BEC-TERO TV

လင်မယားခြင်းစကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးကို သံတူရွင်းဖြင့်ရိုက်သတ်

27 Nov 2017     1,262 Views


ရန်ကုန်မြို့ လသာမြို့နယ် (၁၈)လမ်း၊ လမ်းထိပ်တွင် လင်မယားခြင်း စကားများရာမှ ခင်ပွန်းဖြစ်သူက သံတူရွင်းနဲ့ရိုက်နှက်ခဲ့ရာ ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ လင်ယောက်ျားဖြစ်သူက လှိုင်သာယာမြို့နယ်မှ ဇနီးဖြစ်သူ ဈေးရောင်းချသည့် လသာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ၁၈ လမ်းသို့ ရောက်ရှိလာပြီး ဇနီးဖြစ်သူ လူမှုရေးဖောက်ပြန်သည့်ကိစ္စဖြင့် စကားများရန်ဖြစ်စဉ် သံတူရွင်းဖြင့် ရိုက်နှက်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
ရိုက်နှက်ခံရမှုကြောင့် အသက်(၃၅)နှစ်အရွယ် လှိုင်သာယာမြို့နယ်နေသူ အမျိုးသမီးတွင် ဦးခေါင်းထိပ် စုတ်ပြဲ၊ ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်များရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ (စိုရိမ်းရ)အဖြစ် တင်ပို့ကုသခဲ့ရပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။


ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရှည် ၁ ပေ ၁၀ လက်မ လုံးပတ် ၅ မူးသားခန့်ရှိ သံတူရွင်းအား သိမ်းဆည်းရရှိပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ် အချိန်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူ ဇင်ကိုအား တွံတေးမြို့နယ်၊ တွံတေး-မအူပင်လမ်းပေါ်ရှိ ဒကလတ်ကျေးရွာမှ ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ စာမျက်နှာတွင် ဖော်ပြထားသည်။


27 Nov 2017     1,262 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS