘောလုံးလောက မပူရတော့ဘူး” လို့ ရေးသားပြောဆိုနေကြပါတယ်။
 


20 Nov 2017     1,500 Views




RELATED

Most Popular of Football

Most Popular of NEWS