BEC-TERO TV

သမ္မတဒေါ်နယ်ထရန့်၏ လိင်ပိုင်းဆိုင်ရာ လွန်ကျူးခံထားရသော အမျိုးသမီးများကစွပ်စွဲ

13 Dec 2017     1,345 Views


ဒီဇင်ဘာလ ၁၁ ရက်နေ့က အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်သူဖြစ်ကြောင်း အမျိုးသမီး (၃)ဦးက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ စွပ်စွဲခဲ့ပြီး အမေရိကန်ဥပဒေပြုလွှတ်တော်(ကွန်ဂရက်) အနေနဲ့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စေလိုကြောင်း ပြောကြားခဲ့သည်။

Samantha Holvey, Jessica Leeds နဲ့ Rachel Crooks တို့သုံးဦးဟာ Megyn Kelly Today မှာ သတင်းစာရှင်းလင်းပွဲကို ရုပ်သံနှင့်တစ်ကွ ထွက်ဆိုခဲ့ပြီး ဒေါ်နယ်ထရန့် လိင်ပိုင်းဆိုင်ရာ လွန်ကျူးခဲ့ဖူးတဲ့ အခြားအမျိုးသမီး ၁၃ ဦးကိုလည်း ပူးပေါင်းဖို့ ပြောကြားခဲ့ပါတယ်။

“အမျိုးသမီးတွေဟာ တစ်ဦးနဲ့တစ်ဦးဖေးကူရင်း ရှေ့တို့ဖို့ခွန်အားတွေ ရခဲ့ပါတယ်၊ အာဏာပါဝါရှိတဲ့ ယောက်ျားတွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် ပြန်ခံစားစေရပါမယ်” ဟု Crooks က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ အိမ်ဖြူတော်ရဲ့ကြောညာချက်မှာ စွပ်စွဲချက်တွေအားလုံးဟာ မျက်မြင်သက်သေ အခိုင်အလုံလဲမရှိပဲ စွပ်စွဲမှုတွေသာဖြစ်လို့ အခြေအမြစ်မရှိကြောင်း ထရန့်က ငြင်းဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရန့်က အခြားအမျိုးသမီး (၁၃)ဦး အပေါ်မှာ ဘာတွေ လွန်ကျူးခဲ့ပြီး စွပ်စွဲခံခဲ့ရလဲဆိုတာ လေ့လာကြည့်ပါဦး။


၁။ Jill Harth
လွန်ကျူးခံခဲ့ရမှုကာလ (၁၉၉၂ − ၁၉၉၃)

မိတ်ကပ်ပညာရှင် Jill Harth နဲ့ ထရန့်တို့ ၁၉၉၂ အလှမယ်ပြိုင်ပွဲတစ်ခုရဲ့ ညစာစားပွဲမှာ တွေ့ဆုံခဲ့ပြီး သူမကို နံရံတစ်ခုစီဆွဲခေါ်သွားကာ ခန္ဓာကိုယ်နေရာအနှံ့လိုက်ကိုင်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ထရန့်ကို ၁၉၉၇ ခုနှစ်မှာ တရားစွဲဆိုခဲ့ပါတယ်။

တစ်ပတ်ခန့်အကြာမှာတော့ Harth က အမှုကိုပြန်ရုပ်သိမ်းသွားခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ချစ်သူ George Houraney နဲ့ ထရန်းတို့ စီးပွားရေးနဲ့ဆိုင်တဲ့ အမှုတစ်ခု ဖြစ်ခဲ့လို့ဖြစ်ပါတယ်။


၂။ Bridget Sullivan
လွန်ကျူးခံခဲ့ရမှုကာလ (2000)

Miss USA 2000 ဆုနှင့် Miss New Hampshire မယ်ဟောင်းတစ်ဦးဖြစ်ပြီး ပြိုင်ပွဲကျင်းပနေတဲ့ အချိန်၊ အဝတ်လဲခန်းထဲမှာ မယ်တွေအားလုံး အဝတ်အစားချွတ်နေချိန်မှာ ထရန့်ကရောက်လာပြီ သူမကို “မင်းရဲ့နောက်ပိုင်းလေး နဲနဲလောက်နှိမ့်ပေးစမ်းပါကွာ” လို့ ပြောခဲ့ကြောင်း မေလ ၁၈ ရက် ၂၀၁၆ ခုနှစ် BuzzFeed သတင်မှာ ပြောဆိုခဲ့ပါတယ်။

စွပ်စွဲမှုနှင့်ပက်သက်ပြီး တရန့်က သတင်းမှာသာဖြစ်ကြောင်း ပြန်လည်ခေပခဲ့သည်။


၃။ Cassandra Searles
လွန်ကျူးခံခဲ့ရမှုကာလ (2013)


Miss Washington 2013 ဖြစ်သူ Cassandra Searles က ပြိုင်ပွဲဝင်စဉ်က မယ်တွေအားလုံးကို တန်းစီခိုင်းပြီး တစ်ဦးချင်းစီကို ရောင်းကုန်ပစ္စည်းတစ်ခုလို သဘောထားပြီး ဆက်ဆံကြည့်ရှုခဲ့သူဟာ အမေရိကန်သမ္မတဖြစ်လာမယ့်သူဖြစ်ကြောင်း ၂၀၁၆ ခုနှစ်က သူမရဲ့ ဖေ့စ်ဘွခ်မှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့တင်ပါးကို ဆုပ်ကိုင်ပြီး ဟိုတယ်အခန်းထဲကို လာခဲ့ဖို့ ပြောကြောင်း RollingStone မှာ ဖော်ပြခဲ့ပါတယ်။

ထရန့်ကတော့ စွပ်စွဲမှုဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။


၎။ Tasha Dixon
လွန်ကျူးခံခဲ့ရမှုကာလ (2001)


Miss Arizona မယ်ဟောင်းတစ်ဦးဖြစ်သူ Dixon က ၂၀၀၁ ခုနှစ် သူမ Miss USA ပြိုင်ပွဲဝင်စဉ်ကာလ အသက် ၁၈ နှစ်သာရှိသေးတဲ့အချိန်မှာ မယ်တွေ အပေါ်ပိုင်းဗလာနဲ့ အဝတ်လဲနေချိန် မပြောမဆိုနဲ့ ထရန့်က အဝတ်လဲခန်းထဲ ဝင်လာခဲ့တယ်လို့ CBS နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စအပေါ် ၂၀၀၅ ခုနှစ်က CNN နဲ့ အင်တာဗျူးမှာ ထရန့်က မယ်တွေအဝတ်လဲတဲ့အခန်းထဲ ဘယ်ယောက်ျားမှ ဝင်ခွင့်မရှိတာ မှန်တယ်၊ ဒါပေမယ့် ငါကဒီပွဲကြီးကို ကျင်းပတဲ့ပိုင်ရှင်လေ ဒါကြောင့် ငါကတော့ ဝင်ခွင့်ရှိတာပေါ့ နောက်ပြီး အစစအရာရာအဆင်ပြေပါ့မလားလို့ သွားကြည့်တဲ့ သဘောပါလို့ ဖြေရှင်ခဲ့ပါတယ်။


၅။ Jessica Leeds
လွန်ကျူးခံခဲ့ရမှုကာလ (1980 အစောပိုင်း)


လေယာဉ်စီးစဉ် သူမဘေးခုံမှာ ထိုင်တဲ့ ထရန့်က သူမတစ်ကိုယ်လုံးကို လက်နဲ့ ဟိုစမ်းဒီစမ်းပွတ်သပ်ခဲ့ပြီး သူမရဲ့ စကတ်ကိုလည်း လှန်ခဲ့တယ်လို့ နယူ့ရော့ခ်တိုင်းမ် သတင်းစာကို ၂၀၁၆ ခုနှစ်က ပြောပြခဲ့ပါတယ်။


၆။ Rachel Crooks
လွန်ကျူးခံခဲ့ရမှုကာလ (2005)

သူမက ထရန့်တာဝါမှာရှိတဲ့ Bayrock Group မှာ ဧည့်ကြိုဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်စဉ် သူမခွင့်ပြုချက်မရပဲ ထရန့်ကအတင်းနမ်းရှုံ့ခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က သူမရဲ့ အသက်က ၂၂ နှစ်ဖြစ်ပြီး ဒေါ်နယ်ထရန့် ဓါတ်လှေကားထဲမှ ထွက်လာစဉ် သူမက သူမကိုယ်ကိုယ် မိတ်ဆက်ခဲ့ရာ ထရန့်က ပထမတွင် ပါးပြင်ကိုနမ်းလိုက်ပြီး သူမရဲ့ ပါးစပ်ကိုပါ နမ်းရှုံ့ခဲ့ကြောင်း တိုင်မ်းသတင်းကို ပြောကြားခဲ့သည်။


၇။ Mindy McGillivray
လွန်ကျူးခံခဲ့ရမှုကာလ (2003)


ထရန့်က သူမကို Mar-a-Lago အပမ်းဖြေစခန်းတွင် ဟိုကိုင်ဒီကိုင် လုပ်ခဲ့ပြီး အဲဒီအချိန်က သူမအသက် ၂၃ နှစ်ဖြစ်ကြောင်း Palm Beach Post ကို ၂၀၁၆ ခုနှစ်က ဖွင့်ချခဲ့သည်။


၈။ Natasha Stoynoff
လွန်ကျူးခံခဲ့ရမှုကာလ (2005)


People မဂ္ဂဇင်းရဲ့ စာရေးဆရာမတစ်ဦးဖြစ်ခဲ့ဖူးသူ Stoynoff က မဂ္ဂဇင်းအတွက် ဒေါ်နယ်ထရန့်နဲ့ အင်တာဗျူးစဉ် ပါးစပ်ကိုအတင်းနမ်းရှုံ့ခဲ့ပြီး တို့နှစ်ယောက် ခြေရှုတ်ရအောင်လို့ ပြောခဲ့ကြောင်း ၂၀၁၆ ခုနှစ်ပါ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့သည်။


၉။ Mariah Billado
လွန်ကျူးခံခဲ့ရမှုကာလ (1997)


Miss Vermont Teen USA ၏ မယ်ဖြစ်သူက ​ဒေါ်နယ်ထရန့်ဟာ ပြိုင်ပွဲဝင် အလှမယ်တွေ အဝတ်လဲနေချိန် အဝတ်လဲခန်းထဲကို ဇွတ်အတင်းဝင်လာခဲ့ပြီး “ဘာမှမပူပါနဲ့ ငါမြင်ဖူးပြီးသားတွေပါ” ဟု ပြောဆိုခဲ့ကြောင်း ၂၀၁၆ ခုနှစ်က BuzzFeed သတင်းတွင် ပြောပြခဲ့သည်။


၁၀။ Temple Taggart McDowell
လွန်ကျူးခံခဲ့ရမှုကာလ (1997)


သူမအသက် ၂၁ နှစ်အရွယ် Miss USA 1997 ပြိုင်ပွဲမှာ Utah ကိုယ်စားပြုမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်စဉ် ထရန့်က သူမရဲ့ နှုတ်ခမ်းကို နှစ်ကြိမ်တိတိနမ်းခဲ့ကြောင်း NBC သတင်းဌါနကို ၂၀၁၆ ခုနှစ်ကပြောကြားခဲ့သည်။


၁၁။ Lisa Boyne
လွန်ကျူးခံခဲ့ရမှုကာလ (1990)

၁၉၉၀ ခုနှစ်တွေက ထရန့်နဲ့ ညစာစားပွဲများတက်စဉ် အဆိုပါပွဲများမှ ပြန်ချင်သူအမျိုးသမီးများ စားပွဲခုံပေါ်တက်လျှောက်ပြကြရသည်။ ထိုအချိန်များဆိုရင် ထရန့်က စားပွဲခုံပေါ်က အမျိုးသမီးတွေရဲ့ စကတ်ကိုမော့ကြည့်ရင်း သူတို့ အတွင်းခံဝတ်ထားတယ်၊ မဝတ်ထားဘူးဆိုတာတွေ ပြောဆိုတတ်ကြောင်း HuffPost ကို ၂၀၁၆ ခုနှစ်က ဖွင့်ချခဲ့သည်။


၁၂။ Summer Zervos
လွန်ကျူးခံခဲ့ရမှုကာလ (2007)


The Apprentice အစီစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပြီး ထရန့်က သူမကို ခွင့်ပြုချက်မရှိပဲ ဘယ်ဘလီဟေးလ်၌ ညစာမစားမီ ခပ်ကြမ်းကြမ်း နမ်းရှုံ့ခဲ့ဖူးသည်ဟု သတင်းစာရှင်းလင်းခဲ့ဖူးသည်။


၁၃။ Kristin Anderson
လွန်ကျူးခံခဲ့ရမှုကာလ (1990 အစောပိုင်း)

ထရန့်က သူမရဲ့ စကတ်အောက်ကနေ လက်သွင်းပြီး အင်္ဂါစပ်ကို ထိခဲ့ဖူးတယ်ဟု ဝါရှင်တန်သတင်းဌါနနဲ့ ၂၀၁၆ ခုနှစ်က အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ ထိုဉ်က သူမအသက် ၂၀ သာရှိပြီး မဟန်တန် နိုက်ကလပ်မှာ ဖြစ်ပျက်ခဲ့တယ်လို့ ဆိုပါတယ်။


၁၄။ Samantha Holvey
လွန်ကျူးခံခဲ့ရမှုကာလ (2006)


၂၀၀၆ ခုနှစ် Miss North Carolina ဖြစ်သူက ထရန့်ဟာ ပြိုင်ပွဲဝင် အလှမယ်တွေကို တန်းစီခိုင်းပြီးနောက် ကိုယ်ထိလက်ရောက် စမ်းသပ်ခဲ့ပြီး၊ ရောင်းစားခံရတော့မည့် သတ္တဝါလေးများသဖွယ်၊ ဇိမ်မယ်များကို ​ရွေးချယ်သည့်အလား ပြုမူဆက်ဆံခဲ့သည်ဟု CNN သတင်းဌါနကို ၂၀၁၆ ခုနှစ်က ပြောဆိုခဲ့သည်။


၁၅။ Cathy Heller
လွန်ကျူးခံခဲ့ရမှုကာလ (1997)


Mar-a-Lago မှာပဲ အမေများနေ့က ထရန့်ဟာ သူမကို အတင်းဆွဲပြီး သူမရဲ့ နှုတ်ခမ်းကို နမ်းခဲ့ကြောင်း သူမက ရုန်းဖယ်ခဲ့ရာ ဒေါသဖြစ်ပြီး “ဘာဖြစ်တာလဲ လာစမ်းပါ” ဟု တုံ့ပြန်ခဲ့ကြောင်း The Guardian သတင်းကို ၂၀၁၆ ခုနှစ်တွင် ပြောပြခဲ့သည်။


၁၆။ Karena Virginia
လွန်ကျူးခံခဲ့ရမှုကာလ (1998)


ရောဂနည်းပြ ဆရာမတစ်ဦးဖြစ်သူက U.S Open ရဲ့ ရှေ့မှာ ကားငှားရန်စောင့်နေစဉ် ထရန့်ရောက်လာပြီး သူမရဲ့ရင်သားကို ကိုင်တွယ်ခဲ့ကြောင်း သူမ၏ ရှေ့နေဖြစ်သူ Gloria Allred နဲ့အတူ ၂၀၁၆ ခုနှစ် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့သည်။ သူမက ရှောင်ဖယ်ခဲ့စဉ်တွင် ထရန့်က သူမအား “ငါဘာကောင်လဲ မင်းသိလား..? ငါဘာကောင်လဲ မင်းသိလား..?” ဟု တုံပြန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။


၁၇။ Jessica Drake
လွန်ကျူးခံခဲ့ရမှုကာလ (2006)


အပြာရုပ်ရှင်မင်းသမီးဖြစ်သူ Jessica က ဒေါ်နယ်ထရန့် ဖိတ်ကြားမှုနဲ့အတူ ဟိုတယ်အခန်းသို့ သူမရဲ့ နောက်လိုက် နှစ်ဦးနဲ့ အတူလာရောက်စဉ် ရောက်ရောက်ချင်း ဘာမပြောညာမပြောဖြင့် ထရန့်က သူတို့ သုံးဦးစလုံးကို ဖက်ရမ်းနမ်းရှုံ့ခဲ့သည်။ နာရီဝက်ခန့် ကြာပြီးနောက် သူမတို့ ပြန်သွားခဲ့သည်။ ထို့နောက် ဒေါ်နယ်ထရန့်က သူမအားဖုန်းဆက်၍ နောက်တစ်ခါ တစယောက်ထဲလာရန် ပြောခဲ့ကြောင်း၊ သူမက ငြင်းဆန်ခဲ့ရာ ဘယ်လောက်ပေးရမလဲဟု မေးခဲ့သည်။ ထိုနောက် သူ၏ကိုယ်ပိုင်လေယာဉ်ပေါ်တွင် စုံတွဲဓါတ်ပုံရိုက်ဖို့ ဒေါ်လာ ၁၀,၀၀၀ ဖြင့် ကမ်းလှမ်းခဲ့ကြောင်း ပြောဆိုခဲ့သည်။


၁၈။ Ninni Laaksonen
လွန်ကျူးခံခဲ့ရမှုကာလ (2006)


ဖင်လန်နိုင်ငံ အလှမယ်ဟောင်းဖြစ်ပြီး မယ်စင်္ကြာဝဋာပြိုင်ပွဲဝင်များနဲ့အတူ တီဗီအစီစဉ်တစ်ခု ရိုက်ကူးရေးမစမီ စင်၏နောက်ဖက်၌ ထရန့်က သူမ၏ တင်သားကို ဖြစ်ညှစ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါဖြစ်စဉ်ကို အခြားမည်သူမျှ သိလိုက်လိမ့်မယ်မဟုတ်သော်လည်း သူမတင်ပါး အကိုင်ခံလိုက်ရသည်မှာ သေချာသည်ဟု ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရန့်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ ပက်သက်ပြီး သူကို စွပ်စွဲသူအားလုံးကို မလုပ်ပါဘူး၊ ဒီအမျိုးသမီးကို သိတောင်မသိဘူး၊ လူကြားထဲ ဒါမျိုးလုပ်ပါ့မလား၊ ကိုယ်လုပ်ရမယ့် ကိစ္စမို့ လုပ်တာပါ ဒီလိုစိတ်မရှိပါဘူး၊ စသည်ဖြင့် မျိုးစုံဖြေရှင်းချက်ပေးကာ ငြင်းပယ်ခဲ့သည်။
ဒေါ်န်ာထရန့်သည် အိမ်ခြံမြေသူဌေးကြီးဖြစ်သည့်အလျှောက် အလှမယ်ပြိုင်ပွဲများ ကျင်းပရာတွင် မိန်ူစပွန်ဆာပေးသူတစ်ဦးလည်းဖြစ်သည်။


13 Dec 2017     1,345 Views




RELATED

Most Popular of Special or Others

Most Popular of NEWS