BEC-TERO TV

သဝန်တိုစိတ်နဲ့ ဇနီးသည်ရဲ့ လက်နှစ်ဖက်ကို ပုဆိန်နဲ့ခုတ်ဖြတ်ခဲ့သူ

13 Dec 2017     1,332 Views


သ၀န်တိုတတ်တဲ့ ယောက်ျားဟာ သူရဲ့မိန်းမကို နောက်ကွယ်တွင် ဖောက်ပြန်နေကြောင်းစွပ်စွဲကာ လက်နှစ်ဖက်စလုံးကို ခုတ်ဖြတ်ခဲ့ပါတယ်။ ဆရာဝန်တွေဟာ အရေးပေါ်ခွဲစိတ်နေချိန်မှာတောင် သူ့မိန်းမရဲ့ လက်တစ်ချောင်း ကိုပဲပြန်ဆက်ပေးနိုင်ခဲ့ပါတယ်။

 

အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ဒပ်စ်တွီ ဂရေဗ့်ရော့ဟာ သူ့ဇနီးဖြစ်သူ မာဂါရီတာကို နောက်ကွယ်တွင် ဖောက်ပြန် နေကြောင်းစွပ်စွဲကာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ သူဟာ ကလေးနှစ်ယောက်အမေဖြစ်တဲ့ သူ့မိန်းမကို တောထဲခေါ်သွားကာလက်ချောင်းများကို ပုဆိန်ဖြင့် ခုတ်ထစ်ကာ နှိပ်စက်ခဲ့တယ်လို့ဆိုပါတယ်။

သူ့ဇနီးက သူမအပေါ်စွပ်စွဲမှုများဟာ တစ်ဖက်သက်သာဖြစ်ကြောင်း ရဲကို ပြောခဲ့ပါတယ်။ လက်နှစ်ဖက်လုံးသွေးပေနေတဲ့ ဂရေဗ့်ရော့ဟာ သူ့မိန်းမကို ဆေးရုံလိုက်ပို့ပြီး ကိုယ်တိုင်ဝန်ခံချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူ့ဇနီးဟာ ဂရေဗ့်ရောရဲ့နှိပ်စက်မှုကြောင့် ကိုးနာရီကြာအောင် ခွဲစိတ်ခန်းဝင်ခဲ့ရပါတယ်။ ဆရာဝန်တွေကတော့ ညာဘက်လက်က တော်တော် ထိခိုက်သွားကြောင်း ပြောခဲ့ပါတယ်။ သူကတော့ ဒီဖြစ်ရပ်အတွက် ထောင်ထဲတွင် ထိန်းသိမ်းခံရကာ စစ်ဆေးမေး မြန်းခံရပါတယ်။

သူတို့အတွဲဟာ လက်ထက်ပြီး ငါးနှစ်အကြာမှာ သုံးနှစ်နဲ့ လေးနှစ်အရွယ် သားနှစ်ယောက် ရခဲ့ပါတယ်။ ရဲတွေကတော့ သူမကို အကြမ်းမဖက်ခင်မှာ လိမ်လား မလိမ်လား စစ်ဆေးမည်ဟု ပြောကြောင်း၊ သို့သော်လည်း လက်ကို ဖြတ်ခဲ့ကြောင်း ဖော်ပြကြပါတယ်။ သူတို့ရဲ့ သူငယ်ချင်းများကတော့ သူတို့အတွဲဟာ တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ကြကြောင်း ဖော်ပြခဲ့ပါတယ်။ ယခုတော့ သူမဟာ ကွာရှင်းဖို့ပြုလုပ်နေကြောင်း သူမရဲ့သူငယ်ချင်းများက ပြောပြခဲ့ပါတယ်။

သူမဟာ ဂရေဗ့်ရောရဲ့အမူအရာနှင့် ပက်သက်ပြီး ယခင်ကရဲတိုင်ခဲ့သော်လည်း အရာမထင်ခဲ့ကြောင်း ဖော်ပြ ထားပါတယ်။ သူမရဲ့ မိသားစုသူငယ်ချင်းဖြစ်သူက ဂရေဗ့်ရောဟာ သူ့မိန်းမကို သတ်မည်ဖြစ်ကြောင်း၊ လိုအပ် ရင်လည်း ထောင်ထဲသွားမည်ဟု သတိပေးခဲ့ဖူးကြောင်း ဖော်ပြခဲ့ပါတယ်။ ဆရာဝန်များက အစပိုင်းတွင် ဒီခွဲစိတ်မှုကို လုပ်ရန်မဖြစ်နိုင်ဟုပင် သတ်မှတ်ခဲ့ကြကြပေမယ့် နောက်ဆုံးမှာတော့ လက်တစ်ဖက်ကို ပြန်ဆက်ပေးနိုင်ခဲ့ပါတယ်။


13 Dec 2017     1,332 Views




RELATED

Most Popular of Special or Others

Most Popular of NEWS