BEC-TERO TV

မျက်နှာပေါ်က ဝက်ခြံညှစ်မိလို့ သေဘေးကြုံခဲ့ရသည့် အမျိုးသား

11 Dec 2017     1,252 Views


အကယ်၍ မိတ်ဆွေရဲ့ မျက်နှာပေါ်မှာ ဝက်ခြံရှိလို့ ညှစ်ထုတ်ပစ်တ်တဲ့ အလေ့အထရှိရင် မလုပ်ပါနဲ့တော့လို့ သတိပေးချင်ပါတယ်။ မျက်နှာပေါ်မှာ ပေါက်တဲ့ဝက်ခြံဟာ အကျည်းတန်ရုံမျှမကပဲ ယောင်ယမ်းနာကျင်တာကြောင့် ဝက်ခြံပေါက်လာရင် အတင်းညှစ်ထုတ်ပစ်တာတွေကို အတော်များများ လုပ်လေ့ရှိပါတယ်။
တရုပ်နိုင်ငံက အမျိုးသားတစ်ဦးဟာ အဲဒီလို အညှစ်ကောင်းခဲ့တဲ့အတွက် အသက်အန္တရာယ်ကြုံပြီး ဆေးရုံတက်ကုသခဲ့ရတဲ့ထိ ဖြစ်ပျက်ခဲ့ပါတယ်။


အသက် (၅၀) ဝန်းကျင်အမျိုးသားတစ်ဦးက သူ့ရဲ့ အေပ်ါနှုတ်ခမ်းနားမှာ ပေါက်နေတဲ့ ဝက်ခြံကို ပြည်ညှစ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ သူ့မျက်နှာတစ်ခုလုံး ရောင်ရမ်းခဲ့ပါတယ်၊ အဲဒီအပြင် အပြင်းဖျားလာတဲ့အတွက် တိုက်နယ်ဆေးရုံတင်ပို့ခဲ့ရပါတယ်။
ဆေးရုံရောက်တဲ့အခါမှာ အသက်လဲကောင်းကောင်းမရှုနိုင်တော့သလို သွေးချိုနှုန်းကလည်း တက်လာပါတယ်။

အဲ့ဒီနောက်မှာတော့ သူကို Zhejiang ပြည်နယ် ဆေးရုံကြီးကို ထပ်မံလွှဲပြောင်းခဲ့ရပြီး သေဘေးမှ သီသီလေးပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးများရဲ့ အဆိုရ သူညှစ်ထုတ်ခဲ့သော နေရာမှာ ညိုမည်းနေတဲ့အတွက် အသားစတစ်ရှုးများ သေသွားခဲ့ပြီလို့ ဆိုပါတယ်။
အဆိုပါနေရာမှတစ်ဆင့် ရောဂါပိုးဝင်ခဲ့ပြီး အကြီးအကျယ်ဖျားကာ အတွင်းကလီစာများ ပုံမှန်အလုပ်မလုပ်တော့သည်အထိ ဖြစ်ခဲ့ကာ အသက်ဘေးကြုံခဲ့ရကြောင်း ပြောဆိုခဲ့သည်။

လူနာ၏အသက်ကို ကယ်နိုင်ဖို့ သေဆုံးသွားတဲ့ တစ်ရှုးနေရာ (၈)စင်တီမီတာလာက်ကို ခွဲထုတ်ခဲ့ရကြောင်း သိရှိရသည်။ ဝက်ခြံအမှတ်နှင့် ညှစ်ခဲ့သော အရာမှာ အနာစိမ်းဖြစ်နေခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မျက်နှာပေါ်ရှိ နှာခေါင်းနဲ့ နှုတ်ခမ်းနေရာ တြိဂံဧရိယာတွင် ပေါက်နေသော ဝက်ခြံ၊ အနာအစရှိသည်တို့ကို ညှစ်ရာတွင် အလွန်အန္တရာယ်များပြီး အဆီဂလင်းများမှတစ်ဆင့် ရောဂါပိုးခန္ဓာကိုယ်အနှံ့ပျံ့လွယ်တာကြောင့် အဆိုပါနေရာများကို သတိထား ကိုင်တွယ်သင့်သည်။


11 Dec 2017     1,252 Views




RELATED

Most Popular of Special or Others

Most Popular of NEWS