BEC-TERO TV

လူတွေမသိအောင် ကြိတ်မှိတ်နေထိုင်ရင်း အိမ်ထောင်ကွဲတာ နှစ်နှစ်ရှိပါပြီဆိုတဲ့ မျိုးစန္ဒီကျော်

08 Dec 2017     1,339 Views


အိမ်ထောင်ကျပြီး အနုပညာ လှုပ်ရှားမှုတွေ အတွေ့ရတော့တဲ့ မျိုးစန္ဒီကျော် ဟာ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင် တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ်ထောင်နဲ့ ကွဲနေတယ်လို့လဲ သိရပါတယ် ။ နားလည်မှုတွေ တည်ဆောက်လို့မရတော့တဲ့ အပြင် လူတွေ မသိအောင် ကြိတ်မှိတ်နေထိုင်ရင်း အိမ်ထောင်ကွဲနေတာ နှစ်နှစ်ရှိပြီလို့လဲ သိရပါတယ် ။

“အိမ်ထောင်ကွဲ မိခင်တစ်ယောက်အနေနဲ့ သမီးလေးက အမရဲ့ ကမ္ဘာ ၊ အမရဲ့ ဘ၀ ပဲ ။ အဲ့ဒိအတွက်သမီးရှိတာနဲ့ပဲ အကုန်လုံးကို ရင်ဆိုင်ရဲတယ်။ ကျော်ဖြတ်ရဲတယ် ။ အရင်ကတည်းက အမ က ကိုယ်တစ်ယောက်တည်း ရပ်တည်လာတဲ့ မိန်းမဆိုတော့ ရုပ်ရှင်လောကလည်း ကိုယ့်အားကိုယ် ကိုးပြီး ၀င်လာခဲ့တယ် ။ အခု အမ အတွက် အားတစ်ခုပိုလာတယ် ။ ဘယ်အရာမဆို သမီးဘေးမှာ ရှိရင် ရင်ဆိုင်ဖို့မကြောက်ဘူး ။

အနုပညာ ကိုတော့ ပြန်တော့ လုပ်ချင်ပါတယ် ။ တစ်ခါတလေ ကိုယ့်လောက ကို လွမ်းတာပေါ့ ။ အမတို့ အိမ်နားမှာ လည်း ရှုတင်အိမ်တွေ ရှိတယ်လေ ။ ကိုယ်က ဖြတ်သွားတဲ့အခါ ရှုတင်သမားတွေနဲ့ ဆုံရင်နှုတ်ဆက်ရင်း ကိုယ့်လောကကို လွမ်းတယ် ။ အရင်လိုတော့ ပုံစံ မတူတော့ဘူး ။ ပြန်တော့ လုပ်ဖြစ်မှာပါ ။ အချိန်ကတော့ မပြောတတ်ဘူး စီးပွားရေးကလည်း လုပ်နေပြီဆိုတော့ အရှိန်ကောင်းနေပြီ ။ အသက်လည်း ရနေပြီ စိတ်ကလည်း ရှိနေသးတယ် တွေ့တဲ့ ပရိသတ်တိုင်းကလည်း ပြန်လုပ်ဖို့ အားပေးကြတယ် ။

အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့ အိမ်ထောင်မကျခင်ကလည်း ကိုယ်ပဲ ဦးဆောင်ရတာ အိမ်ထောင်ကျတော့လည်း ကိုယ်ပဲ ဦးဆောင်ခဲ့ ရတာ ။ အဲ့ဒိအတွက် တစ်ယောက်တည်း ရပ်တည်နေရင်လည်း ဘာမှမဖြစ်ဘူး ။ နဂိုထဲက ကိုယ်ပဲ ဦးဆောင်ခဲ့ရတာလေ ။ အခုလည်း သမီးလည်း ရောက်လာတယ်ဆိုတော့ ဘာမှလျှော့သွားတာမရှိပါဘူး ။ကိုယ်က အရင်အတိုင်းပါပဲ ။

အိမ်ထောင်ကျတဲ့ အခါ အားလုံး စွန့်လွှတ်ခဲ့ ရပေမယ့် အခုချိန်မှာတော့ မိသားစု တွေကော သူငယ်ချင်းတွေကော ပြန်ရနေပြီ စိတ်ချမ်းသာတယ်။ အမ ဘက်က သမီးမျက်နှာ နဲ့ ညှိတယ် ဖြစ်လာတဲ့ အခါ ဘယ်လိုမှညှိမရတော့ဘူး ။ တချို့ကတော့ အကြံကောင်းပေးကြပါတယ် ။ သမီးလေးမှာ အဖေ မရှိဖြစ်မယ်ပေါ့ ။ ဒါပေမယ့် သမီးမှာ အဖေရှိပါတယ်။ အမ နဲ့ အဆင်မပြေလို့ အဖေ ကို မုန်းရတယ် အဖေက မကောင်းဘူး ဆိုပြီး မရှိပါဘူး သမီး အဖေဟာ အဖေ ပဲ ဆိုတဲ့ စိတ်အမမှာ ရှိပြီးသားပါ ။ အဖေ နဲ့ အမေ အဆင်မပြေလို့ တူတူမနေတာပဲ ရှိတယ် ။ သမီးရဲ့ စိတ်ကို ဘာမှ အစွန်းအထင်းမခံစေချင်ဘူး ။

အနုပညာရှင်တွေနဲ့ အိမ်ထောင်ရေးတွေက ထိရှလွယ်တယ်လို့ ပြောကြပေမယ့် အနုပညာရှင်မှ မဟုတ်ပါဘူး အပြင်လောကမှာလည်း ကွဲနေကြတာ အများကြီးပါပဲ ။ အနုပညာတွေ အကြောင်းအရာတွေက သတင်းတွေမှာလည်း ကွဲနေကြတာ အများကြီးပဲ ။ ကိုယ်ယူတဲ့ ယောက်င်္ကျားကို ချစ်လို့ ယူတယ် တည်မြဲအောင်နေချင်တယ် ။ ကလေးရရင်ပိုဆိုးသေးတယ် ကလေးကို ဘယ်သူုမှ အဖေအမေ မမဲ့စေချင်ကြဘူး  မသေမချင်း အတူနေချင်ကြတဲ့ သူတွေပဲလေ ။ ဒါပေမယ့် သမီးကို ကြည့်ပြီး နောက်ပိုင်း သမီး ပါထိခိုက်လာတော့မယ် ။  ဘာတွေ ထိခိုက်မလဲဆိုတော့ သူက သမီးတစ်ယောက်တည်းသာ ပြည့်စုံအောင်ထားမယ်ဆိုရင် မပြောလိုဘူး ။ သမီး ကို ပေးမယ့်ဟာကို ဟိုဘက်ကို ထည့်ထည့်ပေးရတယ် ။ သမီးက ကြာတဲ့ အခါ ချို့တဲ့လာမယ် နွမ်းပါးလာမယ် အဲ့ဒိအတွက် အမ က လမ်းခွဲလာရတာပါပဲ ။ ကိုယ်ယူတဲ့ ယောက်င်္ကျားနဲ့ က ပေါင်းချင်ကြတာချည်းပါပဲလေ ။ အဆင်အပြေ လုံးဝ ညှိလို့ မရတော့လို့ သာ ကွဲကြတာပါ” ဆိုပြီး သူမရဲ့ အိမ်ထောင်ရေးနဲ့ စိတ်ခံစားချက်တွေကို ပြောပြသွားခဲ့ပါတယ်။ 

Credit: speaker 


08 Dec 2017     1,339 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment