BEC-TERO TV

ယောက်က္ခမ ရကံကောင်းပြီးချစ်စရာကောင်းတဲ့ သားလေးကြောင့် လူချစ်လူခင် ပိုများလာတယ်ဆိုတဲ့ မယ်လိုဒီ

07 Dec 2017     1,349 Views


ကလေးမွေးပြီး နောက်ပိုင်း အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့ မယ်လိုဒီ ဟာ “အသက်ကြီးသွားလို့လားမသိဘူး ဖွင့်ပွဲတွေ အကဲဖြတ်ဒိုင်လုပ်တာတို့သားနဲ့ ပတ်သတ်တာတို့ အာ့လိုလေးတွေ တက်ရတာများတယ် ။ ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး အဓိက ကတော့ ကစားတယ် ။ အရင်ကတော့ အစားနဲ့ ထိန်းတာ အခုက အစားပြန်စားတယ် ပုံမှန်လည်း ကစားတယ် ။ ကြည့်ကောင်းနေရတာကတော့ အခုက လူကြီးလည်း ဖြစ်လာတယ် မိခင်လည်း ဖြစ်လာတဲ့အခါ စိတ်ထားပိုထားတက်သွားပြီး မျက်နှာလည်း ကြည်လာတယ် ။

မျိုးရဲ့ ယောက်က္ခထီးနဲ့ ယောက်က္ခမ တွေက ဆရာဝန်ကြီးတွေ ရိုးသားတဲ့ ဂုဏ်ကို တန်ဖိုးထားကြတယ် ။ မျိုးဆိုလည်း ကိုယ့် အဖေ အမေ လိုအများကြီး သင်ယူရပါတယ် ။ စီးပွားရေး လုပ်ငန်းရှင်တွေ မဟုတ်ကြပါဘူး ။

သားကို  သာသနာ့ဘောင်ထဲမှာပဲ အေးအေးချမ်းချမ်း နဲ့ သူများကို ပြန်လည်ဝေငှပြီး အေးချမ်းတဲ့ သူဖြစ်စေချင်တယ် ။ ဒါပေမယ့် သူဖြစ်ချင်တာကို ဦးစားပေးမှာပါ ။ ဆရာဝန်ဆိုလည်း ဆရာဝန် ၊ အနုပညာ သမားဆိုလည်း အနုပညာသမားပေါ့ ။ သူဖြစ်ချင်တဲ့ လမ်းကို အကောင်းဆုံး ပံ့ပိုးလမ်းပြပေးသွားမှာပါ ။

သားသားက ကံကောင်းတယ် အတိတ်မှာ ကောင်းမှုကုသိုလ်တွေအများကြီး လုပ်ခဲ့တဲ့ အတွက် အခု ဘ၀မှာ ကောင်းကောင်းလေးကြီးပြင်းခွင့်ရတယ် ။အဓိက တော့ လူချစ်လူခင်ပေါတယ် ။ ဘုရားတရားလဲသိတယ် ဘယ်နေရာရောက်ရောက် စေတီဘုရားတွေ့တာနဲ့ ဦးတော်ဆိုပြီး ဘုရားရှိခိုးတယ် ။ သူ့ကို လူတွေ ချစ်ကြတယ် အဲ့ဒါကတော့ ဘာနဲ့မှ မလဲနိုင်ဘူး ။ မျိုးတောင် အရင်တုန်းက လူချစ် သိပ်မခံရဘူး အခု သားရပြီးတော့ သားကိုမှီပြီး လူချစ်လူခင်ပိုများလာတယ် ။

မျိုးက ယောက်က္ခမ ရထားတာမဟုတ်ဘဲ အမေရထားသလိုဖြစ်နေတာ ။ အမေ့ဆီက အများကြီးသင်ယူရတယ် ။ အမေက သမီးဒါလုပ်လို့ ပြောစရာမလိုဘဲ နေတာထိုင်တာကိုကြည့်ပြီး အမြဲတမ်း အတုယူနေရတယ် ။  အမေရင်းဆီမှာနေရသလိုနွေးထွေးစေတယ် ၊ လုံခြုံတယ် ၊ စိတ်ချလက်ချနေခွင့်ရတယ် ။ ယောက်က္ခမ နဲ့တောင်မတူပါဘူး ။  အမေရင်းကတော့ သားရပြီးမှ အရမ်းအဆင်ပြေသွားပြီး ။ အဓိက ကတော့ ယောက်က္ခမ ကြောင့်ပါပဲ ။ ဘယ်လို စိတ်ထားရမယ်ဆိုတာ အမြဲ သွန်သင်ပေးတယ် ။ ကလေးထပ်ယူဖို့တော့ အစီအစဥိမရှိသေးပါဘူး တစ်ယောက်တည်းတောင်တော်တော်ထိန်းနေရတယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။

Credit:oasis


07 Dec 2017     1,349 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment