BEC-TERO TV

အဆီကျစေမယ့် ပင်ပွားစေ့နဲ့ ပုံစံတူ Black Chia Seed

11 Dec 2017     1,954 Views


အခုနောက်ပိုင်းအွန်လိုင်းမှာ နာမည်ကြီးလာတာကတော့ အဆီကျနိုင်မယ့်ပင်ပွားစေ့နဲ့ ပုံစံတူတဲ့ Black Chia Seed ဖြစ်ပါတယ်။ သည်အစေ့တွေကအမျှင်ဓာတ်တွေများတာကြောင့် ဝမ်းသွားရလွယ်ကူစေမှာဖြစ်ပြီး ဒါတွေကိုသောက်ထားတယ်ဆိုရင်တော့ အစာစားချင်စိတ်တွေကို ပုံမှန်ထက်ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်တွေကိုလည်း ပြည့်စုံစေနိုင်ပြီး သွေးတွင်းအဆီဓာတ်တွေ ထိန်းပေးနိုင်တဲ့ အပြင် နှလုံး၊ ကင်ဆာနဲ့ ပက်သက်တာတွေကို ထိန်းချုပ်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 
 

သကြားဓာတ်မပါတာကြောင့် ဆီးချိုသမားတွေရော၊ ပုံမှန်ရောဂါမရှိတဲ့ သူတွေပါသောက်သုံးနိုင်ပြီး ဝိတ်ချချင်သူများအတွက်ကတော့ နေ့စဉ်ပုံမှန်သောက်သုံးနိုင်တဲ့ အကောင်းဆုံးဖျော်ရည်တစ်ခွက်ဖြစ်လာပါတယ်။ သောက်သုံးမယ့်သူတွေက သည်အစေ့လေးတွေကို ရေမှာပွားလာအောင်ရေစိမ်ပြီး ကြိုက်နှစ်သက်ရာနဲ့ရောပြီး သောက်သုံးနိုင်မှာဖြစ်ပါတယ်။ အသုပ်ထဲတွေမှာဖြစ်ဖြစ်၊ မုန့်နဲ့ပဲဖြစ်ဖြစ် ရော၍လည်း စားသုံးနိုင်ပါတယ်။ ဝိတ်ချချင်သူများအနေဖြင့် ပုံမှန်သောက်မယ်ဆိုရင် ငါးလအတွင်း ၁၂ ပေါင်ခန့်လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။

 
 
 

11 Dec 2017     1,954 Views




RELATED

Most Popular of Health Fix

Most Popular of Life Style