BEC-TERO TV

အမျိုးသမီး Hip Hop တွေ အများကြီး ပေါ်ထွက်စေချင်တယ်ဆိုတဲ့ မိစန္ဒီ

22 Nov 2017     1,216 Views


ကိုယ်ပိုင် ခံစားချက်တွေနဲ့ ရေးထားတဲ့ သီချင်းတွေမှာ အောင်မြင်တဲ့ မိစန္ဒီ  ဟာ လတ်တလော ကတော့ ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့ show ပွဲတွေ ဆိုဖို့ ရှိတယ် ။ နယ် ပွဲတွေများပြီး ရန်ကုန် ပွဲတွေ တော်တော်နည်းပါတယ် ။ အသဲလေး အခွေ MTV လဲ ရိုက်နေပါပြီ ။ တစ်ပုဒ်ပြီးသွားပါပြီ အချိန်နည်းနည်း ကြာသွားတယ် ။ DVD အနေနဲ့ ထွက်ဖြစ်မလား မထွက်ဖြစ်ဘူးလားဆိုတာတော့ မသေချာသေးပါဘူး အခုခေတ်မှာက အွန်လိုင်းကနေ တစ်ပုဒ်ချင်း ချပြတာက ပရိတ်သတ် အတွက်လည်း အဆင်ပြေတယ် ။

မြန်မာနိုင်ငံမှာ က အမျိုးသမီး Hip Hop အဆိုတော်ကနည်းပါတယ် ။ မိစန္ဒီ ကိုယ်တိုင်လည်း Under Ground ကနေ ခက်ခက် ခဲခဲ ရုန်းကန်ပြီး တက်လာရတယ် ပရိသတ်တွေ အားပေးကြတယ် Hip Hop အမျိုးသမီး အဆိုတော်တွေ များများထွက်ပေါ်လာစေချင်ပါတယ် ။

နောက်တစ်ကိုယ်တော် အခွေ အတွက်လည်း သီချင်းတွေ စရေးနေပါပြီ ။ အဆိုတော် တစ်ယောက်ဖြစ်တော့ သီချင်းတွေကတော့ အမြဲ ရေးဖြစ်နေတယ် ။ အခု လတ်တလောမှာတော့ နောက်အခွေ အသစ်အတွက် စုထားတဲ့ သီချင်းတွေ ကတော့ ပထမ အခွေမှာ ကျန်ခဲ့တဲ့ သီချင်းက သုံးပုဒ် ၊ အခု ရေးထားတာနဲ့ ဆိုရင် လက်ထဲမှာ သီချင်း ငါးပုဒ်လောက် ရှိနေပါပြီ ။ များသောအားဖြင့် ကိုယ်ပိုင် ခံစားချက်တွေနဲ့ ပဲ ရေးဖြစ်ပါတယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။ 

Credit:Democracy 


22 Nov 2017     1,216 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment