BEC-TERO TV

ကြက်​သွန်​နီကားအစီး​ရေ အဝင်​များခဲ့တာ​ကြောင့်​ ကြက်​သွန်​နီ​ဈေး နှုန်း​​တွေ ပြန်​လည်​ကျဆင်းလာ

20 Nov 2017     1,420 Views


ဘုရင့်​​နောင်​​ဈေးကွက်မှာ သည်​နေ့ ကြက်​သွန်​နီကားအစီး​ရေ အဝင်​များခဲ့တာ​ကြောင့်​ ကြက်​သွန်​နီ​ဈေး နှုန်း​​တွေ ပြန်​လည်​ကျဆင်းလာပါတယ်​။ဘုရင့်​​နောင်ြ​ကက်သွန်​​နီ ဈေးကွက်မှ ကြက်သွန်နီကုန်သည် ​​​​ဦး ဝင်း​​ဇော်က“အခု ကြက်​သွန်​နီ​ဈေးက​​မငြိမ်​ဘဲဖြစ်​​နေတာ မ​နေ့ကကို ၁၀ဝ တက်​​သေးတယ်​၊ အဝင်​များတာနဲ့ ပြန်​ချပြန်​​ရော”လို့ ​ ​​​ပြောပါတယ်​။ သည်​​နေ့ ဘုရင့်​​နောင်​​ကြက်​သွန်​နီ​ဈေးကွက်​မှာ ကြက်​သွန်​နီကားအစီး​ရေ ၃၀အထိ ဝင်​​ပါတယ်။

ကြက်​သွန်​ရှယ်​စ တစ်​ပိဿာကို ၂၅၅၀ကျပ်​အထိ ​ပြန်​လည်​ကျ​ဆင်းပါတယ်​။ ပြီးခဲ့တဲ့ ရက်ပိုင်း​တွေက​တော့ တစ်​ပိဿာကို အမြင့်​ဆုံး ကျပ်​ ၂၇၀ဝ အထိ ဈေးရှိခဲ့တယ်​လို့ သိရပါတယ်​။ ပျော်​ဘွယ်​မြို့နယ်က ​​တောင်​သူ ဦးအေး​ဆွေက ​’အခုက နယ်​​ဈေးနဲ့ ရန်​ကုန်​​ဈေးက အတူတူဖြစ်​​နေတာ၊ နယ်​​ဈေးလဲ ဒီ​လောက်​ပဲ၊ ​တောင်​သူ​တွေ ရောင်း​နေတဲ့​ဈေး ကို ​ပြောတာ​ပေါ့​​နော်​ ”လို့ ပြောပါတယ်​။ လက်​ရှိမှာ​တော့ ပြည်​တွင်း ကြက်​သွန်​နီ​ဈေးကွက်​မှာ လှောင် ကြက်​သွန်​နီ​တွေ နည်းပါးလာပြီး ကြက်​သွန်​နီအသစ်​​တွေ ဝင်​​ရောက်​​နေပါတယ်​။

Credit >>> kumudranews


20 Nov 2017     1,420 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS