BEC-TERO TV

တစ်ပတ် ပေါင်၅သိန်းနဲ့ ၄နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်တဲ့ မက်ဆီ

27 Nov 2017     1,272 Views


ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနား စူပါစတား မက်ဆီဟာ အသင်းနဲ့အတူ ၂၀၂၁ခုနှစ်အထိရှိမယ့် ၄နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက် ပြီဖြစ်ပါတယ်။ အသက် ၃၀နှစ် အရွယ်ရှိတဲ့ မက်ဆီဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သူ့ကို မန်စီးတီး၊ PSG တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။ ဘာစီလိုနာအသင်းက မက်ဆီကို စာချုပ်သက် တမ်းတိုးနိုင်ဖို့ အချိန်ကြာမြင့်စွာကြိုးစားခဲ့ပြီး နောက်ဆုံးမှာ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ စာချုပ်သစ်ချုပ်ဆိုမှုကြောင့် တစ်ပတ် လုပ်ခလစာ အခွန်အပြီး ပေါင် ၅သိန်း ရရှိမှာဖြစ်ပြီး စာချုပ်ထိုးကြေး ပေါင်သန်း ၈၀လည်း ရရှိမှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက နေမာကို မထင်မှတ်ဘဲ လက်လွှတ်ခဲ့ရမှုကြောင့် မက်ဆီရဲ့ စာချုပ်သစ်မှာ လျော်ကြေးငွေအဖြစ် ပေါင်၆၂၆သန်း ( ယူရိုသန်း ၇၀၀)ကိုပါ ထည့်သွင်း ချုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီစာချုပ်ကြောင့် မက်ဆီကို ခေါ်ယူလိုတဲ့အသင်းတွေဟာ မြင့်မားတဲ့ လျော်ကြေးစာချုပ်ငွေကို ပေးချေရ မှာ ဖြစ်ပါတယ်။

စပိန်မှာ ဖော်ပြနေတဲ့ သတင်းတွေအရ မန်စီးတီး အသင်းဟာ မက်ဆီကို ပေါင် ၃၅၈သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြထားပြီး ဘာစီလိုနာအသင်းက ရောင်းရဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ မက်ဆီဟာ ဘာစီလိုနာအနဲ့အတူ လွန်ခဲ့တဲ့ ရက်ပေါင် ၄၇၈၈ ရက်မှာ ပထမဆုံး ပွဲစတင်ကစားခဲ့ပြီး ပွဲပေါင်း ၆၀၂ပွဲမှာ သွင်းဂိုးပေါင်း ၅၂၃ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ တစ်ဦးချင်း အောင်မြင်မှုအများစွာအပြင် ဘာစီလိုနာအနဲ့အတူ လာလီဂါ ချန်ပီယံ ၈ကြိမ်၊ ချန်ပီယံလိဂ် ၄ကြိမ်နဲ့ ဆုဖလားပေါင်း ၃၀ကို ဆွတ်ခူးထားသူ ဖြစ်ပါတယ်။

Credit ...BBC Burmese


27 Nov 2017     1,272 Views




RELATED

Most Popular of Football

Most Popular of Sport