BEC-TERO TV

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၈ ခုနှစ်ရဲ့ ၆ လတာရသုံး မှန်းခြေ ငွေစာရင်းကျပ် (၂၁၂)ဘီလီယံကျော်လျာထား

07 Dec 2017     1,232 Views


ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၈ခုနှစ် ၆လတာ ရသုံးမှန်းခြေငွေစာရင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်(၂၁၂)ဘီလီယံကျော် လျာထားတယ်လို့ တိုင်းဒေသေကြီး အစိုးရအဖွဲ့ ကိုယ်စားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စု အစိုးရက မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်သတ်မှတ်ချက်ကို အောက်တိုဘာလ ၁ ရက် ကနေ စက်တင်ဘာလကုန်ထိ စတင်ပြောင်းလဲ သတ်မှတ်လိုက်ပြီး လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်ကစလို့ ၂၀၁၈ အောက်တိုဘာ ၁ရက်ကနေ ၂၀၁၉ စက်တင်ဘာ လကုန်ထိ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခုဘဏ္ဍာနှစ်ကုန်ပြီး ဧပြီလ ၁ရက်ကနေ စက်တင်ဘာလကုန်ထိ (၆)လတာအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြားကာလဖြစ်လို့ သီးခြားဘတ်ဂျတ်ရေးဆွဲခဲ့တာပါ။

ဒီဘတ်ဂျတ်ကို ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၈ ခုနှစ် ဧပြီလ ကနေ စက်တင်ဘာလအထိ (၆)အတွက် ရသုံးမှန်းခြေငွေစားရင်း (လျာထားချက်)အဖြစ် ရန်ကုန်တိုင်ဒေသကြီးလွှတ်တော်ကို ဒီဇင်ဘာ ၅ရက်နေ့က တိုင်းဒေသေကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တင်သွင်းလိုက်တာပါ။ ဒီ(၆)လတာအတွက် ရသုံးမှန်းခြေငွေစားရင်း အဖြစ်ကျပ် ၂၁၂.၂၄ ဘီလီယံ လျာထားထားတာလဲဖြစ်ပါတယ်။

ဒီဘတ်ဂျတ်ကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှာ သက်ဆိုင်ရာ ဌာနအသီးသီးက အောက်ခြေကနေ အထက်သို့ စီးမံကိန်းရေးဆွဲပေးတဲ့ပုံစံနဲ့ ရေးဆွဲခဲ့တာဖြစ်ပြီး အားလုံး ပါဝင်ညှိနှိုင်းပြီးတော့ ရေးဆွဲခဲ့တာဖြစ်ကာ ပြည်သူ့ကိုယ်စားလှယ်တွေ၊ မြို့နယ် စီမံကိန်းမှူးတွေ၊ မြို့နယ်အုပ်ချူပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေက စီမံကိန်း ဦးစားပေးမှုတွေကို အခြေခံရေဆွဲခဲ့ တာဖြစ်တယ်လို့လဲ ဆိုပါတယ်။

ဒီရသုံးမှန်းခြေငွေစာရင်းမှာ ပြည်ထောင်စုကနေ လိုငွေဖြည့်ဆည်းခြင်းအတွက် ကျပ်ဘီလီယံ (၂၀)ကျော်နဲ့အခွန်ဝေစုလျာထားချက်ကလဲ (၆၄) ဘီလီယံနီးပါးရရှိတာခဲ့ပါ။ ရန်ကုန်တိုင်းအတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကရရှိတဲ့ အခွန်အခရငွေတွေက ၁၆.၆ဘီလီယံ၊ အခြားသာမန်ရငွေတွေက ၄၈.၆၄ဘီလီယံ၊ ငွေလုံးငွေရင်းရငွေကတော့ ၁၆.၁၅ဘီလီယံနဲ့ ကြွေးမြီတွေက ရငွေ ၄၆.၂ ဘီလီယံ ဖြစ်ပါတယ်။ဒီဘတ်ဂျတ်ကို တိုင်းလွှတ်တော်က ဆွေးနွေး အတည်ပြုပေးရမှာဖြစ်ပြီး ဆွေးနွေးအတည်ပြုမယ့်ရက်ကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

https://www.facebook.com/GoodMorningMyanmarLive/videos/2175842962441822/

 


07 Dec 2017     1,232 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS