BEC-TERO TV

တစ်နှစ်ဝင်ငွေ ဒေါ်လာ(၁၁)သန်းရှိတဲ့ အသက်(၆)နှစ် ကလေးငယ်

12 Dec 2017     1,496 Views


အသက်(၆)နှစ်အရွယ်သာရှိသေးတဲ့ Ryan ဆိုသူ ကောင်လေးဟာ ကလေးကစားစရာတွေကို အကြံပြုသုံးသပ်တဲ့ ဗီဒီယိုတွေရိုက်ကူးရင်း YouTube ကနေရရှိတဲ့ ဝင်ငွေဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ(၁၁)သန်း ရှိပါတယ်။


Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်တဲ့ YouTube ဆယ်လီစာရင်းအရ Ryan ဟာ နံပါတ်(၈)နေရာမှာ ရပ်တည်နေတဲ့ ချန်နယ်ပိုင်ရှင်လဲဖြစ်ပါတယ်။ သူ့ရဲ့ချန်နယ်ကို ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော မိဘတွေနဲ့ ကလေးတွေက ကြည့်ရှုအားပေးလျှက်ရှိပါတယ်။


Ryan ဟာသူ့ရဲ့ကိုယ်ပိုင် YouTube ချန်နယ်ကို သူအသက်(၄)နှစ်သားအရွယ်ထဲက စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က YouTube မှာ အခြားသူတွေရဲ့ ကစားစရာမိတ်ဆက် ဗီဒီယိုတွေကြည့်ပြီး သူလဲမိတ်ဆက်ဗီဒီယို လုပ်ချင်တယ်လို့ ပြောဆိုတာကြောင့် မိဘတွေက YouTube ချန်နယ်ဖွင့်ပြီး လုပ်ပေးခဲ့ရာမှာ အခုဆိုရင် ဒေါ်လာသန်းချီဝင်တဲ့ ကလေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။


Ryan ရဲ့ YouTube ချန်နယ်ကို စောင့်မျှော်အားပေးကြည့်ရှုသူ subscribers (၁၀)သန်းကျော်ရှိပြီး သူ့ရဲ့ ပရိသတ်တွေထဲမှာ ကလေး၊ လူကြီး အရွယ်စုံပါဝင်ပါတယ်။ Ryan ဟာ သူမိဘတွေရဲ့ လမ်းညွှန်ထိန်းကျောင်းမှုနဲ့အတူ မိတ်ဆက်ဗီဒီယိုကို ဆက်လက်ရိုက်ကူး တင်ဆက်နေဆဲဖြစ်ပါတယ်။
 


12 Dec 2017     1,496 Views




RELATED

Most Popular of Special or Others

Most Popular of NEWS