BEC-TERO TV

မန္တလေးက ဓါတ်ဆီဆိုင်ကြီးအချို့ ဆီခိုးတယ်တဲ့ သိပြီးကြပလား...

06 Dec 2017     1,241 Views


မန္တလေးမြို့က ဓါတ်ဆီဆိုင်ကြီးတစ်ခုမှာ ကိုယ်တိုင်ဆီခိုးခံခဲ့ရသူ သတင်းထောက်တစ်ဦးက သူရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှာ အားလုံးသတိထားနိုင်အောင် အောက်ပါအတိုင်း ရေးသားသတိပေးခဲ့ပါတယ်။

မန္တ​လေးမြို့က ဓာတ်ဆီဆိုင်ကြီး ဆီခိုးပါတယ်ဆိုတာကို သက်သေပြနိုင်ခဲ့တယ်
မန္တ​လေးမြို့ ၇၈ လမ်း၊ ၃၉×၄၀ လမ်းကြားလောက်က ဓာတ်ဆီဆိုင်ကြီးတစ်ဆိုင်မှာ ဆီဝင်ဖြည့်တယ်။
အောက်တိန်း နှစ်ထောင်ဖိုးဖြည့်တာ ပိုက်ဆံထုတ်နေလို့ စက်ကို မကြည့်မိလိုက်ဘူး။ စက်ဖွင်ပြီး မောင်းလိုက်တော့ ဆီဂိတ်က တစ်တုံးပဲတက်တယ်။ ဆီဈေးက သုံးထောင့်ခုနှစ်ရာနဲ့ ဘယ်လောက်ဆိုလဲ မမှတ်မိတော့ဘူး။

ဒီဈေးနဲ့ဆိုလည်း နှစ်လီတာခွဲလောက် ရရမယ်။ ဒိုင်ခွက်မှာ တုံးနှစ်တုံးကျော်ရမယ်။ ဆီလက်ကျန်က လီတာဝက်လောက်ရှိတယ်။ ချက်ချင်းပဲ မန်နေဂျာကို ခေါ်ခိုင်းပြီး စစ်ဆေးခိုင်းလိုက်တယ်။ တိုင်ကီထဲကဆီတွေ ပြန်စုပ်ထုတ်ပြီး ပြန်ချင်ခိုင်းတယ်။ နှစ်လီတာပိုပိုပဲရှိတယ်။ ဒါပဲလေ အနည်းဆုံး သုံးလီတာ ရှိနေရမယ်။ သူတို့ဆိုင်က ဆီခိုးပါတယ်ဆိုတာကို သက်သေပြနိုင်ခဲ့တယ်။

မန်နေဂျာကလည်း ဝန်ခံတယ်။ သူ့ဝန်ထမ်းတွေ မရိုးမသား လုပ်တာပါတဲ့။ ပြောချင်တာက ကျွန်တော်တို့တွေ အရာရာမှာ ငုံ့ခံခဲ့ပေါင်းများပြီ။ မဖြစ်စလောက်ငွေကလေးနဲ့ စိတ်အရှုပ်ခံ၊ တစ်ဘက်သား အလုပ်ထိခိုက်နစ်နာအောင် မလုပ်ချင်ပါဘူးလေ ဆိုတာနဲ့ပဲ မပြောဖြစ်ပါဘူး။

ဒီနေ့တော့ အဲ့ဒီအငုံ့စိတ်ကြီးကို ဖြေချလိုက်ပြီ။ အဲ့လိုပဲ ဘယ်သူမှ ငုံ့မခံကြတော့ဘူးဆိုရင် သူတို့ နောက်မလုပ်ရဲတော့ဘူးပေါ့။ ကိုယ့်ဘက်က မှန်ကန်တယ်ဆို ပြန်ပြောရဲတဲ့ သတ္တိရှိကြစမ်းပါလို့။
ပြီးတော့ မန်နေဂျာကို ပြောခဲ့သေးတယ်။ သုံးလေးရာဖိုးလောက်နဲ့ ဘာလို့ အချိန်ကုန်ခံ လေကုန်ခံ စိတ်အနှောက်အယှက်ဖြစ်ခံပြီး ပြောရသလဲဆို သတင်းထောက်ဖြစ်နေလို့ ပြည်သူတွေကိုယ်စား ဖြေရှင်းတာလို့။
(PS: မန္တ​လေးတစ်မြို့လုံး ဒီတစ်ဆိုင်တည်း လုပ်နေတယ်လို့ မသတ်မှတ်စေလိုပါ။ ဆိုင်တော်တော်များများ ဒီအတိုင်းပါပဲ။ မရှင်းဖြစ်သေးတာပါ)။

မောင်မောင်မြတ်သူ
 


06 Dec 2017     1,241 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS