BEC-TERO TV

ကိုယ်နဲ့ ရိုက်ချင်ပေမယ့် မတတ်နိုင်တာမျိုးဆိုရင် ညှိပြီး မေတ္တာနဲ့ ကူညီတတ်တဲ့ ခင်ဝင့်ဝါ

07 Dec 2017     1,440 Views


ကလေးမျက်နှာလေးနဲ့ ချစ်စရာကောင်းတယ်ဆိုပြီး ပရိတ်သတ်အခိုင်အမာ ရရှိနေတဲ့ ခင်ဝင့်ဝါ ဟာ အနုပညာကြေးကို ဘယ်လောက်ရမှ လုပ်မယ်ဆိုတာ တွေ သတ်မှတ်ထားတာ မရှိပါဘူးလို့ သိရပါတယ် ။

“ညီမတို့က အနုပညာကြေးဆိုတာထက်  ကိုယ်နဲ့ ခင်မင်နေတယ်ဆိုရင် မေတ္တာကြေးဆိုတာနဲ့ လည်းလိုက်လုပ်ပေးပါတယ် ။ တချို့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ ရိုက်မယ်ဆိုရင်လည်း အဆင်ပြေသလို လုပ်တာတွေလည်း ရှိတယ် ။ အချိန်ပေးတယ် ။ အသွားအပြန်ဖြစ်ပါတယ် ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါ ။အခြားက အနုပညာကြေးတွေ သတ်မှတ်လာပြီဆိုလည်း ကိုယ်ကတော့ အနုပညာကြေးဆိုပြီး သတ်မှတ်ထားတာမျိုးမလုပ်ပါဘူး ။ညီမတို့ကြည့်ပြီး လုပ်ပေးတယ် ။ တချို့တွေက ကိုယ်နဲ့ ရိုက်ချင်တယ် မတတ်နိုင်တာမျိုးဆိုရင်လည်း ညှိပေးလိုက်တာမျိုးတော့ မေတ္တာနဲ့ ကူညီတာမျိုးတို့ ကိုယ့်ရဲ့ အလုပ်ကို တန်ဖိုးထားပြီး လုပ်တဲ့ သဘောပါ ။

အရင်ကလည်း Miss တစ်ယောက် ဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်း Miss တွေနဲ့ ပတ်သတ်ပြီး ပြသာနာရှိနေတာက အခုမှ မဟုတ်ပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဖွဲ့အစည်းနဲ့ဆိုတာက စာချုပ်မချုပ်ခင် သေချာကြည့် ၊ ကိုယ်မကြိုက်တာကို ချက်ချင်းပြင်ခိုင်း မဟုတ်ရင် ယုံကြည်မှု ၊ ခင်မင်မှု နဲ့ ဒီဟာကို ဘာမှ မဟုတ်ပါဘူးဆိုပြီး သေချာ မစစ်ဆေးလိုက်ရင် တကယ်တန်းဖြစ်လာရင် ကိုယ်ပဲခံရမှာ ။ အဓိက ကတော့ ပရိသတ်က အဓိက ဖြစ်ပါတယ် ။

အနုပညာရှင်ဆိုတော့ ဝေဖန်မှုတွေလည်း ရှိပါတယ် ။ ဝေဖန်မှုတွေကို ညီမကတော့ ကိုယ်မှန်အောင်ပဲ နေတယ် ။ ကိုယ့်ကို တိုက်ခိုက်တဲ့ သူတွေလည်းရှိတယ် ။ ဝေဖန်တဲ့ သူတွေလည်း ရှိတယ် ။ အရင်တုန်းကတော့ ဂရုစိုက်ခဲ့တယ် ။ မဟုတ်ရင် မဟုတ်သလို ပြန်ပြောဖြစ်တယ် ။ အခုနောက်ပိုင်း ကိုယ်ကမှန်အောင်နေတယ် အဲ့ဒိတော့ ဘယ်သူမှလည်း မပြောကြတော့ဘူး ။ တကယ်လို့ ပြောလာခဲ့ ရင်လည်း တစ်ချိန်မှာတော့ အမှန်တွေသိလာမှာပါ” ဆိုပြီး သူမရဲ့ ခံယူချက်နဲ့ စိတ်ထားလေးတွေကို ပြောပြသွားခဲ့ ပါတယ် ။

Credit:democracy


07 Dec 2017     1,440 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment