BEC-TERO TV

ပွင့်လင်းစွာတိုင်ပင်လို့ရတဲ့ အမေကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ၀တ်မှုန်ရွှေရည်

12 Dec 2017     1,254 Views


ထာဝရအမေ ရုပ်ရှင်ကားကြီး ရိုက်ကူးရင်း မိဘ မေတ္တာကို ပိုနားလည်လာတယ်ဆိုတဲ့ ကစ်ကစ် ဟာ “ဒီရုပ်ရှင်ကားကြီး ကို ပြန်ကြည့်ရင်း မိဘ မေတ္တာကို ပိုခံစားမိလာတယ် ။မိဘတိုင်းမှာ မေတ္တာတရားကိုယ်စီရှိတယ် ။မိခင်မေတ္တာကို ပိုပြီ တန်ဖိုးထားတက်ဖို့ ဒီဇာတ်ကားလေးက လှုပ်ခတ်ပေးလိုက်တာပါ ။ ကစ် ကလည်း အမေချစ် သမီးတစ်ယောက်ပါ . ညီအမ နှစ်ယောက်လုံး အမေကို ချစ်နဲ့ အချစ်မတူဘူး ။ ညီမလေး က အငယ်တစ်ယောက်လို အမေကို ချစ်တက်တယ် ။ အမေက အချိန်တိုင်း ကစ် နဲ့ အတူရှိတယ် ။ အမေကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ် ။ တိုင်ပင်လို့လဲ ရတယ် ။ ရင်ဖွင့်လို့လဲ ရတယ် ။ ဇာတ်ကား ရိုက်ဖို့ တွေလည်း ရှိတယ် ဒီဇင်ဘာ ဖြစ်တဲ့ အတွက် ခရီးထွက်ဖို့လဲ ရှိတယ်”   ဆိုပြီး ပြောထားပါတယ် ။ 

Credit: popular 


12 Dec 2017     1,254 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment