BEC-TERO TV

အွန်လိုင်းတွင် တဖန်ပြန်ပြောဆိုနေကြတဲ့ တိုကျိုက လူသားဟင်းရောင်းချတဲ့ စားသောက်ဆိုင်

07 Dec 2017     1,541 Views


ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လူသားများကို ချက်ပြုတ်ရောင်းချသည့် စားသောက်ဆိုင်အကြောင်း လတ်တလောတွင် အွန်လိုင်းပေါ်၌ ပြန်လည်ပြောဆိုလျှက်ရှိသည်။ အချို့သတင်းများ၌ ဂျပန်တွင် လူသားစားမှုကို ၂၀၁၄ ခုနှစ်ထဲက တရားဝင်အတည်ပြုပေးခဲ့ကြောင်း ရေးသားဖော်ပြကြသည်။


အဆိုပါသတင်း မှန်သည်ဖြစ်စေ၊ မှာသည်ဖြစ်စေ ကိုယ့်အမျိုးအနွယ်ဖြစ်သည့် လူသားကို ပြန်လည်ချက်ပြုတ်စားသောက်ရခြင်းမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ရာသာဖြစ်သည်။ လူသားစားသုံးခွင့်ကို တရားဝင်ခွင့်ပြုသော ဥပဒေအမှန်တစ်ကယ် ရှိပါကလည်း လူ့ကျင့်ဝတ်နဲ့မညီသော လူသားမဆန်သော အကျည်းတန်သည့် ဥပဒေတစ်ရပ်သာ ဖြစ်ပါလိမ့်မည်။

သို့သော် လူမှုကွန်ယက်အွန်လိုင်းပေါ်တွင် ပျံ့နှံ့ပြောဆိုနေသော သတင်းအရ စားသောက်ဆိုင်၏ အမည်မှာ “ရီဆိုတို အိုတိုအိုတိုနို ရှိုကုရိုဟင်” ဖြစ်ပြီး လူသားဟင်းလျာ အစုံအလင် ရရှိသည်။ ဟင်းလျာဈေးနှုန်းမှာ ယူရို ၁၀၀ (ကျပ် ၁ သိန်း ၆ သောင်းကျော်) ကနေ ယူရို ၁၀၀၀ (ကျပ် ၁၆ သိန်းကျော်) ထိ ဖြစ်သည်။ အာဂျင်တီးနားမှ ဖောက်သည်တစ်ဦးက ပထမဦးဆုံး မြည်းစမ်းခွင့်ရပြီး အရသာတွေ့တယ်လို့လဲ ရေးသားနေကြပါတယ်။


လူသားများကို ချက်ပြုတ်ရာမှာ အနံ့မွှေးနေစေရန် ဟင်းခပ်အမွှေးအကြိုင် လှိုင်လှိုင်သုံးထားပါတယ်။ လူသားတွေကို ဘယ်ကရလာလဲဆိုတာကို သိချင်ကြလိမ့်မယ်ထင်ပါတယ်။
လူငယ်အချို့ဟာ သူတို့မသေမီမှာပဲ သူတို့ရဲ့ ခန္ဓာကိုယ်ကို စားသောက်ဆိုင်ကို ဒေါ်လာ ၃၅,၈၀၀ (ကျပ်သိန်း ၅၀၀ နီးပါး)လောက်နဲ့ ရောင်းချခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုရောင်းချပြီးတဲ့အခါမှာတော့ သူတို့ရဲ့ အစားအသောက်စားပုံကို ဂရုစိုက်ရမယ်ဆိုတဲ့ အချက်ကို စာသောက်ဆိုင်နဲ့ စချုပ်ချုပ်သဘောတူကြရပါတယ်။ ဒါဟာ သူတို့အသားကို ချက်ပြုတ်တဲ့အခါ အနံ့မကောင်းတာတွေ၊ အဆီပိုတွေရှိနေတာတွေ မဖြစ်အောင်လို့ လို့ဆိုပါတယ်။

သူတို့ကွယ်လွန်သွားတဲ့အခါမှာ အလောင်းကို မိသားစုဝင်တွေဆီကနေ တရားရင်လွှဲပြောင်းယူပြီး စားသောက်ဆိုင်မှာ ချက်ပြုတ်ဖို့ လူသားဟင်းလျာအတွက် ယူဆောင်သွားပါတယ်၊ အဆိုပါနည်းနဲ့ လူသားတွေကို တရားဝင်ရယူတယ်လို့ ဆိုပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းအရာမှာတော့ မေးခွန်းထုတ်စရာတွေ အများကြီးရှိနေတာ သေချာပါတယ်။ ဒီသတင်းဟာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အစားကျူးတဲ့သူတွေက လွဲပြီး သာမန်လူသားတစ်ဦး မည်သူမဆို လက်ခံနိုင်စရာမရှိတာသေချာပါတယ်။

လူမှုကွန်ယက်ပေါ်မှာ လတ်တလော ပြန်လည်ပြောဆိုမျှဝေနေတဲ့ အကြောင်းအရာလေးသာဖြစ်လို့ ပြန်လည်ရေးသား ဖော်ပြရခြင်းဖြစ်တာကို နားလည်ပေးပြီး အဆိုပါအကြောင်းအရာကြောင့် လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့အချိန် ပြုံးတီးခဲ့မယ်ဆိုရင် စိတ်မရှိကြဖို့ မေတ္တာရပ်ပါတယ်။


 


07 Dec 2017     1,541 Views




RELATED

Most Popular of Special or Others

Most Popular of NEWS