BEC-TERO TV

ဇန်န၀ါရီမှာ ကစားသမားအင်အားထပ်မံဖြည့်တင်းမယ့် လာလီဂါထိပ်သီး(၂)သင်း

07 Dec 2017     1,269 Views


စပိန်လာလီဂါပြိုင်ပွဲရဲ့ ထိပ်သီးအသင်း(၂)သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲမက်ဒရစ်အသင်းတို့ဟာ လာမယ့်ဇန်န ၀ါရီအပြောင်းအရွေ့ကာလမှာ ကစားသမားခေါ်ယူမှုအသီးသီးပြုလုပ်ဖို့ရှိနေပါတယ်။လက်ရှိဇန်န၀ါရီအပြောင်းအရွေ့ နီးကပ်လာချိန်မှာ တော့ အသင်း(၂)သင်းစလုံးဟာ ကစားသမားဖြည့်တင်းမှုတွေထပ်မံပြုလုပ်လိုနေပြီး ရီးယဲမက်ဒရစ်အသင်းက နေရာ(၃)နေရာအတွက် ကစားသမားခေါ်ယူမှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းကတော့ ခံစစ်ပိုင်းကိုသာအဓိက ထားဖြည့်တင်းလိုနေပါတယ်။
 
 
လာလီဂါအမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ လက်ရှိချန် ပီယံရီးယဲမက်ဒရစ်အသင်းဟာ အသင်းရဲ့ ဂိုးသမားနေရာ၊ ခံစစ်ပိုင်းနဲ့ တိုက်စစ်ပိုင်းတို့ကိုအားဖြည့်လိုနေပါ တယ်။နွေရာသီအပြောင်းအရွေ့ကာလတုန်းက မန်ယူအသင်းရဲ့ ဂိုးသမားဒီဂီယာကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့တဲ့ ရီးယဲမက်ဒရစ်ဟာ လက်ရှိအချိန်မှာ ဘီဘာအိုအသင်းမှ ဂိုးသမားအာရီဇာဘယ်လာဂါကို ခေါ်ယူလိုနေပါတယ်။အသင်းရဲ့ ခံစစ်ပိုင်းအတွက်ကတော့ ချယ်ဆီးအသင်းမှာ နည်းပြကွန်တီနဲ့အဆင်မပြေမှု တွေရှိနေတဲ့ နောက်ခံလူဒေးဗစ်လူးဝစ်ကိုခေါ်ယူလိုနေပြီး ယခုနှစ်ရာသီမှာစွမ်းဆောင်ရည်ပိုင်း ကျဆင်းနေတဲ့ အသင်းတိုက်စစ်ပိုင်းအတွက်လည်း အင်တာမီလန်မှ အီကာဒီ၊ လိုက်စ်ဇစ်မှ တီမိုဝါနာတို့ကိုခေါ်ယူဖို့စီစဉ်နေတာ ဖြစ်ပါတယ်။
 
 
ရီးယဲမက်ဒရစ်အသင်းဟာ ယခင်ကလည်း ဇန်န၀ါရီအပြောင်းအရွေ့မှာ ကစားသမားခေါ်ယူခဲ့ဖူးတဲ့ သာဓကတွေရှိခဲ့ဖူးပြီး အဒီဘာယော၊ ကာဆာနို၊ လူးကပ်ဆေးဗားတို့ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာ အဓိကကစားသမားတွေဖြစ်တဲ့ အမ်တီတီ၊ မာရှေယာနိုတို့ဒဏ်ရာပြဿနာရှိနေပြီး ဗဟိုခံစစ်ကစားသမား နေရာအတွက် ပီကေးနဲ့ ဗာမယ်လန်တို့သာရှိနေတဲ့ နည်းပြဗယ်ဗာဒီရဲ့ ဘာစီလိုနာကတော့ ဘရာဇီးကလပ် ပါးမီးယက်စ်အသင်းမှ ခံစစ်မှူးယာရီ မီနာကိုခေါ်ယူလိုနေပါတယ်။ မီနာဟာ ဘာစီလိုနာအသင်းရဲ့ ကာလရှည် ကြာစောင့်ကြည့်ခြင်းကို ခံထားရသူဖြစ်ပြီး နွေရာသီအပြောင်းအရွေ့ကာလက ဘာစီလိုနာအသင်းထံကို ပြောင်း ရွေ့ဖို့နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။
 

07 Dec 2017     1,269 Views




RELATED

Most Popular of Football

Most Popular of Sport