BEC-TERO TV

လမ်းဘေးမှာ အပေါ့သွားခဲ့တဲ့ အိန္ဒိယဝန်ကြီးကြောင့် အစိုးရအရှက်ရစေခဲ့

21 Nov 2017     1,242 Views


အိန္ဒိယနိုင်ငံတွင် အစိုးရက ပြည်သူများ လမ်းဘေးလူမြင်ကွင်းမှာ အပေါ့သွားတဲ့အလေ့အထကို တာမြစ်နေချိန်၊ လက်ရှိအာဏာရ Bharatiya Janata ပါတီမှ နိုင်ငံရေးသမားတစ်ဦးဖြစ်သူက လမ်းဘေးမှာ မတ်တပ်အပေါ့စွန့်နေခဲ့တဲ့ဗီဒီယိုကို ကမ္ဘာ့သန့်စင်ခန်းနေ့မှာ အွန်လိုင်းပေါ်ရောက်ရှိ ပျံ့နှံ့ခဲ့တဲ့အတွက် အကြီးအကျယ်မျက်နှာပျက် အရှက်ရခဲ့ပါတယ်။


အိန္ဒယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် ရေအရင်းမြစ်ဝန်ကြီး Ram Shinde နိုဝင်ဘာ ၁၈ ရက်နေ့က ခရီးသွားစဉ် လမ်းဘေးလယ်ကွင်းတစ်နေရာမှာ အပေါ့သွားခဲ့တဲ့တာကို ဗီဒီယိုမှတ်တမ်းတင်ထားမိခဲ့တာဖြစ်ပါတယ်။

အဆိုပါဗီဒီယိုဟာ နောက်တစ်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့က အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး တိုက်ဆိုင်စွာပင် ထိုနေ့မှာ World Toilet Day ဖြစ်နေခဲ့သည့်အတွက် အိန္ဒိယနိုင်ငံတွင် အိမ်သာမလုံလောက်မှုကြောင့် ကျန်းမာရေးတွက် အန္တရာယ်ရှိမှုတွေကို ပိုပြီးပေါ်လွင်စေခဲ့ပါတယ်။

ယင်းဖြစ်ရပ်နဲ့ ပက်သက်ပြီး Ram Shinde က “လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ကျွန်တော် ရေရှိရေးကိစ္စတွေနဲ့ ခရီးတွေ ဆက်တိုက်ထွက်နေခဲ့ရတယ်။ ပူးပြင်တဲ့ရာသီနဲ့ ဖုန်မှုန်တွေက အတော်လေးဒုက္ခပေးပြီး နေမကောင်းဖြစ်ချင်လာပါရော၊ ခရီးသွားတဲ့ လမ်းတလျှောက်မှာ အိမ်သာမတွေ့တာနဲ့ မအောင့်နိုင်တဲ့အဆုံး အခုလိုအပေါ့သွားမိခဲ့တာပါ” လို့ အကြောင်းပြပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ အိမ်သာမလုံလောက်တဲ့ ပြဿနာဟာ ဆိုးရွားနေပြီး Unicef ရဲ့ စစ်တမ်းအရ လူဦးရေ သန်း ၆၀၀ လောက်ရှိတဲ့ အိန္ဒိယမှာ ၇၀% က အိမ်သာမရှိပဲ လူတစ်ဝက်လောက်က လူမြင်ကွင်းမှာ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ဝန်ကြီးချုပ် နာရန်ဒါမိုဒီ က ၂၀၁၉ ကျရင် အိမ်တိုင်းမှာ အိမ်သာရှိစေရမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါကြောင့် အစိုးရက နိုင်ငံတစ်ဝန်းလုံးမှာ အိမ်သာအလုံးပေါင်း သန်း ၅၀ ကျော် ဆောက်လုပ်ပေးနေပြီး ပြည်သူတွေကိုလည်း အိမ်သာအသုံးပြုကြဖို့ တိုက်တွန်းလျှက်ရှိပါတယ်။
 


21 Nov 2017     1,242 Views




RELATED

Most Popular of International News

Most Popular of NEWS