BEC-TERO TV

အကောင်းဆုံးအိပ်ယာဝင် နနွင်းနှင့်နွားနို့ဖျော်ရည်

22 Nov 2017     2,081 Views


အိန္ဒိယလူမျိုးတွေ မှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံနဲ့ မတူတဲ့ ဆေးဘက်ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝတယ် ။သူတို့ဆီက ဆေးနည်းများစွာမှာ ထိပ်ဆုံးမှာ နံပါတ်တစ်နေရာ မှာ ရှိနေတဲ့ ဆေးတပါးကတော့ နို့နနွင်းပါပဲ ။နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ် ။
 
အဆစ်မြစ်ယောင်နေတာတွေရှိရင် ဆေးသောက်စရာ မလိုပဲ ပျောက်သွားမှာပါ ။အစာအိမ်အချဉ်ပေါက်နေတာတွေ အစာမကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတပါးပါ ။ဗိုက်ပြည့်ဘိုုက်ကယ်နေတာတွေ အတွက်တော့ နတ်ဆေးတပါးပါပဲ ။တခါတလေ ဗိုက်ပြည့်ဗိုက်ကယ်တာ နေရထိုင်ရခက်တဲ့ အပြင် လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ ရောဂါ ကို ခံစားရပါတယ် ။
 
လူကြည့်လိုက်ရင်လဲ ဖြတ်လတ်မှုမရှိပဲ ဘိုက်ကြီးပူပြီး အပင်ပန်းမခံနိုင်ဘူး ။ဒါဆိုရင် နို့နနွင်းသောက်ပါ ။အစာအိမ်တွင်းမှာ ရှိတဲ့ အပူနာတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ် ။မေ့လျော့ခြင်းများ ကိုလဲ သက်သာလာစေပါတယ် ။သဘာဝ အယောင်ကျဆေး ၊ သဘာဝ အင်တီဘိုင်အိုးတစ် ၊ သဘာဝအနာကျက်ဆေး ၊ သွေးသန့်ဆေး ၊ အသားအရေအတွက်အားဖြည့်ဆေး လဲဖြစ်ပါတယ် ။
 
ချောင်းဆိုးခြင်းနဲ့ ဆုံဆို့ ကြက်ညှာချောင်းဆိုး တွေကိုလဲ သက်သာပျောက်ကင်းစေပါတယ် ။ သွေးတွင်းအဆီဓာတ် ကိုလက်စထရော ကိုလဲ ကျစေပါတယ် ။ ခုခေတ်မှာ အသက် ၃၀ ပတ်ဝန်းကျင်တွေက အစ ကိုလက်စထရော များတဲ့ ဒုက္ခကို ကြုံတွေ့ နေရပါတယ် ။ဆရာဝန်က ပြောလာပြီ ဆိုရင်တော့ ဆေးတွေ သောက်နေမယ့် အစား ဒီနို့နနွင်းလေး ကောက်ဖျော်သောက်လိုက်ရင် အဆင်ပြေမယ်ထင်တယ်နော် ။

အက်ကဇီမား စတဲ့ အရေပြားယောင်ကမ်းယားနာတာတွေအတွက်လဲ အလွန်ကောင်းတဲ့ဆေးပါ ။ရင်သားကင်ဆာ ၊ ပရိုစတိတ်လို့ခေါ်တဲ့ ဆီးကျိတ်ကင်ဆာ ၊ အရေပြားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ အကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတွေဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါတယ် ။
 
အဆီခြေဖျက်နှုန်း ကိုု ကူညီပေးသလိုု ခန္ဒာကိုုယ် အလေးချိန်ထိန်းခြင်းကိုုလဲ အကူညီပေးပါတယ် ။အသည်းမှာ များလာတဲ့ အဆိတ်အတောက်တွေ ဖယ်ရှားရာမှာလဲ အသုုံးဝင်တဲ့ အပြင် သွေးချို ဆီးချိုကိုုလဲ ထိန်းချုပ်ပေးပါတယ် ။ကင်ဆာဝေဒနာသယ်များ အတွက် ကုုထုုံးဖြစ်တဲ့ Chemotherapy ခမ်မိုု ဓာတ်ကင်ခြင်းကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုုးကျိုးများတွေ့ရခြင်းကိုုလဲ လျော့နည်းစေပါတယ်နော် ။ဒီလောက်ကောင်းတဲ့ နနွင်းဟာ သင့်လက်တကမ်းမှာ ရှိနေတာပါ ။ 
 
မသိသူကျော်သွား သိသူဖော်စားတဲ့ ။နနွင်းကိုု အဝင်ကောင်းအောင် လုုပ်နည်း အမျိုးမျိုးတော့ ရှိမှာပါ ။ကတိသစ္စာတည်သောအခါ နွယ်မြင်သစ်ပင် ဆေးဘက်ဝင်သည်လိုု့ အဆိုုရှိတဲ့ အတွက်ကြောင့် သစ္စာရှိသော ရောင်းတဲ့ အသည်ဆီက နနွင်းမှုန့် အစစ်ကိုုတော့ ဝယ်ဘိုု့လိုုပါလိမ့်မယ်နော် ။

နိုု့မိုု့ရင် ဆန်မှုန့်ကိုု အဝတ်ဆိုုးဆေး ဆိုုးထားတာတွေနဲ့ တွေ့ရင်.... ပျောက်တော့ ပျောက်တယ် အသက်ဖြစ်နေပါဦးမယ် ။ဒီဆေးနည်းက အိန္ဒိယရိုုးရာ ဆေးနည်းဖြစ်ပေမယ့် မြန်မာ့ ရှေးနည်းလဲဖြစ်ပါတယ် ။တိမ်မြုတ်ပျောက်ကွယ်နေတဲ့ Golden recipe လေးပါ ။ရှေးက မီးဖွားပြီးတဲ့ မိခင်တွေ အတွက် အပူအပုုတ်တွေ စင်သွားအောင် နနွင်းကိုု လုုံးပြီး ဒီတိုုင်းသောက်ခဲ့ရတာပါ ။
 
နနွင်းရဲ့ အာနိသင်တွေ က အင်တီဘိုုက်အိုုတစ် အင်တီဆက်ပတစ် ဖြစ်တယ် အယောင်အယမ်းကျတယ် ၊ အပုုတ်စင်တယ် သွေးလည်ပတ်မှု ကောင်းတယ် ဆိုုတော့ ကိုုယ်ဝန်ဆောင်မိခင်တွေ ပြန်လည် သုုံးစွဲသင့်တဲ့ဆေးပါ ။အနာလဲ ကျက်တယ် ၊ ဖောယောင်တာတွေလဲကျတယ် ၊ လေနဲ့ ပတ်သတ်တဲ့ရောဂါတွေလဲ နိုုင်ပါတယ် ဆိုုတော့ ကျမတော့ ခလေးမွေးထားသူ မဟုုတ်ပေမယ့် စမ်းသောက်ဘိုု့့ ကြံစည်နေပါပြီ။

#ဖျော်နည်းလေးကတော့

နွားနိုု့နွေးနွေးလေးပဲဖြစ်ဖြစ် သာမာန် အပူချိန်ပဲဖြစ်ဖြစ်..တခွက်ပဲ အရင်ထည့်ပါမယ် ။ပျားရည်စစ်စစ် တဇွန်း (သိုု့) ကြိုက်သလောက်ထည့် အချိုကြိုက်ရင် ပိုုထည့် နနွင်းမှုန့် စစ်စစ် ကော်ဖီ ဇွန်းဖျားလေးနဲ့တဝက်အနံ့မွှေးအောင် သစ်ဂျဘိုုးမှုန့်လေး ဇွန်းဖျားလေးနဲ့ နဲနဲလေးဂျင်းမှုန့် စီးတီးမတ်မှာ ရနေပြီ အဲတာကလဲ ဇွန်ဖျားလေးနဲ့ ကိုုယ်ကြိုက်သလောက်သာထည့် ကျမကတော့ဂျင်းကြိုက်တယ်ပြီးရင် ခေါက်မွှေပြီးသောက်လုုိ့ရပါပြီ ။ အဓိကကတော့ ဂျင်းရယ် နနွင်းရယ် နွားနိုု့ရယ် ပဲကျန်တာကတော့ အနံ့ရယ် အရသာရယ်က အဝင်ကောင်းအောင် လျှောက်ထည့်ကြတာပါ ။
 
စမ်းသောက်ကြည့်လိုု့ အဆင်မပြေရင်တော့ နနွင်းကိုု ပျားရည်နဲ့တေပြီး အခြောက်လှန်းပြီး အလုုံးလေးတွေလုုံးပြီးသောက်မယ် ။တချိုု့နည်းတွေမှာလဲ အမှုန့် မရသူတွေ အတွက် နနွင်းတတ် ဂျင်းတတ် နဲ့ ငရုုပ်ကောင်းတွေကိုု နွားနိုု့ထဲထည့်ုုုုပြီး မီးအေးအေးလေးနဲ့ ပွက်လာတဲ့ အထိကျိုပါ ။ပွက်ပြီး ခဏလောက်နေမီးဖိုုပေါ်က ချပြီး စားပွဲပေါ်မှာပဲ အအေးခံထားပါ ။ နောက်အေးသွားပြီဆိုုရင် နိုု့ထဲက အဖတ်တွေ ကိုုဆယ်ထုုပ်ပြီး ပျားရည်နဲ့ ရောသောက်နိုင်ပါတယ်။

 


22 Nov 2017     2,081 Views




RELATED

Most Popular of Health Fix

Most Popular of Life Style