BEC-TERO TV

သတိချို့ယွင်းမှု မရှိခင်အထိ အနုပညာကို ရူးသွပ်ပြီး တန်ဖိုးထား သူတစ်ယောက် ဖြစ်တဲ့ ဦးစောနိုင်( ရှမ်းပြည် )

20 Nov 2017     1,243 Views


ရုပ်ရှင် သရုပ်ဆောင် ဦးစောနိုင် (ရှမ်းပြည် ) ဟာလက်တလောမှာ သတိချို့ယွင်းနေတယ်လို့လဲသိရပါတယ် ။ ရုပ်ရှင်ဇာတ်ကားတွေမှာ အဖေဇာတ်ရုပ်ကနေပြီ ပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ ဦးစောနိုင် (ရှမ်းပြည်) က သတိချို့ ယွင်းမှုမရှိခင် အချိန်အထိ အနုပညာ ကို ရူးသွပ်ပြီး တန်ဖိုးထားသူ တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ် ။

စောင့်ရှောက်ပေးနေတဲ့ ဆရာတော် ဦးတေဇသီရိ က “ဦးဇင်းကြီးရဲ့ နေ၀င်ချိန်ကို သာသာယာယာ နဲ့ လှလှပပ လေး ဖြစ်စေချင်တာကြောင့် ကျောင်းမှာပဲ ခေါ်ထားခြင်းဖြစ်တယ် ။ ပြောပြရင်တော့ သတိချို့ယွင်းမှုတွေ ဖြစ်သွားတာ ၅ လ ၆လ ကြားထဲမှာပဲ ရှိဦးမှာပါ ။ အဲ့ဒိရှေ့ ကတော့ အားလုံးကိုသိနေတာပဲ ။ အခု အသိတွေတော့ ချို့ယွင်း တုန်းပဲ ။ ဦးစန္ဒိမာ ချော်လဲပြီးတော့ နံရိုးကျိုး လို့ တောင်ငူ ဆေးရုံ ကို တက်ရသေးတယ် ။ ဆေးရုံတက်တုန်းကလဲ ဝေု ကျော်ဖောင်ဒေးရှင်းနဲ့  ဦးမျိုးမင်း တို့ လာလှူဘူးတယ် ။ စိုးပြည့်သဇင် လည်း လာတယ် ။ ဒီကျောင်းကိုတော့ မလာကြဘူး ။ ဆေးရုံကိုတော့ လာလှူဘူးတယ် ။ ကျန်တာကတော့ မလာဘူး ။ အခုလို သတိတွေ ချို့ယွင်းမလာသေးတဲ့ အချိန်ထိ တကယ်ကို အနုပညာ ရူးသွပ်ပါတယ် ။ အနုပညာရှင်တွေကို အရမ်း တန်ဖိုးထားတယ် ။ သူကိုယ်တိုင် တကယ် မစွမ်းနိုင်တော့မှသာ ဒီအလုပ်ကို ရပ်လိုက်တာဖြစ်ပါတယ် ။ အနုပညာရှင်တွေ အပေါ် ကျန်တာတော့ မပြောချင်တော့ဘူး” လို့ ပြောထားပါတယ် ။

 

ဦးစောနိုင် (ရှမ်းပြည် ) ဟာ လက်ရှိမှာတော့ တောင်ငူခရိုင် ၊ အုတ်တွင်း ၊ ဈေးကျောင်းတိုက် ၊ ရင်ခုန်သံ ရှင်ရေး ကူညီမှု အသင်းမှာ ဆရာတော် ရှင်စန္ဒိမာ ( ခေါ် ) ဦးစောနိုင် (ရှမ်းပြည် ) ဟာ ခိုလှုံနေတယ်လို့လဲ သိရပါတယ် ။ 


20 Nov 2017     1,243 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment