BEC-TERO TV

ချစ်သူက Surprise လုပ်တဲ့ နေရာမှာဆရာမကြီးပါလို့ ပြောလိုက်တဲ့ ကောင်းပြည့်

23 Nov 2017     1,433 Views


ကောင်းပြည့်နဲ့ သန္တာဗို တို့နှစ်ယောက် ဟာ ချစ်သူသက်တမ်း ၅နှစ်ကျော် လာပြီလဲ ဖြစ်ပါတယ် ။ စက်တင်ဘာ မှာ ၂၉ နှစ်ပြည့်ခဲ့တဲ့ ကောင်းပြည့် အတွက် ချစ်သူ သန္တာဗို က Surprise မွေးနေ့ပွဲလေး ဖန်တီးပေးခဲ့တယ်လို့လဲ သိရပါတယ်။ ကောင်းပြည့်ကလဲ ချစ်သူက Surprise လုပ်တဲ့နေရာမှာ ဆရာမကြီး ပါလို့ ပြောထားပါသေးတယ် ။

“သန္တာဗို surprise လုပ်တာလေးတွေက ကျွန်တော့အတွက် အမှတ်တရ ပိုဖြစ်စေတယ် မွေးနေ့ပဲ ဖြစ်ဖြစ် Anniversary ပဲ ဖြစ်ဖြစ် သူက surprise လုပ်တာ တအားတော်တယ် ။ တခါ တလေ မထင်ထားတဲ့ ပျော်ရွှင်မှုတွေကို သူက Surprise အနေနဲ့ ပေးခဲ့တာများပါတယ် ။ ဒါတွေက ကျွန်တော့ အတွက်တော့ အမှတ်ရစေမယ့် အရာလေးတွေပေါ့ ။ ကျွန်တော့ ဘက်က surprise လုပ်ချင်တာ စိတ်ထဲမှာပဲ ရှိတယ် ။ သူ့လောက် ကျွန်တော် မလုပ်တတ်ဘူး ။ တကယ်လည်း လုပ်ပေးချင်တဲ့ အရာတစ်ခုတော့ရှိတယ် ။ သူ့လို အနုအရွလေးတွေတော့မဟုတ်ဘူး ။ ကျွန်တော်တို့နှစ်ယောက်အတွက် ရည်းမှန်းထားတဲ့ အရာတစ်ခုကိုတော့ ထူးထူးခြားခြား ဘ၀မှာတစ်ခါတည်း ပေးချင်တာမျိုးရှိတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ် ။ 

Credit:popular


23 Nov 2017     1,433 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment