BEC-TERO TV

မြန်မာအလုပ်သမတစ်ဦးအား ကာယိနြေ္ဒပျက်အောင်လုပ်ဆောင်မှုဖြင့် ဝမ်ပေါင်ရုံးမှတရုတ်နိုင်ငံသားကို မုံရွာတရားရုံးမှ ငွေဒဏ်ကျပ်ငါးသိန်းချမှတ်

22 Nov 2017     1,246 Views


အမှုဖြစ်ပွားခြင်းမှာ ဝမ်ပေါင်ကုမ္ပဏီကော်ဖီဘားတွင် အလုပ်လုပ်ကိုင်နေသော အသက်(၂၀)အရွယ် (အပျို)အား စားဖိုဆောင်တာဝန်ခံ (ဌာနမှူး)မစတာလီတာချူး(၄၄)နှစ်မှလက်ဆွဲခြင်း၊ ဖက်နမ်းမည်ပြုခြင်း၊ အများသူငှာရှေ့တွင် သုံးရက်မတ်တတ်ရပ်စေခြင်းတို့ကို ကျူးလွန်ခဲ့သည်ဆိုကာ မ…မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဆားလင်းကြီးမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ပါတယ်။

“ဌာနမှူးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထက်ကျော်ပြီး အများသူငှာရှေ့မှာ ဝန်ထမ်းကိုမတ်တတ်ရပ်ခိုင်းတာ၊ အခန်းတံခါးပိတ်တာ၊ လက်ဆွဲနမ်းမယ်ပြုတာတွေကြောင့် ဆားလင်းကြီးတရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၅၂/၃၅၄ တို့နဲ့ဦးတိုက်လျှောက်တာပါ။မြို့နယ်တရားရုံးက ပုဒ်မ ၃၅၄ ပြစ်မှုထင်ရှားလို့ တရားကြီး ဒေါ်ခင်မြတ်မြတ်ထွန်းကနေ ငွေဒဏ် ကျပ်ငါးသိန်းပေးဆောင်စေ။ငွေဒဏ်ပေးဆောင်ဖို့ပျက်ကွက်ရင် ထောင်ဒဏ်နှစ်လကျခံစေလို့ အမိန့်ချပါတယ်။”  တရားခံက ဒဏ်ငွေငါးသိန်းပေးဆောင်သွားပါတယ်လို့သိရပါတယ်။

Soure : Democracy


22 Nov 2017     1,246 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS