BEC-TERO TV

ဖက်ရှင်လောကရဲ့ အမြင်ကိုပြောင်းလဲပစ်ခဲ့တဲ့ လူပုမော်ဒယ်မလေး

22 Nov 2017     1,826 Views


ဖက်ရှင်မော်ဒယ်ဖြစ်ဖို့ အခြေခံအားဖြင့် မဖြစ်မနေလိုအပ်တာက သူများထက်သာလွန်တဲ့ အရပ်အမောင်းရှိရမယ်ဆိုတာ လူတိုင်းလက်ခံနားလည်ပြီးသား ကိစ္စဖြစ်ပါတယ်။
ဒါပေမယ့် တော်ရုံတန်ရုံ အရပ်အမောင်းလောက်နဲ့ မော်ဒယ်လုပ်ဖို့မစဉ်းစားနဲ့ တောက်ချလိုက်မယ် ဆိုတဲ့ အတွေးအမြင်မျိုးတွေကို Dru Presta ဆိုတဲ့ လူပုမလေးက ဖက်ရှင်လောကထဲကနေ ဆွဲခွာချနိုင်ခဲ့ပြီး ဖက်ရှင်လောကရဲ့ အမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။



အသက် ၂၀ အရွယ် Dru Presta ဟာ မွေးရာပါ လူပုလေးဖြစ်ပြီး သူမရဲ့အရပ်ဟာ ၃ ပေ ၄ လက္မပဲ ရှိပါတယ်။ တစ်ကယ်တော့ သူမဟာ လူပုမျိုးရိုးမရှိပဲ မိသားစုနဲ့ မွေးချင်းတွေထဲမှာ သူမတစ်ယောက်ပဲ လူပုလေးဖြစ်နေတာပါ။


သူများနဲ့မတူ တမူထူးခြားစွာ ပုပျတ်နေတာကြောင့် ငယ်စဉ်ထဲက နေရာတကာမှာ လှောင်ပြောင်အနိုင်ကျင့်တာကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ဖက်ရှင်မော်ဒယ်ဖြစ်ချင်တဲ့ သူမရဲ့ စိတ်ဓါတ်ကတော့ ဘယ်တော့မှ လျော့မသွားခဲ့ပါဘူး ဒါကြောင့်လဲ အခုဆိုရင် သူမဟာ အောင်မြင်နေတဲ့ ဖက်ရှင်မော်ဒယ်တစ်ယောက်လို့ ပြောလို့ရနေပါပြီ။


ဖက်ရှင်လောကက အားလုံးကိုမခွဲခြားပဲ လက်ခံပေးစေချင်ပါတယ်။ အားလုံးကို သူများတွေလိုပဲ လျှောက်လမ်းပေါ်မှာ လျှောက်ခွင့်ရစေချင်ပါတယ်၊ ဘီးတက်ကုလားထိုင်နဲ့ပဲဖြစ်ဖြစ်၊ ချိုင်းထောက်နဲ့ပဲ ဖြစ်ဖြစ်ပါ အားလုံးကို အတားအဆီးမရှိစေချင်ပါဘူး” လို့ သူမရဲ့ အမြင်ကို ပြောပြပါတယ်။


သူမဟာ မွေးရပ်မြေ Reno, Nevada ကနေ ဖက်ရှင်လောကကို ဝင်ရောက်ဖို့ လောစ့်အိန်းဂျလိစ်ကို ရောက်ရှိလာခဲ့ပြီး အခုအခါ အတော်အတန်နာမည်ရနေတဲ့ အသ်မှတ်ပြု မော်ဒယ်တစ်ဦးဖြစ်နေပါပြီ။

သူမရဲ့ ဖက်ရှင်စတိုင်ပုံလေးတွေ အားပေးပါဦး။

 




 


22 Nov 2017     1,826 Views




RELATED

Most Popular of Special or Others

Most Popular of Life Style