BEC-TERO TV

ချစ်သူ ဒါရိုက်တာရဲ့ ကူညီပံ့ပိုးမှုတွေအကြောင်းပြောပြတဲ့ ပိုင်ဖြိုးသု

21 Nov 2017     1,540 Views


သရုပ်ဆောင် ပိုင်ဖြိုးသု ဟာ သူမရဲ့ ထုတ်လုပ်ရေး ရဲ့ ဒုတိယမြောက်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးကို ဒီဇင်ဘာ  ၁၅ လောက်မှာ စတင်ရိုက်ကူးမယ်လို့လဲ သိရပါတယ် ။ ဆရာမကြီး ကြည်အေး ရဲ့ မီ ၀တ္ထု ကို ရုပ်ရှင်ဇာတ်ကား အဖြစ် ပြန်လည်ရိုက်ကူးမှာ ဖြစ်ပြီး အတတ်နိုင်ဆုံး အပီပြင်ဆုံးဖြစ်အောင် ပုံဖော်သွားမှာပါ ။

မီ ဆိုတဲ့ ကာရိုက်တာ ၀င်အောင် ချစ်သူ ဒါရိုက်တာ ရဲ့ ကူညီ မှုတွေ လည်း အများကြီး ရပါတယ်လို့ ပြောထားပါတယ် ။

“ မီ အတွက်တော့ သု့ အပေါ်မှာ ချစ်သူရဲ့ ပံ့ပိုးမှုက တစ်ရာ ရာခိုင်နှုန်းလို့ ပြောလို့ ရတယ် ။ ဇာတ်ကား အတွက် စတိုင်လစ်ရော ဒီဇိုင်နာတွေကော သူကိုယ်တိုင်ပဲ လုပ်ပေးတာ ။ ခေတ်ကလည်း ရှေးခေတ်ကို ပြန်လည်ရိုက်ကူးသွားမှာဆိုတော့ အဲ့ခေတ်က ပုံစံအတိုင်းဖြစ်အောင် သူကိုယ်တိုင် အတိအကျ လုပ်တယ် ။ သု့ ကိုလည်း ကာရိုက်တာ စိတ်ထဲ ထည့်ထားရတဲ့ဟာ တစ်ခုပဲ ပေးလုပ်တယ် ။ နှစ်ယောက်စလုံး အနုပညာ အလုပ်တွေကိုပဲ ကြိုးစားလုပ်ကိုင်နေတဲ့ အချိန်ဖြစ်တာကြောင့် မင်္ဂလာ ကိစ္စ အတွက်တော့ လိုပါသေးတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ် ။ 

Creedit: popular


21 Nov 2017     1,540 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment