BEC-TERO TV

နောက်ဆုံးထွက်သက်အထိ အနုပညာ လုပ်သွားချင်တယ်လို့ ပြောလာတဲ့ ဦးမန်းဝင်း

13 Dec 2017     1,219 Views


ကျောက်ကပ် ဝေဒနာကြောင့် ကျန်းမာရေး မကောင်းတဲ့ အတွက် အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ ဦးမန်းဝင်း ဟာ အသက် ၇၅ နှစ်ရှိနေပြီလဲ ဖြစ်ပြီး  အနုပညာ အလုပ်တွေကို သေသည်အထိ လုပ်သွားချင်တယ်လို့ ပြောလာပါတယ် ။ “ဦးမန်း အနုပညာ အလုပ်တွေ လုပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး ။ ဒီ အလုပ်ကို သံယောဇဉ်လည်းရှိတယ် ချစ်လည်းချစ်တယ် ။ လူရွှင်တော် ဘ၀တုန်းကလည်း လူရွှင်တော်ဘ၀ အလျောက် ဖြတ်သန်းခဲ့ရတယ် သရုပ်ဆောင်ဘက်ရောက်တော့လည်း သရုပ်ဆောင် အလျောက် အခက်မခဲ အမျိုးမျိုးကို တွေ့ကြုံခဲ့ ရတယ် ။

အနှိမ်ခံရတာတွေ ၊ လူရှေ့သူရှေ့ အပြောအဆိုခံ ရတာတွေအများကြီးပါပဲ ။ အဲ့ဒိလိုခံစားရတာတွေ ရှိခဲ့ သလို အားပေးတဲ့ ပရိတ်သတ်ရဲ့ ချစ်ခင်မှုကိုလည်း ရရှိခဲ့ တဲ့ အတွက် အနုပညာ အလုပ်ကို မြတ်နိုးတယ် ။ ဦးမန်း သေသည် အထိ ဒီအလုပ်ကလေးကို ဆက်လုပ်သွားချင်တယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။ 

Credit: သုတရသ အဖြာဖြာ


13 Dec 2017     1,219 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment