BEC-TERO TV

အာဂျင်တီနားရေငုပ်သင်္ဘောရှာဖွေမှု ရာသီဥတုဆိုးရွားသဖြင့် ရပ်ဆိုင်းထား

22 Nov 2017     1,251 Views


အာဂျင်တီးနားရေတပ်နဲ့ နိုင်ငံတကာက ရှာဖွေရေးတပ်ဖွဲ့တွေဟာ ရာသီဥတုဆိုးရွားနေတဲ့ အတွက် အာဂျင်တီးနားကမ်းခြေကနေ မိုင်(၂၆၀)ကျော်အကွာမှာ ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို ရှာဖွေနေတာတွေ ရပ်ဆိုင်းထားတယ်လို့ အာဂျင်တီးနားရေတပ်ကပြောပါတယ်။ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို ရှာဖွေရေးတိုးမြှင့်လုပ်ဆောင်ဖို့ နိုင်ငံ အသီးသီးက ရှာဖွေရေးအဖွဲ့တွေက အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်းမှာ စုဝေးနေကြတာပါ။

လေပြင်းတိုက်တာနဲ့ လှိုင်းကြီးတာတွေက ကယ်ဆယ်ရေးအဖွဲ့တွေကို အဟန့်အတားဖြစ်နေစေတယ်လို့ အာဂျင်တီးနားအာဏာပိုင်တွေကပြောပါတယ်။ရှာဖွေရေးလုပ်ငန်းတွေကို အခက်အခဲထပ်တွေ့ စေတာက ရှာနေတဲ့နေရာတွေဟာရေမျက်နှာပြင်ကနေမြင်နိုင်ဖို့အခွင့်အလမ်း နည်းနေတာ ကြောင့် ဖြစ်တယ်ဆိုပြီး အာဂျင်တီးနားရေတပ်က ပြောပါတယ်။နာဆာရဲ့သုတေသနလေယာဉ်တစ်စီးကို သုံးပြီး ရေငုပ်သင်္ဘောဘယ်နားမှာရှိတယ်ဆိုတာ ခြေရာခံခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။

ဆန်ဂျူအန်ရေငုပ်သင်္ဘောဟာ တောင်အမေရိကတိုက်တောင်ပိုင်းက အူရှူအိုင်းယား ကမ်းခြေမှာ ပုံမှန်ကင်းလှည့်လုပ်ငန်းလုပ်ဆောင်ပြီးနောက် မာဒယ်လ်ပလာတာမှာရှိတဲ့ အခြေစိုက် စခန်းကို ပြန်လာစဉ် အာဂျင်တီးနားကမ်းခြေကနေ မိုင်(၂၆၀)ကျော်အကွာမှာ နိုဝင်ဘာလ(၁၅)ရက်က ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ဂြိုဟ်တုတွေက ဆန်ဂျူအန်ရေငုပ်သင်္ဘောလို့ယူဆရတဲ့ အချက်ပြ သင်္ကေတတွေကို အာဂျင်တီးနားနိုင်ငံ အရှေ့မြောက်ပိုင်းက ဗဲလ်ဒက်ဇ်ကျွန်းဆွယ်နားမှာ နိုဝင်ဘာလ (၁၈)ရက်ကတွေ့ရှိခဲ့ပါတယ်။ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောပေါ်မှာ အာဂျင်တီးနားရေတပ်တပ်ဖွဲ့ဝင် (၄၄)ဦးပါရှိသွားပြီး အဲ့ဒီရေငုပ်သင်္ဘောပေါ်မှာ နှစ်ပတ်စာအစားအစာ၊ရေနဲ့ အောက်စီဂျင်ပမာဏ အလုံအလောက်ပါရှိတယ်လို့ အာဂျင်တီးနားရေတပ်က အစောပိုင်းမှာပြောထားပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2152570204769098/

 


22 Nov 2017     1,251 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS