BEC-TERO TV

ဘောလွန်းဒီအောဆုရယူပြီး ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်တိုင်းဂိုးသွင်းထားသည့် စီရော်နယ်ဒို

12 Dec 2017     1,283 Views


တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရီးယဲယ်မက်ဒရစ်အသင်းကို ရောက်ရှိပြီးနောက်ပိုင်း ဘောလွန်းဒီအော ဆု(ရွှေဘောလုံးဆု)ရယူပြီး ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်တိုင်းဂိုးသွင်းယူထားတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ(၇)ရက်နေ့က သူ့ရဲ့ကစားသမားဘ၀ (၅)ကြိမ်မြောက် ဘောလွန်ဒီ အောဆုကို ရရှိခဲ့ပြီး ယခုတစ်ပတ် ကစားတဲ့ ဆီးဗီးလားအသင်းကို(၅)ဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာ (၂)ဂိုးသွင်းယူ ခဲ့ပါတယ်။
 
 
ယခုတစ်ကြိမ် ဘောလွန်းဒီအောဆုရရှိတာဟာ ရီးယဲယ်မက်ဒရစ်အသင်းမှာ ကစားစဉ်အတွင်း (၄)ကြိမ်မြောက်ရရှိတာဖြစ်ပြီး ဘောလွန်းဒီအောဆုလက်ခံရရှိပြီး ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်တွေမှာ အထူးခြေစွမ်း ပြ ဂိုးတွေသွင်းယူလေ့ရှိသူဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ယခုနှစ်ရာသီမှာ ဂိုးပေါက်ပျောက်တဲ့ပွဲစဉ်များပြားနေ ပေမယ့် ဆီးဗီးလားအသင်းနဲ့ပွဲစဉ်မှာ (၂)ဂိုးထိသွင်းယူခဲ့ပြီး ယခုနှစ်လာလီဂါမှာ တစ်ပွဲထဲကို ပထမဆုံးအကြိမ်အ ဖြစ်(၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
 
 
ဒါ့အပြင် စီရော်နယ်ဒိုဟာ ဆီးဗီးလားနဲ့ပွဲစဉ်မတိုင်ခင် လာလီဂါမှာ (၂)ဂိုးသာ သွင်းယူခဲ့ပေမယ့် ဆီးဗီးလားနဲ့ပွဲစဉ်မှာ ပင်နယ်တီသွင်းဂိုးတစ်ဂိုးအပါဝင် (၂)ဂိုးသွင်းယူခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ(၂၀၁၃)ခုနှစ်က ဘောလွန်းဒီအောဆုရရှိပြီး ယှဉ်ပြိုင်ကစားတဲ့ ရီးယဲယ်ဘက်တစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ (၁)ဂိုးသွင်းယူခဲ့သလို (၂၀၁၄)ခုနှစ်ကဘောလွန်းဒီအောဆုရရှိပြီး ယှဉ်ပြိုင်ကစားတဲ့ ဂီတာဖေးလ်အသင်း ကို အဝေးကွင်းမှာ (၃)ဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း (၂)ဂိုးသွင်းယူခဲ့ပါတယ်။ ဒါ့အပြင် (၂၀၁၆)ခုနှစ်က ဘောလွန်းဒီအောဆုရရှိပြီး ယှဉ်ပြိုင်ကစားတဲ့ ဂရန်နာဒါအသင်းကို (၅)ဂိုးပြတ်အနိုင်ရရှိတဲ့ အိမ်ကွင်းပွဲစဉ်မှာ (၁)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
 
 

12 Dec 2017     1,283 Views




RELATED

Most Popular of Football

Most Popular of Sport