BEC-TERO TV

သြစတေးလျပါလီမန်အဖွဲ့ဝင်က သူ့ရဲ့လိင်တူချစ်သူကို ပါလီမန်ထဲတွင် လက်ထပ်ခွင့်တောင်း

04 Dec 2017     1,238 Views


သြစတေးလျနိုင်ငံ လစ်ဘရယ်ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Tim Wilson က သူရဲ့ လိင်တူချစ်သူ အခြားပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Ryan Bolger ကို “လက်ထပ်ပါရစေ” လို့ ပါလီမန်ထဲမှာ လိင်တူခြင်း ထိမ်းမြားမှုဆိုင်ရာ ပြင်ဆင်ဖြည့်စွက်မှု အစည်းဝေး၌ မိန့်ခွန်းပြောကြားနေစဉ် တစ်ပါတည်း ခက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လိင်တူခြင်းလက်ထပ်သူတွေအပေါ် ဒဏ်ငွေရိုက်တာကို ဆီးနိတ်လွှတ်တော်က ပယ်ဖျက်ခဲ့ပေးပြီးဖြစ်ပါတယ်။ Tim Wilson နဲ့ Ryan Bolger တို့ဟာ လွန်ခဲ့တဲ့ ၉ နှစ်ခန်းထဲက တစ်ပူးတွဲတွဲနေလာခဲ့ကြသူတွေဖြစ်ပါတယ်။

မိန့်ခွန်းပြောကြားရင်းနဲ့ Tim Wilson က “လက်ထပ်ပါရစေ”လို့ ပြောဆိုခဲ့ချိန်မှာ သူရဲ့နောက်လိုက်အဖွဲ့သားများက လက်ခုတ်တီးကာ အားပေးထောက်ခံခဲ့ကြပြီး Ryan Bolger ကလည်း မြန်မြန်ဆန်ဆန်ပင် လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အပြန်အလှန်လက်ထပ်ဖို့ သဘောတူတာကို ပါလီမန်မှာ တရားဝင်ဖြစ်အောင် မှတ်တမ်းထားစေခဲ့ပါတယ်။

Tim Wilson ဟာ လက်ထပ်ထိမ်းမြားမှု ပြင်ဆင်းရေးနဲ့ပက်သက်ပြီး တက်တက်ကြွကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှာ လိင်တူခြင်းလက်ထပ်ခွင့်ကို တရားဝင်ဖြစ်အောင် ကြိုးပမ်းလျှက်ရှိပြီး တစ်နိုင်ငံလုံးမဲပေးမှုအရ ထောက်ခံမှုမဲ ၆၂%  ဖြစ်ပြီး ကန့်ကွက်မှုက ၃၈% ပဲရှိခဲ့သော်လည်း ယင်းအဆို ပယ်ချခံခဲ့ရပါတယ်။

သြစတြေးလျရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ Malcom Turnbull က “လိင်တူခြင်းလပ်ထပ်မှုတရားဝင်ဖြစ်ရေး ဆောင်ရွက်မှုမှာ သူဟာ နိုင်ငံရဲ့ပထမဦးဆုံးခေါင်းဆောင်ဖြစ်တယ်လို့ ပါလီမန်မှာ လတ်တလောပြောကြားခဲ့ပါတယ်။
ပါလီမန်ထဲမှာ လက်ထပ်ခွင့်တောင်းတာ Tim Wilson က ပထမဦးဆုံး ပါလီမန်အဖွဲ့ဝင်တစ်ယောက် ဖြစ်တယ်လို့ ဘီဘီစီသတင်းက ရေးသားခဲ့ပါတယ်။
 


04 Dec 2017     1,238 Views




RELATED

Most Popular of International News

Most Popular of NEWS