BEC-TERO TV

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံထားရတဲ့ ရုရှားနိုင်ငံ

08 Dec 2017     1,369 Views


ရုရှားနိုင်ငံကို အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက (၂၀၁၈) ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကိုဝင် ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက ရုရှားနိုင်ငံကိုတားမြစ်ဆေးသုံးစွဲမှုပြဿနာတွေကြောင့် (၂၀၁၈) ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။(၂၀၁၄) ခုနှစ်က ရုရှား နိုင်ငံ အတွင်းကျင်းပခဲ့တဲ့ အိုလံပစ်အားကစားပြိုင်ပွဲတွေမှာ ရုရှားနိုင်ငံသားပြိုင်ပွဲဝင်တွေအနေနဲ့ တားမြစ်ဆေးသုံးစွဲမှု တွေရှိခဲ့တာကြောင့် တောင်ကိုရီးယားနိုင်ငံ၊ပြုံးချန်းဒေသမှာကျင်းပပြုလုပ်မည့် (၂၀၁၈) ဆောင်းရာသီအိုလံပစ် ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်။
 
 
တားမြစ်ဆေးသုံးစွဲခဲ့တဲ့ပြိုင်ပွဲဝင်တွေ ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားပေမဲ့လည်း တားမြစ်ဆေးမသုံးစွဲကြောင်းသက်သေပြနိုင်တဲ့ ပြိုင်ပွဲဝင်တွေ ကို (၂၀၁၈) ပြုံးချန်းမှာကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အပြည်ပြည် ဆိုင်ရာအိုလံပစ်ကော်မတီကခွင့်ပြုပေးခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) ဟာ ရုရှားနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အလက်ဇန်းဒါးဇူကော့ကိုလည်း အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ပါတယ်။
 
 
ဒါ့အပြင် အဆိုပါတားမြစ်ဆေးသုံးစွဲမှုပြဿနာမှာ ရုရှားနိုင်ငံရဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ အခြား သောအဖွဲ့အစည်းတွေလည်း ယခုကိစ္စမှာပါဝင်ပက်သတ်နေတယ်လို့ ပြည်ပမီဒီယာအချို့က ရေးသားဖော်ပြခဲ့ ကြပါတယ်။ရုရှားနိုင်ငံဟာ(၂၀၁၄) ခုနှစ် ဆိုချီ မြို့မှာကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် (၉) ခု၊ငွေတံ ဆိပ် (၅) ခု၊ကြေးတံဆိပ် (၈) ခု၊ စုစုပေါင်းဆုတံဆိပ် (၂၂) ခုအထိဆွတ်ခူးနိုင်ခဲ့ပြီး၊ ဆုတံဆိပ် အများ ဆုံးရရှိတဲ့ စတုတ္ထမြောက်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
 
 

08 Dec 2017     1,369 Views




RELATED

Most Popular of Special or Others

Most Popular of Sport