BEC-TERO TV

နျူကလီးယားလက်နက်ပစ်ရေး တရားမ၀င်အမိန့်မှန်သမျှကို လိုက်နာမည် မဟုတ်ဟု အမေရိကန်ဗိုလ်ချုပ်ပြော

22 Nov 2017     1,271 Views


နျူကလီးယားလက်နက်ပစ်လွှတ်ဖို့ သမ္မတဘက်ကပေးလာမယ့် တရားမ၀င်အမိန့်မှန်သမျှကို လိုက်နာမှာမဟုတ်ဘူးလို့ အမေရိကန်ထိပ်တန်းဗိုလ်ချုပ်တစ်ဦးက ပြောပါတယ်။နျူကလီးယား လက်နက်ဆိုင်ရာတာဝန်ယူထားတဲ့ အမေရိကန်လေတပ် ဗိုလ်ချုပ် ဂျွန်ဟိုင်တန်က ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့နိုင်ငံတကာလုံခြုံရေးဖိုရမ်မှာအခုလိုပြောခဲ့တာပါ။

သမ္မတဘက်က နျူကလီးယားလက်နက်သုံးဖို့ အမိန့်ပေးလာမယ်ဆိုရင် အခြားနည်းနဲ့ဖြေရှင်းနိုင်မယ့်ရွေးချယ်စရာအခြေအနေတွေကို သမ္မတကိုအကြံပေးပြောကြားသွားမယ် လို့လည်း သူကဆိုပါတယ်။သမ္မတဘက်က တရားမ၀င်တဲ့အမိန့်ကိုပေးလာမယ်ဆိုရင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆန့်ကျင်လို့ အရေးယူခံရမယ့်အရေးကို ထည့်တွက်မှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။နျူကလီးယားလက်နက်ပစ်လွှတ်မိန့်နဲ့ပတ်သက်လို့ အမေရိကန်သမ္မတမှာ ဘယ်အတိုင်းအတာအထိအာဏာရှိနေလဲဆိုတာကို ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်အထက်လွှတ်တော် အမတ်တွေဆွေးနွေးခဲ့ပြီးတဲ့နောက် ဗိုလ်ချုပ်ဟိုင်တန်က အခုလို မှတ်ချက်ပြုပြောဆိုခဲ့တာပါ။

သမ္မတထရမ့်ဟာ နျူကလီးယားကို မဆင်မခြင်ပစ်လွှတ်မိန့်ပေးသွားမှာကို စိုးရိမ်မိတယ်လို့ အမေရိကန်လွှတ်တော်အမတ်တွေကအစောပိုင်းမှာပြောထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ကို ထိခိုက်မှုတွေရှိလာစေမယ်ဆိုရင် နျူကလီးယား လက်နက်ပစ်လွှတ်သွားမယ်လို့ ပြီးခဲ့တဲ့သြဂုတ်လမှာ သမ္မတထရမ့်ကပြောဆိုခဲ့ပါတယ်။ပင်တဂွန် စစ်ဌာနချုပ်ဘက်ကတော့ ဗိုလ်ချုပ်ဂျွန်ဟိုင်တန်ရဲ့ပြောစကားအပေါ် မှတ်ချက်ပေးခြင်းမရှိပါဘူး။

https://www.facebook.com/GoodMorningMyanmarLive/videos/2152567311436054/

 


22 Nov 2017     1,271 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS