BEC-TERO TV

ခရမ်းချဉ်သီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

12 Dec 2017     1,353 Views


ခရမ်းချဉ်သီးက နေ့စဉ်လိုလို စားသုံးမိတဲ့ အစားအစာတစ်မျိုးလည်း ဖြစ် ပါတယ်။ ခရမ်းချဉ်သီးကို ဟင်းတွေထဲမှာ ထည့်စားကြသလို သုပ်စားတာ၊ ယိုထိုး စားတာနဲ့  ဖျော်သောက်တာ၊ အစိမ်းစားတာနဲ့ တို့စားတာမျိုးတွေအထိ အမျိုးမျိုး စားသုံးကြပါတယ်။ ခရမ်းချဉ်သီးကကျန်းမာရေးအတွက် အထောက်အကူပေးပါ တယ်။ ခရမ်းချဉ်သီးက ကင်ဆာရောဂါအပါအဝင် ဝေဒနာတွေကို တော်တော်များ များ အကာအကွယ်ပြုပေးပါတယ်။
 
 
ကင်ဆာကာကွယ်ပေးနိုင်ခြင်း
ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာဖြစ်စေနိုင် တဲ့ ပုံမှန်မဟုတ်တဲ့ဆဲလ် ဖွံ့ဖြိုးမှုကို တိုက် ထုတ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး မှာပါတဲ့ lycopene က ဆီးကျိတ်ကင်ဆာ ကို ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီး ပုံမှန်စားသုံးပေးတာက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ အမျှင်ဓာတ်များစွာ ပါဝင် တာကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ကိုလည်း ကျဆင်းစေနိုင်ပါတယ်။
 
သွေးတိုးကျစေနိုင်ခြင်း
ဆိုဒီယမ်စားသုံးမှုနည်းတာက သွေးလည်ပတ်မှုကို ထိခိုက်စေတာမျိုး မရှိ ပါဘူး။ ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးမတိုးအောင် ကာကွယ်ပေးပါတယ်။
 
နှလုံးကျန်းမာစေခြင်း
ခရမ်းချဉ်သီးမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီနဲ့ ကိုလင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံး ကျန်းမာအောင် အထောက်အကူပြုပေးပါ တယ်။ ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုနည်း တာကြောင့် နေ့စဉ်စားသုံးပေးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။ ခရမ်း ချဉ်သီးမှာ folic corrosive ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
 
ဆီးချိုသက်သာစေနိုင်ခြင်
ခရမ်းချဉ်သီးက အမျိုးအစား- ၁ ဆီး ချိုရောဂါဝေဒနာရှင်တွေမှာ သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ အမျိုးအစား- ၂ ဆီးချိုရောဂါ သည်တွေမှာတော့ ဂလူးကို့စ်ပမာဏ၊ lipids ပမာဏနဲ့ အင်ဆူလင်ပမာဏတွေကို တိုးစေနိုင်ပါတယ်။ ခရမ်းချဉ်သီးက အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျန်းမာရေးကိုအထောက် အကူပြုပေးပါတယ်။
 
 
ဝမ်းချုပ်တာကို သက်သာစေနိုင်ခြင်း
ခရမ်းချဉ်သီးလိုမျိုးအမျှင်ဓာတ်နဲ့ ရေ ဓာတ်ပါဝင်တဲ့အသီးအနှံတွေ စားသုံးပေးတာက ဝမ်းမှန်စေအောင် အထောက်အ ကူပြုပေးပါတယ်။ အမျှင်ဓာတ်က အူမကြီး လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။
 
မျက်လုံးကျန်းမာစေနိုင်ခြင်း
ခရမ်းချဉ်သီးမှာ lycopene, lutein နဲ့ beta- carotene တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို တိုက် ဖျက်ပေးပါတယ်။ သည်ဓာတ်တွေက မျက်လုံးကို အသက်အရွယ်ကြောင့် ဖြစ် တဲ့ အမြင်အာရုံချို့ယွွင်းမှုကို ကာကွယ်ပေးပါတယ်။
 
အရေပြားကျန်းမာစေခြင်း
ခန္ဓာကိုယ်ရဲ့ အရေပြား၊ ဆံသား၊ လက်သည်းခြေသည်းတွေနဲ့တွယ်ဆက် တစ်သျှူးတွေ ကျန်းမာစေဖို့ အရေးကြီးဆုံး လိုအပ်တာတစ်ခုက ဗီတာမင်စီပါ။ ဗီတာမင်စီ မလုံလောက်တဲ့အခါ အရေပြား ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဗီတာ မင်စီက ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေကို တိုက်ဖျက်ပေးပါတယ်။ ခရမ်းချဉ်သီး စားသုံးပေးခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်၊ ဆေးလိပ်ငွေ့နဲ့ ကူးစက်ရောဂါတွေကြောင့် အရေပြား ထိခိုက်ပျက်စီးတာကို ကာကွယ်ပြီးသားဖြစ်သလို အရေပြား ရောဂါတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
 
ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်ခြင်း
မိခင်ဝမ်းထဲမှာ ကလေးကျန်းမာစေ ဖို့ဆိုတာက ကိုယ်ဝန်မဆောင်စဉ်ကာလမှာရော ကိုယ်ဝန်ဆောင်နေစဉ်မှာပါ  မိခင်က ဖောလစ်အက်စစ်ပမာဏပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဖောလစ်အက်စစ် ပြည့်ဝစေနိုင်မယ့် အပန်းမကြီးတဲ့အစားအစာတစ်ခုကို ပြပါဆိုရင် ခရမ်းချဉ်သီးကို ပဲ ညွှန်းချင်ပါတယ်။
 
 
 

12 Dec 2017     1,353 Views




RELATED

Most Popular of Health Fix

Most Popular of Life Style