BEC-TERO TV

အမြင့်ဆုံးရင်ခုန်သံတွေနဲ့ Duet Theme

25 Nov 2017     15,217 Views


      ဒီတစ်ပတ် Duet Theme ဟာဆိုရင် The X Factor Myanmar 2017 ဆိုတဲ့ ခရီးစဉ် အရှည်ကြီးရဲ့ နောက်ဆုံး  ပြိုင်ပွဲပဲဖြစ်ပါတယ်။ ဒီနေ့တော့ ပြိုင်ပွဲဝင်အားလုံးက နောက်ဆုံး Final ကို ဆက်လက်ပါဝင်နိုင်ဖို့ အကြိတ်အနယ် ကြိုးစားသီဆို ယှဉ်ပြိုင်ခဲ့ကြပါတယ်။

      Duet Theme ပြိုင်ပွဲ မစခင်မှာ ပြိုင်ပွဲဝင်တွေလိုပဲ ဒိုင်လူကြီး လေးယောက်လုံးကလည်း စိတ်လှုပ်ရှား နေခဲ့ပါတယ်။ ကိုဇဝါကတော့ ပွဲပြီးဖို့ နီးလာလို့ ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်မှုတွေက ပိုကောင်းလားပြီး ပိုစိတ်လှုပ်ရှားဖို့ ကောင်းလာပြီး ဘယ်သူ့ကိုမှ အိမ်ပြန်မလွှတ်ချင်တဲ့ စိတ်ကပိုများများလာနေလို့ စိတ်လှုပ်ရှားနေတယ်လို့ ပြောခဲ့ပါတယ်။  မဇမ်နူးကတော့ ကျန်တဲ့ ပြိုင်ပွဲဝင်တွေကို အကောင်းဆုံး ယှဉ်ပြိုင်စေကြ စေချင်သလို ဒီနေ့ Duet Theme က စုံတွဲလေးတွေနဲ့ ယှဉ်ပြိုင်ကြရမှာ ဆိုတော့ တစ်ဦးချင်းစီရဲ့ အရည်အချင်းကို သိနိုင်မှာမလို့ စိတ်လှုပ်ရှားနေကြောင်းပြောခဲ့ပါတယ်။ မငယ်ငယ်ကတော့ သူ့ရဲ့ Boys Category က ကျန်နေသေးတဲ့ ပြိုင်ပွဲဝင်နှစ်ယောက်လုံးက အရမ်းကြိုးစားတာကို မြင်နေတာကြောင့် နောက်ဆုံး Final အထိ တက်လှမ်းခွင့်ရစေချင်သလို တက်လှမ်းခွင့် ရမယ်လို့လည်း ယုံကြည်နေကြောင်း ပြောခဲ့ပါတယ်။ ကိုစည်သူလွင်ကတော့ နှစ်ယောက်တွဲ ယှဉ်ပြိုင်ရတဲ့အခါ သီဆိုနေတဲ့ နှစ်ယောက်က စိတ်ချင်းဆက်ဖို့လည်းလိုသလို အပေးအယူမျှဖို့လည်း လိုတာမလို့ ပြိုင်ပွဲဝင်တွေ ဘယ်လိုယှဉ်ပြိုင်မလဲ ဆိုတာကို စိတ်ဝင်စားနေမိတယ်လို့ ပြောခဲ့ပါတယ်။

       ဒိုင်လူကြီးလေးယောက်ရဲ့ မှတ်ချက်အပြီးမှာတော့ David Derrick (X11) က ပြီးခဲ့တဲ့ The X Factor Myanmar ဝိုင်းတော်သားတစ်ဦး ဖြစ်တဲ့ ခရစ္စတီးနားမယ်ရီအောင်နဲ့ အတူ တေးရေး - နေထိုက်စိုး ရေးထားတဲ့ “အချစ်ဦး”ဆိုတဲ့ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ ခရစ္စတီးနားမယ်ရီအောင်ကတော့ အလုပ်ကို အာရုံစိုက်ပြီး ကြိုးစားပြီးသေချာလုပ်တာကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတာကြောင့် သူနောက်ဆုံး Final မှာ ဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။

 

       G Mine Nar (X10) ကလည်း အဆောင်ရှေ့မှာ သီချင်းအတူတူဆိုနေကြ သူငယ်ချင်းအရင်းကြီးလည်းဖြစ် The X Factor Myanmar ရဲ့ ဝိုင်းတော်သား တစ်ဦးလည်းဖြစ်တဲ့ ထွန်းနောင်ဆင့်နဲ့ အတူတူ တေးရေး - မောင်သစ်မင်း ရေးထားတဲ့ “အချစ်ခေါ်သံ” သီချင်းကို အတွဲတွဲညီညီ အပေးအယူမျှမျှနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ ထွန်းနောင်ဆင့်ကတော့ သူ့သူငယ်ချင်းနဲ့ အတူတူစတိတ်စင် ပေါ်မှာ သီဆိုဖျော်ဖြေခွင့်ရလို့ အရမ်းကိုဝမ်းသား ဂုဏ်ယူမိသလို အရမ်းလည်းပျော်နေခဲ့ကြောင်း ပြောခဲ့ပြီး ပရိသတ်ကြီးကိုလည်း အခုနောက်ပြိုင်ပွဲအထိရောက်လာတဲ့ သူငယ်ချင်း G Mine Nar အတွက် Voting တွေ အများကြီးပေးကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

 

         ဒီတစ်ပတ် Oxygen (X06) အဖွဲ့ကတော့ ပြီးခဲ့တဲ့ အပတ်က နေမကောင်းလို့ ဆေးရုံတက်နေရတဲ့ နလံထကာစ မျိုးဆက်လည်း ပြန်ပါလာတော့ လူစုံတက်စုံဖြစ်နေကြတဲ့ အပြင် နောက်ထပ် The X Factor Myanmar ရဲ့ ဝိုင်းတော်သားတစ်ယောက်ဖြစ်တဲ့ ဇော်ခွန်ကလည်း ဝိုင်းဝန်းအားဖြည့်ပြီး လေးယောက်အတူတူ တေးရေး - နောင်နောင် (S.F) ရေးထားတဲ့ “ယဉ်ယဉ်လေးရူး” ဆိုတဲ့ သီချင်းကို အားလုံး တက်ညီလက်ညီနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ တစ်နေ့လုံးအဖျားတက်နေပေမယ့်လည်း သီချင်းဆိုခါနီး နေကောင်းသွားတဲ့ ဇော်ခွန်က အခုလို Oxygen အဖွဲ့ကို အားဖြည့်သီဆိုခဲ့ရလို့ အရမ်းဝမ်းသာပြီး သူတို့ သုံးယောက်လုံး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

     International Theme တုန်းက ကျားသစ်မလေးဖြစ်ခဲ့တဲ့ ယမုံ (X03) ကတော့ ဒီတစ်ပတ်မှာ ကဗျာ အရမ်းဆန်နေခဲ့ပါတယ်။ စတိတ်စင်ပေါ်က အသည်းပုံကြီးတွေ ပန်းခင်းကြီးတွေကြားထဲမှာ The X Factor Myanmar ဝိုင်းတော်သားတွေလည်းဖြစ် သူငယ်ချင်းလည်းဖြစ်တဲ့ ဇွန်ဝေယံနဲ့ အတူတူ တေးရေး - မြင့်မိုးအောင် ရေးထားတဲ့ “မြစ်နှစ်စင်းရဲ့ပင်လယ်” ဆိုတဲ့ သီချင်းကို ရိုမန်တစ်ဆန်ဆန်လေး ဖျော်ဖြေခဲ့ပါတယ်။ သူငယ်ချင်းဖြစ်တဲ့ ယမုံ့ကို အခုလို တစ်ဖက်တစ်လမ်းက ပါဝင်ကူညီပေးခွင့် ရလို့ အရမ်းဝမ်းသာဂုဏ်ယူမိနေတဲ့ ဇွန်ဝေယံက သူ့သူငယ်ချင်းနောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ Voting တွေ များများပေးကြဖို့ ပရိသတ်ကြီးကို တိုက်တွန်းခဲ့ပါတယ်။ ဇွန်ဝေယံတိုက်တွန်းခဲ့သလိုပဲ ကိုစည်သူလွင်ကလည်း သူဒိုင်လုပ်တဲ့ အချိန်မှာ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ တောင်းဆိုမှုကို ယမုံအတွက် လုပ်ပေးခဲ့ပါတယ်။ အဲဒါကတော့ ယမုံကို Voting တွေ အများကြီး ပေးဖို့ ပရိသတ်ကြီးကို တောင်းဆိုခဲ့တာပါပဲ။

     ဒီစနေနေ့ကတော့ The X Factor Myanmar ပြိုင်ပွဲဝင်တွေ အကုန်လုံးက ပရိသတ်ကြီးကို သူတို့ အစွမ်းကုန် ကြိုးစားထားတာတွေကို ပြသရင်း ဇာတ်ရှိန်တင်သွားခဲ့ပြန်ပါတယ်။ အဲဒါကြောင့်လည်း မနက်ဖြန် Result Show အတွက် ပိုရင်ခုန်ရပါတယ်။ မနက်မှာ နောက်ဆုံးကျန်ရှိနေမယ့်သုံးဦး အားလုံးပျော်ရမှာဖြစ်သလို အိမ်ပြန်ရမယ့် တစ်ဦးအတွက်လည်း ကြိမ်းသေဝမ်းနည်းရဦးမှာပါ။ ပရိသတ်ကြီးလည်း ပျော်ရွှင်ဖို့အတွက်ရော ဝမ်းနည်းဖို့ အတွက်ရော စိတ်ကိုပြင်ဆင်ရင်း မနက်ဖြန်လာမယ့် Result Show ကို Popolay နဲ့ အတူတူ စောင့်မျှော်ကြည့်ရှု အားပေးကြရအောင်နော်။

Voting ပေးမယ်ဆိုရင်တော့ MPT - 8606, Telenor - 6666 နဲ့ ooredoo - 6002 တို့ကို SMS Voting ပေးပို့လို့ပြီး www.facebook.com/xfactormyanmar မှာလည်း Vote လုပ်လို့ရပါတယ်။

 


25 Nov 2017     15,217 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of TV SHOW