BEC-TERO TV

စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့စံချိန်ကိုကျော်ဖြတ် လာနိုင်မယ့်ကစားသမားများ

12 Dec 2017     1,285 Views


စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားများဖြစ်ကြပေမယ့် နောင်အနာဂါတ်မှာ သူတို့(၂)ဦးကို ကျော်ဖြတ်နိုင်မယ့် ကစားသမားတွေ လက်ရှိအချိန်မှာ ထွက်ပေါ်နေခဲ့ပြီဖြစ် ပါတယ်။စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ခေတ်သစ်ဘောလုံးလောကမှာ အကောင်းဆုံးဆုတွေ ရယူထားနိုင်ခဲ့ကြတဲ့ ကစားသမားတွေဖြစ်ကြပြီး သူတို့(၂)ဦးသာ တခြားကစားသမားတွေထက် လွှမ်းမိုးမှုရှိနေပါတယ်။ သူတို့ (၂)ဦးဟာ တူညီတဲ့စံချိန်တွေရရှိထားခဲ့ကြတဲ့ ကစားသမားတွေဖြစ်ကြပြီး Ballon d’Or ဆု(၅)ကြိမ်စီနဲ့ ဥရောပ ရွှေဖိနပ်ဆု(၄)ကြိမ်စီ ရယူထားနိုင်ခဲ့ကြပါတယ်။
 
 
လက်ရှိမှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းလာခြင်းမရှိသေးပေမယ့် အသက်အရွယ်အရလာတဲ့ ကစားသမားတွေဖြစ်တာကြောင့် နောင်အနာဂါတ်မှာ သူတို့(၂)ဦးရဲ့ခြေရာကိုနင်းမယ့်ကစားသမားတွေ လိုအပ်နေပါတယ်။ အဆို ပါကစားသမား(၂)ဦးကို ကျော်ဖြတ်နိုင်မယ်လို့ အများကထင်ကြေးပေးခဲ့ကြတဲ့ ကစားသမားတွေကတော့ PSG အသင်းတိုက်စစ်မှူး(၂)ဦးဖြစ်တဲ့ နေမာနဲ့ဘာပေ၊ အက်သလက်တီကိုမက်ဒရစ်အသင်း တိုက်စစ်မှူးဂရစ်ဇ်မန်း၊ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူအစ္စကို၊ မန်စီးတီးအသင်းကွင်းလယ်လူဒီဘရိုင်း၊ ဂျူဗင်တပ်အသင်းတိုက် စစ်မှူးဒိုင်ဘာလားနဲ့ စပါးအသင်းကွင်းလယ်လူအလီ တို့ဖြစ်ကြပါတယ်။
 
 
လက်ရှိအချိန်မှာ စီရော်နယ်ဒိုနဲ့မက်ဆီ တို့ရဲ့အနီးကပ်ဆုံးပြိုင်ဘက် ကတော့ PSG အသင်းတိုက်စစ်မှူးနေမာဖြစ်ပြီး နေမာဟာ (၂၀၁၇)ခုနှစ်အတွက် Ballon d’Or ဆုဆန်ကာတင်စာရင်းမှာ ဆုရရှိခဲ့တဲ့စီရော်နယ်ဒိုနဲ့ဒုတိယနေရာကမက်ဆီတို့နောက် တတိယနေရာ မှာရပ်တည်နိုင်ခဲ့ပါတယ်။ နေမာရဲ့အသင်းဖော် လူငယ်တိုက်စစ်မှူးဘာပေကလည်း ထွန်းတောက်လာတဲ့လူငယ်ကစားသမားတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပြီး PSG အသင်းရဲ့တိုက်စစ်မှာ အတွေ့အကြုံရှိကစားသမားတွေဖြစ်တဲ့ နေမာ၊ကာဗာနီတို့နဲ့အတူ အတွဲညီညီခြေစွမ်းပြကစားနေတာကြောင့် အနာဂါတ်မှာ အလားအ လာရှိတဲ့ကစားသမားအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်း တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ ဂျူဗင်တပ်အသင်း တိုက်စစ်မှူးဒိုင်ဘာလားတို့ဟာလည်း သက်ဆိုင်ရာအသင်းတွေမှာ အဓိက တိုက်စစ်မှူးတွေအဖြစ် ခြေစွမ်းပြနေပြီး ဂိုးတွေသွင်းယူနေကြတာကြောင့် တက်လမ်းရှိတဲ့ကစားသမားတွေ အဖြစ်ရှိနေကြတာဖြစ်ပါတယ်။
 
 
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူအစ္စကို၊ မန်စီးတီးအသင်းကွင်းလယ် ကစားသမားဒီဘရိုင်းနဲ့ စပါးအသင်းကွင်းလယ်လူ အလီတို့ဟာလည်း နောင်အနာဂါတ်မှာ ပိုမိုကောင်းမွန်တဲ့ခြေ စွမ်းတွေကို ပြသလာမယ့်ကစားသမားတွေဖြစ်ပြီး အဆိုပါကစားသမား(၃)ဦးစလုံးဟာ ကွင်းလယ်ပိုင်းမှာအသင်း ဖော်တွေဆီ ဂိုးဖန်တီးမှုပြုလုပ်နိုင်သလို လိုအပ်တဲ့အချိန်မှာလည်း သွင်းဂိုးတွေရယူပေးနိုင်တဲ့ကစားသမားတွေ ဖြစ်ကြပါတယ်။
 

12 Dec 2017     1,285 Views




RELATED

Most Popular of Football

Most Popular of Sport