BEC-TERO TV

သူငယ်ချင်းဆီကနေ ပိုက်ဆံချေးပြီး သားဆိုတေး အတွက် အခွေထုတ်ပေးခဲ့ရတဲ့ မိခင်

13 Dec 2017     1,271 Views


အဆိုတော် ဆိုတေး ဟာ လက်ရှိမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး သီချင်းတွေလည်းပြန်ဆိုနေပြီ ဖြစ်ပါတယ် ။၃ လနီးပါးလောက်ဆေးရုံမှာတက်ရောက်ကုသမှုခံယူခဲ့ပြီး အိမ်ရောက်တဲ့ အချိန်ထိ မိသားစုက အနားမှာပြုစုစောင့်ရှောက်ပြီး ဆေးကုသမှုခံခဲ့တာလည်းဖြစ်ပါတယ် ။

“အန်တီတို့အတွက်တော့ ဒုတိယအကြိမ်ပြန်လည်မွေးဖွားလာတာပါ အဆိုတော် လောကမှာကော အိမ်မှာကောပေါ့ ။သူစင်ပေါ်မှာ သီချင်းပြန်ဆိုတော့ မျက်ရည်ကျရတယ် ။ ဒီလိုမျိုး မြင်ကွင်းလေးကို မမျှော်လင့်ခဲ့ဘူး ။အခုတော့ တော်တော်ကောင်းသွားပြီ အိပ်တာစားတာလည်းမှန်တယ် ။ သီချင်းတွေ ပြန်ဆိုနိင်တာလည်းကြာပြီ ။ ငယ်ငယ်ကတော့ ဆရာဝန် ဖြစ်စေချင်ပေမယ့်လည်း နိင်ငံကျော် အဆိုတော် ဖြစ်လာတဲ့ အတွက်လည်း ဂုဏ်ယူရပါတယ် ။ အန်တီက သူ့ကိုဆွဲကြိုးဆင်ပေးတယ်၊ လက်စွပ်ဆင်ပေးတယ် တစ်ပတ်ဆိုရင်မရှိတော့ဘူး ထပ်ဆင်ပေးပါအုံးဆိုလို့ ဆင်ပေးတယ် တစ်ပတ်ဆိုရင်မရှိတော့ပြန်ဘူး ။ မေမေဆင်ပေးတဲ့ လက်စွပ် ၊ဆွဲကြိုးတွေ ဒီမှာဆိုပြီး အခွေလေးထုတ်ပြတယ် ။ သီချင်းနားထောင်ကြည့်တော့ နားထောင်လို့ ကောင်းတယ် ။ နောက်တော့ အန်တီလည်း သူငယ်ချင်း ဆီကနေ ပိုက်ဆံဆွဲပြီးတော့ သူ့ကို ထုတ်ပေးလိုက်တယ် ။နေ့ခင်းကို ပရိုမိုရှင်း လုပ်တယ် ညနေကို နေပြည်တော် ကို ငှားသွားရော ။ နောက်ပိုင်း သူတောက်လျှောက်ဆိုရတော့တာပဲ ။တ၇က်မှ မနားရဘူး တစ်လနေမှ ကိုယ့်သားလေးကို တစ်ခါလောက်ပဲ တွေ့ရတော့တယ် ။သူနယ်တွေသွားရင်တစ်ခေါက်မှ မလိုက်ဘူး အခု နေမကောင်းဖြစ်တော့မှ လိုက်ဖြစ်တာ ။ တချိန်တုန်းကသာ သူ့နောက်အခုလို လိုက်ဖြစ်ရင် ဒီလို ဖြစ်မှာမဟုတ်ဘူးလို့ တွေးမိတယ် ။အခုတော့ သူသီချင်းဆိုရင် အန်တီက သူ့ဘေးမှာ အမြဲရှိပေးရတယ်” ဆိုပြီး မိခင်ဖြစ်သူက သူမ ရဲ့ ခံစားချက်တွေကို ပြောသွားပါတယ် ။ 

Credit:popular 


13 Dec 2017     1,271 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment