BEC-TERO TV

ရင်သားကင်ဆာနဲ့ပက်သက်လို့ အမျိုးသမီးများ မသိမဖြစ် သိထားရမယ့်အချက်များ

11 Dec 2017     1,723 Views


ကမ္ဘာပေါ်ရှိ ထိတ်လန့်စိုးရိမ်စရာကောင်းတဲ့ ရောဂါတွေထဲမှာ ကင်ဆာရောဂါဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီထဲမှာမှ အမျိုးသမီးတွေမှာ အများဆုံးဖြစ်လေ့ရှိတဲ့ ရင်သားကင်ဆာဟာ ထိပ်ဆုံးကရပ်တည်နေပြီး ကမ္ဘာပေါ်မှာ နှစ်စဉ် အမျိုးသမီး ၁.၅ သန်းဟာ ရင်သားကင်ဆာ ဖြစ်ပွားလျှက်ရှိပါတယ်။ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာသာမက အမျိုးသားမှာပါ ဖြစ်တတ်ကြောင်းလည်း တွေ့ရှိထားပါတယ်။
 
 
ဒါကြောင့် အမျိုးသမီးတိုင်းဟာ ရင်ကင်ဆာဖြစ်လာနိုင်တဲ့ အလားအလာတွေ၊ နမိတ်လက္ခဏာတွေကို သိထားမှသာ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဖြစ်တော့မည့် အရိပ်အယောင်ကို စောစောစီးစီး သိထားခြင်းမှသာ အန္တရာယ်ကလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ ရင်သားကင်ဆာနဲ့ ပက်သက်ပြီး ဗဟုသုတချို့တဲ့မှုကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားနှုန်း နှစ်စဉ်မြင့်တက်နေခြင်းဖြစ်ပါတယ်။
 
 
မိသားစုမှာ မျိုးရိုးရှိနေတာတို့ အသက်အရွယ်တို့နဲ့ မိန်းမဖြစ်နေရခြင်း စတဲ့အချက်တွေက ရင်သားကင်ဆာဖြစ်ဖို့ အန္တရာယ်ရှိတဲ့ မလွှဲမရှောင်သာကိစ္စတွေ ဖြစ်နေပေမယ့် တစ်ဖက်မှာလည်း လူနေမှုပုံစံပြောင်းလဲခြင်းဖြင့် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်တဲ့ အချက်တွေရှိပါသေးတယ်။
 
 
၂၀၁၅ ခုနှစ်တုန်းက အမျိုးသမီး ၅၇၀,၀၀၀ ယောက် ရင်သားကင်ဆာနဲ့ ဆုံးပါးသွားခဲ့ပါတယ်၊ ဒီအရေအတွက်ဟာ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီးအားလုံးရဲ့ ၁၅% ဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ ရှုပ်ထွေးတဲ့ကင်ဆာအမျိုးအစားဖြစ်လို့ သူ့နဲ့ပက်သက်ပြီး အရေးတကြီးသိထားရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
 
 
၁။ ရင်သားမှာ အကျိတ်အဖုတွေ့တိုင်း ကင်ဆာမဟုတ်ပါ

 

ရင်သားမှာ အဖုအကျိတ်တွေ့တိုင်း ရင်သားကင်ဆာလို့ မဆိုနိုင်ပါဘူး၊ ရင်သားကင်ဆာဟာ အခြားပုံစံ နည်းမျိုးစုံနဲ့လည်းတွေ့နိုင်ပါတယ်။ လူနာအများစုက ရင်သားမှာ အဖုအကျိတ်လေးတွေ့တာနဲ့ ကင်ဆာဖြစ်ပြီထင်တယ်လို့ ပြောတတ်ကြပါတယ် ဒါပေမယ့် အဲဒီအဖုအကျိတ် ၉၀% ဟာ ကင်ဆာမဟုတ်သလို ဒုက္ခလည်းမပေးတတ်ပါဘူး။
 
 
၂။ အသက်ကြီးလာလေ ရင်သားကင်ဆာဖြစ်နိုင်ချေမြင့်လာလေ

 

ရင်သားကင်ဆာဟာ အသက်အရွယ်ကြီးလာလေ ဖြစ်ဖို့အန္တရာယ်ပိုရှိလာလေဖြစ်ပါတယ်။ နောက်တစ်ခါ ဒီရောဂါဟာ အသက်ရွယ် ကန့်သတ်ချက်မရှိပါဘူး။ မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေမြင့်မားပါတယ်။
 
ရင်သားကင်ဆာဖြစ်ပွားမှု ၁၄% က အသက် ၄၄ နှစ်အောက်အမျိုးသမီးတွေဖြစ်ပြီး ၄၉% က အသက် ၄၅ နဲ့ ၆၄ နှစ်ကြားအမျိုးသမီးတွေ ဖြစ်ပါတယ်။ ၃၉% ကတော့ အသက် ၆၅ နှစ်နဲ့အထက်တွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။
 
 
၃။ မိသားစုမှာ ရင်သားကင်ဆာမျိုရိုးရှိသော်လည်း ဖြစ်နိုင်ချေနည်း

 

မိသားစုဝင်ထဲမှာ ဒါမှမဟုတ် ရင်သားကင်ဆာမျိုးရိုးရှိတယ်ဆိုတဲ့ အချက်က စိုးရိမ်စရာကောင်းလွန်းသည့်အချက်တော့ မဟုတ်ပေ။ ရင်သားကင်ဆာဖြစ်ပွာသူ ၈၅% ကနေ ၉၀% ဟာ ခန္ဓာကိုယ်တွင်း မျိုးဗီဇပြောင်းလဲမှုမျိုးစုံကြောင့်သာဖြစ်ပြီး မိဘမျိုးရိုးထံက ဆင့်ပွားရရှိလာတဲ့ မျိုးဗီဇကြောင့် မဟုတ်တာကို ထူးဆန်းစွာတွေ့ရှိခဲ့ကြပါတယ်။
 
မျိုးရိုးကြောင့် ရင်သားကင်ဆာ ဖြစ်မှုဟာ ၅% ကနေ ၁၀% သာရှိပါတယ်။
 
 
၄။ ရင်သားကင်ဆာ ဖြစ်နိုင်ချေနည်းအောင် ကာကွယ်နိုင်

 

ရင်သားကင်ဆာ ဖြစ်ပွားနိုင်မှု အခြေအနေနည်းအောင် လူနေမှုပုံစံပြုပြင်ထိန်းသိမ်းပြီးလည်း ကာကွယ်နိုင်ပါတယ်။ ကျန်းမာရေးလိုက်စားတဲ့ လူနေမှုပုံစံအဖြစ် ဆေးလိပ်မသောက်ခြင်း၊ အရက်သေစာကို အတိုင်းအတာနဲ့သာ သောက်သုံးခြင်း (သို့) လုံးဝရှောင်ကျဉ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းပြီး အဟာရမျှတသော အစားအသောက်များကို စားသောက်ခြင်းဖြင့်လည်း ဖြစ်နိုင်ချေနည်းအောင် ကာကွယ်နိုင်ပါတယ်။
 
 
၅။ ရင်သားကင်ဆာ အမျိုးကွဲများစွာရှိ

 

ရင်သားကင်ဆာဟာ အသားစိုင်နဲ့ သက်ဆိုင်တဲ့ ဇီဝဗေဒအပေါ်အခြေခံပြီး အမျိုးကွဲပေါင်းများစွာရှိပါတယ်။ ရင်သားအတွင်းမှာရှိတဲ့ အသားစိုင်ကို အဓိကအားဖြင့် သုံးမျိုးခွဲခြားထားပါတယ်။ Progesterone Receptor (PR), Estrogen Receptor (ER), Human Epidermal Growth Factor Receptor 2 (HER-2/Neu) တို့ပဲဖြစ်ပါတယ်။
 
 
၆။ ရင်သားကင်ဆာ၏ လွန်ကဲသောအခြေအနေ
 

 

Metastatic cancer အဆင့်သည် ရင်သားကင်ဆာ၏ ဖြစ်ပွားမှု အဆင့်မြင့်နေသော အခြေအနေဖြစ်သည်။ ယင်းအခြေအနေတွင် ကင်ဆာဆဲလ်များက ရင်သားမှတစ်ဆင့် အခြားအတွင်းကလီဆာများကို ကူးဆက်နေပြီဖြစ်သည်။ အထူးသဖြင့် ဦးနှောက်၊ အသည်း၊ အရိုးများနဲ့ အဆုတ်များဆီကို အဓိကပျံ့နှံ့တတ်သည်။
 
 
၇။ ရင်သားကင်ဆာဖြစ်တိုင်း ရင်သားဖြတ်ထုတ်ရန်မလို

 

ရင်သားကင်ဆာဖြစ်နေတဲ့ လူနာတိုင်း ရင်းသားဖြတ်ထုတ်ပစ်ရန် မလိုအပ်ပါ။ အချို့ရင်သားကင်ဆာများမှာ အခြားခွဲသော ခွဲစိတ်ဖယ်ရှားသည့် နည်းလမ်းများသုံးပြီး ရင်သားကို ဖြတ်ထုတ်ပစ်ရန်မလိုပဲ ကုသနိုင်ပါတယ်။
 
 
၈။ အမျိုးသမီး ရင်သားကင်ဆာဖြစ်သူတွေအနေနဲ့ ကုထုံးတစ်ခုမကရှိ

 

ရင်းကားကင်ဆာ ဝေဒနာရှင်အများစုဟာ ကုသခံယူမှုနည်းလမ်းတွေဖြစ်တဲ့ (ခွဲစိပ်မှု၊ ဓာတ်ကင်၊ ဟော်မုန်းဓါတ်ကုထုံး၊ ဓါတုကုထုံး၊ ကိုယ်ခံအားကုထုံး) တို့ကို ရွေးချယ်နိုင်သလို၊ နည်းလမ်းအချို့ကို ပေါင်းစပ်ခံယူပြီးလည်း ကုသနိုင်ပါတယ်။
 
 
၉။ ရင်သားကင်ဆာ လူနာအသက်ရှင်နှုန်း နှစ်စဉ်မြင့်တက်

 

ရင်သားကင်ဆာ ဝေဒနာရှင်များအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခုက အဆင့်မြင့်လာတဲ့ ကုသနည်းတွေ၊ ကုထုံးအသစ်တွေ ပေါ်လာတာကြောင့် အသက်ရှင်ရပ်တည်နိုင်တဲ့ လူနာအရေအတွက် နှစ်စဉ်မြင့်တက်လျှက်ရှိပါတယ်။ လွန်ခဲ့သော ၅ နှစ်အတွင်းမှာ ၇၅% ကနေ 82% ထိ တက်လာတာကို တွေ့ရပါတယ်။
 
 
၁၀။ အကောင်းဆုံးကာကွယ်နည်းက စောစီးစွာသိရခြင်း

 

ရင်သားကင်ဆာကို မပျံ့ပွားအောင် ထိထိရောက်ရောက် ကာကွယ်နိုင်မည့်နည်းလမ်းက စောစောစီးစီး သိရှိရခြင်းဖြစ်ပါတယ်။ ကင်ဆာကို စောစောတွေ့ရလေ လွယ်လွယ်ကူကူ ကုသနိုင်လေဖြစ်လို့ အမြဲမပြတ် စစ်ဆေးနေဖို့လိုပါတယ်။
 
 
၁၁။ အမျိုးသားများလည်း ရင်သားကင်ဆာဖြစ်နိုင်

အလွန်ရှားပါးစွာနဲ့ အမျိုးသားအချို့မှာလည်း ရင်သားကင်ဖြစ်တတ်တာကို တွေ့ရှိရပါတယ် ဒါပေမယ့် ၁% အောက်မှာပဲ ရှိတာကြောင့် အမျိုးသား ၁,၀၀၀ မှာ ၁ ယောက် ဖြစ်နိုင်ချေရှိတာဖြစ်ပါတယ်။
 
 
ဖော်ပြပါအချက်များမှာ ရင်သားကင်ဆာနဲ့ ပက်သက်ပြီး သိသင့်သိထိုက်သော အချက်များဖြစ်ပြီး စောစီးစွာကာကွယ်နိုင်ရန် ရည်ရွယ်ပါသည်။ ရင်သားကင်ဆာ ကင်းဝေးကြပါစေ။

11 Dec 2017     1,723 Views




RELATED

Most Popular of Health Fix

Most Popular of Life Style