BEC-TERO TV

အားလုံးရှော့ခ်ရခဲ့တဲ့ Result Show

26 Nov 2017     50,612 Views


       ဒီနေ့ The X Factor Myanmar “Duet Week” ရဲ့ Result Show ကတော့ ဒိုင်လူကြီးတွေကို အကျပ်ရိုက်စေ ခဲ့ပြီး ပြိုင်ပွဲဝင်ရော ပရိသတ်တွေပါ ရှော့ခ်ရခဲ့ကြတဲ့ Show တစ်ခု ဖြစ်သွားခဲ့ပါတယ်။

      ဒီနေ့ပြိုင်ပွဲ မစခင်က ကိုဇဝါကတော့ သူရဲ့ Group Category ဖြစ်တဲ့ Oxygen အဖွဲ့ကို မနေ့ကယှဉ်ပြိုင်သွား တာကို သိပ်အားမရခဲ့ပေမယ့် ပရိသတ်ဆီက Voting တွေကြောင့် အများကြီးမျှော်လင့်မိနေတယ်လို့ပြောခဲ့ ပါတယ်။ မဇမ်နူးကတော့ သူ့ရဲ့ Category က ဘယ်သူမှမရှိတော့ပေမယ့် ကျန်နေတဲ့ ပြိုင်ပွဲဝင်တွေအားလုံး မနေ့တုန်းက ယှဉ်ပြိုင်မှုမှာ ကြိုးစားပမ်းစားနဲ့ အင်တိုက်အားတိုက်အစွမ်းကုန် ဖျော်ဖြေယှဉ်ပြိုင်ခဲ့ကြတာကြောင့် ဘယ်သူကိုမှပြန်မလွှတ်ချင်ပါဘူးလို့ ပြောခဲ့ပါတယ်။ မငယ်ငယ်ကတော့ သူ့ရဲ့ Boys Category က နှစ်ယောက်လုံးက အရမ်းကြိုးစားကြတော့ နှစ်ယောက်လုံးကို ဆက်ရှိနေစေချင်ပြီး ဖြစ်နိုင်ရင် လေးယောက်လုံး ကို တင်ပေးချင်တယ်လို့ ပြောခဲ့ပါတယ်။ ကိုစည်သူလွင်ကတော့ အခုကနောက်ဆုံးပွဲစဉ်ဆိုတော့ တခြားပွဲစဉ်တွေထက် ပိုပြီးရင်ခုန်နေပြီး သူ့ရဲ့ Overs Category က ကျန်ရှိနေသေးတဲ့ ယမုံကလည်း မနေ့က ပြိုင်ပွဲမှာ အရမ်းကြိုးစားထားတာ တွေ့လို့ Final ကို ဆက်လက်လျှောက်လှမ်းရမယ်လို့ ယုံကြည်နေမိသလို ယုံကြည်တဲ့အတိုင်းလည်း ဖြစ်စေချင်တယ်လို့ပြောခဲ့ကြပါတယ်။

     ပြိုင်ပွဲအစမှာတော့ The X Factor Myanmar ရဲ့ ထုံးစံအတိုင်း ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင်လေးယောက်က တေးရေး - ထူးအိမ်သင်နဲ့ကြွက်နီရေးထားတဲ့ “မဆုံးတဲ့သီချင်း” ဆိုတဲ့ သီချင်းကို Group Song အဖြစ် အားလုံး တက်ညီလက်ညီနဲ့ အပေးအယူမျှမျှ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

    Group Song သီဆိုဖျော်ဖြေမှု အပြီးမှာတော့ The X Factor Myanmar 2016 ရဲ့ Top3 ဖြစ်တဲ့ ဇော်ခွန်က တေးရေး - စံပီးရေးထားတဲ့ “အမှတ်ရနေမှာပါ”၊ Top2 ဖြစ်တဲ့ ဇွန်ဝေယံက တေးရေး - သော်မိုးစက်ရေးထားတဲ့ “သစ္စာမပျက်ကြေး”၊ Top4 ဖြစ်တဲ့ ခရစ္စတီးနားမယ်ရီအောင်က တေးရေး - မင်းချစ်သူရေးထားတဲ့ “အကြင်နာစစ်ရင်”၊ Top1 ဖြစ်တဲ့ ထွန်းနောင်ဆင့်က တေးရေး - သွန်းပူရေးထားတဲ့ “ယုံကြည်ရာ” ဆိုတဲ့ သီချင်းတွေနဲ့ အသီးသီးသီဆို ဖျော်ဖြေခဲ့ကြပါတယ်။ သူ့တို့အားလုံး ပြိုင်ပွဲဝင်နေတာ မဟုတ်ဘဲ အခုလိုဒီစတိတ် ပေါ်မှာ နောက်တစ်ခေါက်သီဆို ဖျော်ဖြေနေရတာတောင် အခုထိရင်ခုန် စိတ်လှုပ်ရှားနေ တုန်းပဲလို့ ပြောရင်းပြိုင်ပွဲဝင်တွေအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

 

   သီဆိုဖျော်ဖြေမှုတွေ အားလုံးပြီးသွားတဲ့ အခါမှာတော့ Voting Result တွေကို ကြေငြာခဲ့ပါတယ်။ ပရိသတ်ဆီက Voting Result တွေအရ ယမုံ (X03) နဲ့ Oxygen (X06) တို့က Final ပွဲကို လွတ်လွတ် ကျွတ်ကျွတ် ဆက်လျှောက်လှမ်းခွင့်ရသွားပြီး G Mine Nar (X10) နဲ့ David Derrick (X11) တို့ နှစ်ယောက် ကတော့ Buttom ထိုင်ခဲ့ရပါတယ်။ တကယ်မထင်မှတ်ထားတဲ့ နှစ်ယောက်မလို့ ပြိုင်ပွဲဝင်တွေ ကိုယ်တိုင်လည်း ရှော့ခ် ရသွားသလို ပရိသတ်အချို့လည်း ငိုနေခဲ့တာကိုတွေ့ခဲ့ရပါတယ်။ မငယ်ငယ်ကလည်း သူ့ရဲ့ Boys Category က နောက်ဆုံးကျန်ခဲ့တဲ့ နှစ်ယောက်က နောက်ဆုံးပွဲစင်မှာ အခုလို Buttom ထိုင်ရတော့ မငယ်ငယ်လည်း အရမ်းရှော့ခ်ရသွားခဲ့ပေမယ့် စိတ်လှုပ်ရှားနေတဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ကို သားတွေလိုဖြစ်နေတာမလို့ အမေတစ်ယောက်ရဲ့ စိတ်မျိုးနဲ့ကိုယ်စိတ်လှုပ်ရှားနေတာကို ထိန်းချုပ်ရင်း နှစ်ယောက်လုံးကို စိတ်အေးအေး ထားကာ ဖျော်ဖြေနေတယ်လို့ သဘောထားပြီး သီဆိုဖို့ပြောခဲ့ပါတယ်။

   မငယ်ငယ်ရဲ့ အားပေးစကားအပြီးမှာတော့ G Mine Nar (X10) က တေးရေး - မြင့်မိုးအောင်ရေးထားတဲ့ “သီချင်းမဲ့ဂစ်တာ”၊ David Derrick ကတော့ တေးရေး - ရယ်ဂျီရေးထားတဲ့  “မလာပါနဲ့” စတဲ့ သီချင်းတွေနဲ့ Save Song ကို သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ Save Song သီဆိုယှဉ်ပြိုင်မှု အပြီးမှာတော့ ဒိုင်လူကြီးတွေ အဆုံးအဖြတ်ပေးရမယ့် အချိန်ကို ရောက်လာခဲ့ ပါတယ်။

      ပထမဆုံး ကိုဇဝါက အားလုံးကိုပြန်မလွှတ်ချင်ပေမယ့်လည်း ပြိုင်ပွဲရဲ့စည်းကမ်းကြောင့် ပြန်ကိုလွှတ်ရမှာ ဆိုတော့ သူ့ဆန္ဒအရ G Mine Nar ကို အိမ်ပြန်လွှတ်ပြီး David Derrick ကို Save ခဲ့ပါတယ်။ ဒုတိယအနေနဲ့ မငယ်ငယ်ကရွေးချယ်မှာတော့ ဝဲတက်လာတဲ့မျက်ရည်တွေကို ထိန်းချုပ်ရင်း G Mine Nar ရော David Derrick ရော နှစ်ယောက်လုံးက သားတွေလို ဖြစ်နေတာကြောင့် မျက်နှာမလိုက်ချင်ဘဲ အခုအခြေအနေအရ မဲမရသေးတဲ့ G Mine Nar ကို ရွေးပြီး David Derrick ကို အိမ်ပြန်လွှတ်ခဲ့ပါတယ်။ တတိယမဲကို မဇမ်နူးက ရွေးချယ်ရာမှာတော့ အခု Buttom ထိုင်ရတဲ့ နှစ်ယောက်လုံးက တကယ်သဘောကျတဲ့ ပြိုင်ပွဲဝင်တွေဖြစ် တာကြောင့် အခုလိုအခြေအနေမျိုးကို အရမ်းစိတ်မကောင်းဖြစ်ကြောင်းပြောရင်း G Mine Nar ကို အိမ်ပြန် လွှတ်ပြီး David Derrick ကို Save ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ကိုစည်သူလွင်က အဆုံးအဖြတ်ပေးတဲ့ အခါမှာတော့ ဒီပြိုင်ပွဲက နောက်ဆုံးပြိုင်ပွဲဖြစ်နေတာကြောင့် ဒီတစ်ခါဆုံးဖြတ်ရတာ အရမ်းကိုခက်ခဲသလို အရမ်းကို တာဝန်ကြီးတဲ့ အချိန်ဖြစ်တာကြောင့် ခက်ခဲတဲ့ကြားကပင် G Mine Nar ကို အိမ်ပြန်လွှတ်ပြီး David Derrick ကို Save ခဲ့တာကြောင့် ဒီနေ့ Result Show မှာ David Derrick က Final ပွဲကို ဆက်လျှောက်လှမ်း ခွင့်ရသွားပြီး G Mine Nar ကတော့ အိမ်ပြန်သွားခဲ့ရပါတယ်။ မငယ်ငယ်ကတော့ G Mine Nar ကို ဒီလောက် လူတွေ အများကြီးကြားထည့်က ဒီအခြေအနေထိရောက်ခဲ့တာကြောင့် စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားဖို့နဲ့ ဒီထက်အများကြီး အောင်မြင်ပါစေဆိုပြီး မျက်ရည်တွေနဲ့ အတူ နှုတ်ဆက်စကားပြောခဲ့ပါတယ်။

     ဒီနေ့ Result Show ကတော့ မငယ်ငယ်ဝမ်းနည်းသလို G Mine Nar ဝမ်းနည်းသလို ပရိသတ်ကြီးလည်း ထပ်တူဝမ်းနည်းခဲ့ရလိမ့်မယ်လို့ ထင်မိပါတယ်။ နောက်တစ်ပတ်ကတော့ Final ပွဲစဉ်ဖြစ်ပြီဆိုတော့ ဘယ်သူမှ အိမ်ပြန်လွှတ်မခံရတော့တာမလို့ ဒီနေ့လိုမျိုး ထပ်ဝမ်းနည်းရမှာ မဟုတ်တော့ပါဘူး။  ဒါပေမယ့်လည်း နောက်ဆုံး ပြိုင်ပွဲဆိုတော့ Top1 ကို ဘယ်သူကများ ဆွတ်ခူးနိုင်မလဲ ဆိုတာတော့ ဆက်လက်မျှော်လင့် ရင်ခုန်ရဦးမှာပေါ့နော်။

     နောက်တစ်ပတ်လာမယ့် The X Factor Myanmar ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ The X Factor Myanmar 2017 Final Show ကို Popolay နဲ့ အတူတူ ရန်ခုန်ရင်း စောင့်မျှော်ကြည့်ရှုကြရအောင်နော်။


26 Nov 2017     50,612 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of TV SHOW