BEC-TERO TV

လယ်စောင့်တဲတွင် ချိန်းတွေ့နေသော သမီးရည်းစားစုံတွဲအား လူငယ်တစ်စုမှ ဝိုင်းရိုက်

07 Dec 2017     1,292 Views


ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် တာဝေမီးစက်အနောက်ဘက် လယ်စောင့်တဲ့အနီးချိန်းတွေ့သည့် သမီးရည်စားစုံတွဲအားလူငယ်တစ်စုမှ ဝိုင်းရိုက်သည့်ဖြစ်စဉ် ဒီဇင်ဘာ ၄ ရက်နေ့ည ၈ နာရီက ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ မနု(အမည်ပြောင်း) (၂၈နှစ်)သည် နေအိမ်မှ ရည်စားဖြစ်သူ ကိုဇော်ဌေးနှင့် တွေ့ဆုံရန် အာခါဈေးအနီးသို့ ထွက်လာခဲ့ပြီး နှစ်ဦး ချိန်းတွေ့နေကျ ဝိန်းကျောက်ရပ်ကွက်၊ တာဝေမီးစက်အနောက်ဘက် လယ်ကွက်အတွင်းရှိ လယ်စောင့်တဲ့သို့ ထွက်လာခဲ့သည်။


လယ်စောင့်တဲ့ပေါ်တွင် ထိုင်ပြီး စကားပြောနေကြစဉ် ည ၈ နာရီအချိန်ခန့်တွင် အသက် ၂၀ ခန့် အမျိုးသားလူငယ် သုံးဦး အနီးသို့ ရောက်ရှိလာပြီးတစ်ဦးမှ ဆဲဆိုကာ မနု၏ ဦးခေါင်းနောက်စေ့အား တုတ်ဖြင့် ဝင်ရောက်ရိုက်နှက်ပြီး ကျန်နှစ်ဦးမှာ ကိုဇော်ဌေးအား ဝင်ရောက်ရိုက်နှက်ခဲ့ကြပြီး ထွက်ပြေးသွားခဲ့ကြသည်။


ဝင်ရောက်ရိုက်နှက်ကြသူ လူငယ် သုံးဦးအား မှောင်နေသဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ အမည်မသိ လူငယ်သုံးဦး ရိုက်နှက်မှုကြောင့် မနု၏ ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲ ဒဏ်ရာ တစ်ချက်နှင့် ကိုဇော်ဌေး၏ ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲဒဏ်ရာ ငါးချက်နှင့် ဦးခေါင်းဂျိုစောင်းတွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ အသီးသီးရရှိခဲ့သည်။


အမှုမှ ဆဲဆိုပြီး ရိုက်နှက်ခဲ့သည့် လူငယ်သုံးဦးအားအရေးယူဆောင်ရွက်ဖော်ထုတ်ပေးရန်မနုက တရားလိုပြုလုပ်တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းက တရားခံဖမ်းဆီးမိရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း မြင့်မိုရ်(တာချီလိတ်)မှ သိရှိရသည်။

 


07 Dec 2017     1,292 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS