BEC-TERO TV

သရုပ်ဆောင် အလုပ်နဲ့ ပတ်သတ်ပြီးမိသားစုက အားမပေးဘူးဆိုတဲ့ မိုးစက်ဝိုင်

20 Nov 2017     1,235 Views


လက်တလော ရုံတင်ပြသနေတဲ့ ပက်ပက်စက်စက်ညို့ ဇာတ်ကားနဲ့ အောင်မြင်မှု ရရှိနေတဲ့ မိုးစက်ဝိုင် ဟာ “ ပက်ပက်စက်စက်ညို့ ဇာတ်ကားကြီးကို ပရိသတ်တွေ  အားပေးတာက မိုးစက်အတွက် အင်အားတွေပါပဲ ။မိုးစက် က Miss တစ်ယောက်ကနေပြီးတော့ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့အတွက် သရုပ်ဆောင်အလုပ်က မလွယ်ကူဘူး။ အရမ်းပင်ပန်းတယ်ဆိုတာကိုနားလည်ခဲ့တယ် ။ ငိုတဲ့ အခန်းတွေဆိုရင် ခက်ခဲခဲ့တယ် ။ အခက်အခဲတွေ ရှိခဲ့ပေမယ့်လည်း ဒီဇာတ်ကားထဲမှာပါတဲ့ ကိုနေတိုး ၊ ရွှေထူး ၊ ဒါရိုက်တာ သားညီ တို့က မိုးစက် ကို ကူညီပေးတယ် ။ပြောပြတယ် သင်ပေးတယ် ။ လိုအပ်တာတွေကိုလည်း အသေးစိတ် ကို သင်ပေးတဲ့အတွက် အားလုံး အဆင်ပြေပြေနဲ့ ရိုက်ကူးနိုင်ခဲ့ ပါတယ် ။ မိုးစက်အတွက် သရုပ်ဆောင်တာတွေက လိုအပ်ချက်တွေ ရှိတာကိုနားလည်သည်းခံခွင့်လွှတ်အားပေးတဲ့ ပရိသတ် တွေကိုမိုးစက် ကတော ကျေးဇူးတင်နေမိတယ်။ ဇာတ်ကားထဲက ကာရိုက်တာက မိုးစက်အတွက်တော့ စိန်ခေါ်မှု ဖြစ်စေတဲ့ ကာရိုက်တာမျိုးပါ ။ သရုပ်ဆောင် အလုပ်နဲ့ပတ်သတ်ပြီးတော့ မိသားစုတွေက သိပ်ပြီးတော့ပေးမရိုက်ချင်ဘူး ။ အားမပေးဘူးပေါ့နော် ။ မိုးစက်က သရုပ်ဆောင်အလုပ်ကို လုပ်ကြည့်ချင်တယ် ။ အဲ့ဒါကြောင့် ဇာတ်ကား နှစ်ကားကို လက်ခံ ရိုက်ကူးခဲ့တယ် ။ ဒီဇာတ်ကားကတော့ မိုးစက်ရဲ့ ဒုတိယ မြောက်ရိုက်ကူးတဲ့ ဇာတ်ကားပေမယ့် ပထမဦးဆုံးတင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပေါ့နော် ။  ဒီဇာတ်ကားက လောကကြီးမှာ ငွေရှိတိုင်း ဖြစ်တယ်ဆိုတာ မဟုတ်ဘူးဆိုတာကို ရိုက်ပြထားတာပါ”

Credit:democracy 


20 Nov 2017     1,235 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment