BEC-TERO TV

အပြင်ထွက်ရင် လူတိုင်းက တင်ပါးကိုပဲ ကြည့်ကြတယ်လို့ ပြောလိုက်တဲ့ မေပန်းချီ

07 Dec 2017     1,746 Views


အကိတ်ဆိုပြီး လူသိများလှတဲ့ မေပန်းချီ ဟာ အပြင်ထွက်ရင် လူတိုင်းက တင်ပါးကိုပဲ ကြည့်ကြတာ ယောက်င်္ကျားတွေတင်မကပါဘူး မိန်းမသား အချင်းချင်းလဲ ကြည့်ကြပါတယ်ဆိုပြီး ပြောလိုက်ပါတယ် ။

“အဓိက ကတော့ မကောင်းမြင်တဲ့ မိန်းကလေးတွေ ရှိပါတယ် ။ တချို့ မိန်းကလေးတွေကတော့ အဲ့ဒီလိုမဟုတ်ပါဘူး ။ အကုန်လုံးကို မဆိုလိုပါဘူး ။ ဥပမာ မေပန်းချီ ဓာတ်ပုံရိုက်ရင်ဘေးတိုက်မှလှတာမျိုးရှိတယ် ။ ကိုယ်ကတော့ ကိုယ့်အလှဆုံးပုံကို တင်တာလေ ။ ဘယ်သူက မကောင်းတဲ့ ပုံ ၊ မလှတဲ့ ပုံကို တင်မှာမဟုတ်ပါဘူး ။ ရိုက်ရင်လည်း အမြဲထည့်ရိုက်ဖြစ်တာက ဘေးတိုက် ခန္ဓာကိုယ် ကောက်ကြောင်းကို အလှပေါ်အောင်ရိုက်တယ် ။ လူတွေ အကြည့်က မေပန်းချီ ကို ဘယ်လို ကြည့်ကြလဲဆိုတော့ အပြင်ထွက်ရင် တင်ပါးကိုပဲ ကြည့်ကြတယ် ။ ဒါက မိန်းကလေးတွေက အစပေါ့

တချို့က အပြင်မှာ ဓာတ်ပုံနဲ့ မတူဘူးဆိုပြီး ပြောကြတယ် ။ အထဲမှာ အရမ်းကြီးပြီးတော့ အပြင်ကနဲ့ ကွာတယ် ပေါ့နော် ။အတုလို့ ဘာလို့ ထင်ကြတာလည်းမသိဘူး။ အပြင်မှာ အတုလား အစစ်လားဆိုတာက မေပန်းချီ လို့ လှမ်းကြည့်လိုက်ရင် အဲ့ဒိနေရာကိုပဲ ကြည့်ကြတာ ။ တင်ပါးကိုလေ ။ အဲ့ဒါက ထုံးစံလို ဖြစ်နေတာ ။ တစ်ခါတလေကျရင် ကိုယ့်ကိုကိုယ်တောင် ဓာတ်ပုံတွေ ပြန်ကြည့်ရင် ငါ့တင်ပါးက မတူသလို လို ကိုယ့်ကိုကိုယ်ခံစားမိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်ကိုယ့်ကိုကိုယ်တောင် ယုံကြည်မှုမရှိသလို ဖြစ်မိတယ် ။ လူတွေက ပန်းချီ ဆိုတာနဲ့ မျက်လုံးက မျက်နှာက်ု ရောက်ပြီး ရင် ဒီနေရာကိုပဲ ဂရုစိုက်ပြီးကြည့်ကြတယ် ။ ငါက သူများတွေ ပြောနေကြတဲ့ တင်ပါး အကိတ်ဆိုတာ အဲ့ဒိလောက်လည်းမဟုတ်ပါဘူး ပေါ့လေ ။ သေချာပြန်ဆော့ရမယ်လို့ပေါ့ ။ ရှိတဲ့ သူတွေက တကူးတကကြီး လုပ်နေစရာကိုမလိုတာ ။ အဓိက ကတော့ လူပါပဲ ။ ခန္ဓာကိုယ်ကြီးက ဘာမှ မဟုတ်ပါဘူး ။ ဘေးတိုက်ရိုက်တာက ဘေးတိုက်ရိုက်မှ လှလို့ပါလို့ ပြောချင်ပါတယ် ရှင့်” ဆိုပြီး ပြောထားပါတယ် ။

လက်ရှိမှာတော့ Gym ဆရာနဲ့ လေ့ကျင့်မှုတွေ သေချာလုပ်နေပြီး ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ် ကို သဘောကျပါတယ်လို့ ပြောထားပါတယ် ။

Credit: speaker 


07 Dec 2017     1,746 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment