BEC-TERO TV

အိမ်ကွင်းတွင် အနိုင်ရရှိခဲ့သည့် မန်ယူ အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ခဲ့ပြီး သရေကျခဲ့သည့် ချယ်လ်ဆီး အုပ်စုဒုတိယဖြင့် ကျေနပ်ခဲ့ရ

06 Dec 2017     1,288 Views


ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ပွဲများ ပထမနေ့ပြိုင်ပွဲများအပြီးတွင် မန်ယူအသင်းက အိမ်ကွင်းတွင် စီအက်စ်ကေအေအသင်းကို အနိုင်ရရှိခဲ့ပြီး အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်လှမ်းသွားခဲ့ပြီး ချယ်ဆီးအသင်းက အိမ်ကွင်း၌ အက်သလက်တီကို အသင်းကို သရေရလဒ်သာ ကစားနိုင်ခဲ့သောကြောင့် အုပ်စုဒုတိယဖြင့်သာ နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ရသည်။ မန်ယူအသင်းသည် စီအက်စ်ကေအေအသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် သရေရတစ်မှတ် ရရှိရုံဖြင့် အုပ်စုပထမဖြင့် နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မည်ဖြစ်သောကြောင့် ဂိုးသမားဓီဂီယာအပါအ၀င် အဓိက ကစားသမားတစ်ချို့ကို ချန်လှပ်၍ ပွဲထွက်လာခဲ့သည်။အနိုင်ရရှိမှသာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မည့် အခွင့်အရေးရရှိမည့် စီအက်စ်ကေအေအသင်းသည် အဓိက ကစားသမားအစုံအလင်ဖြင့်ပွဲထွက်လာခဲ့ပြီး ပထမပိုင်း နာကျင်အချိန်ပို၌ ဦးဆောင်ဂိုးရရှိသွားခဲ့သည်။သို့သော်လည်း အိမ်ရှင်မန်ယူအသင်းက ပွဲချိန်၆၄ နှင့် ၆၆မိနစ်တို့တွင် လူကာကူ၊ ရက်ရှ်ဖို့တို့က ချေသွင်းဂိုးနှင့် အနိုင်ဂိုးများကို ဆက်တိုက် သွင်းယူ နိုင်ခဲ့သောကြောင့်မန်ယူအသင်း ၂-၁ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
 
 
မန်ယူအသင်းသည် အုပ်စုပွဲစဉ်များအပြီးတွင် ၆ ပွဲကစား ၅ ပွဲနိုင် ၊ ၁ ပွဲရှုံးဖြင့် ရမှတ် ၁၅ မှတ်ရရှိကာ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး 
ဘေဆယ်အသင်းက ဘင်ဖီကာကို အဝေးကွင်းတွင် အနိုင်ရခဲ့ပြီး ရမှတ် ၁၂ မှတ်ရရှိကာ အုပ်စု ဒုတိယဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့သည်။
အခြားချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်များတွင် ဘိုင်ယန်မြူးနစ်၊ ရိုးမား၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ် အစရှိသည့် အသင်းကြီးများ နိုင်ပွဲကိုယ်စီရခဲ့ပြီး ချယ်လ်ဆီးနှင့်အက်သလက်တီကိုတို့ပွဲ၌ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ရိုးမားအသင်းနှင့် ရမှတ်၁၃တူညီနေပြီး ဂိုးကွာခြားချက်တွင် ၅ဂိုးအထိအသာရရှိနေခဲ့သော်လည်း ထိပ်တိုက်တွေ့ဆုံမှု၌ အရေးနိမ့်ထားသဖြင့် အုပ်စုဒုတိယဖြင့်သာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။
 
 
ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်များ ပထမနေ့ ပြိုင်ပွဲများ 
အပြီး၌ မန်ယူ၊ PSG၊ ရိုးမား၊ ဘာစီလိုနာတို့က အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်တက်ခဲ့ပြီး ဘေဆယ်၊ ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီး၊ ဂျူဗင်တပ်စ်များက အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းခဲ့သည်။ ကျန်ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်များကို ဒီဇင်ဘာ၇ရက် နံနက်အစောပိုင်းတွင် ဆက်လက် ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ 
 
 
 Credit .... Pyi Myanmar

06 Dec 2017     1,288 Views




RELATED

Most Popular of Football

Most Popular of Sport