BEC-TERO TV

တစ်နှစ်လုံး ဟာသကားတစ်ကားပဲ ရိုက်ထားပြီး ဒရာမာတွေကြီးပဲ တွေ့ရမယ့် ထွန်းထွန်း

21 Nov 2017     1,272 Views


၂၀၁၇ ခုနှစ်တစ်နှစ်လုံး ဟာသ ဇာတ်ကားတစ်ကား သာ လက်ခံရိုက်ကူးခဲ့တယ်လို့ ပြောထားပါတယ် ။ “ဒီနှစ်ထဲမှာတော့ ငယ်ပါသေးတယ်ဇာတ်ကားက ပထမ ဆုံး ဇာတ်ကားလို့ ပြောလို့ ရပါတယ် ။ဇန်န၀ါရီ လကတည်းက အခုထိ ဟာသ ကားတွေ မရိုက်ဖြစ်ဘူး ဒရာမာ တွေပဲ ရိုက်ဖြစ်ခဲ့တယ် ။

ကျွန်တော်က ဟာသ ဇာတ်ကားအရိုက်များတဲ့ မင်းသားတစ်လက်လို့တောင် ပြောလို့ရတယ် ။ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ဟာသ ဇာတ်ကားမရိုက်ကူးဖြစ်ခဲ့ဘူး ။ တခြား အကြောင်းပြချက်တော့မရှိပါဘူး ဒီအတိုင်း ပရိသတ်တွေ ကို မတူတဲ့ အမြင်တွေ ပြချင်တယ် ။ အနုပညာ နဲ့ ပတ်သတ်ပြီးတော့ လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုကို လုပ်ပြချင်တယ် ။ အဲ့ဒါကြောင့်ပါပဲ ။ အကယ်ဒမီ ရပြီးနောက်ပိုင်း ဇာတ်ကားတွေ ပို ရိုက်ဖြစ်ပေမယ့် ဇာတ်လမ်းရွေးချယ် ရာမှာ ဒါရိုက်တာတွေ  ၊ ထုတ်လုပ်သူတွေ ဘက်က ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေ ကိုသာ အများဆုံး ရိုက်ကူးဖြစ်နေတာပါ ။

ဒီနှစ်ထဲမှာတော့ ကျွန်တော် ဘ၀ အတွက် အမှတ်တရဖြစ်စေမယ့် သရာစောထိ လိုဇာတ်ကားတွေဆိုရင် သဘောကျတယ် ။ ဇာတ်ကားကို ပြန်ကြည့်တာ ကို ကျေနပ် အားရနေတယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။

Credit: Democracy 


21 Nov 2017     1,272 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment