BEC-TERO TV

လူသားဆန်ဆန် အပြန်လှန်ပြောဆိုနိုင်မည့် စက်ရုပ်ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ

13 Dec 2017     1,226 Views


“ဟုတ်လား၊မဟုတ်ဖူးလား” ဟုတိုက်ရိုက်မေးနိုင်သောမေးခွန်းတွေ အများကြီးရှိပါတယ်။ ဥပမာ “ကမ္ဘာကြီး ပြားလား..? မပြားဖူး။ လကဒိန်ခဲတွေနဲ့ လုပ်ထားတာလား..? မဟုတ်ဘူး။ ရာသီဥတုကောပြောင်းနိုင်လား..? ပြောင်းနိုင်တာပေါ့” ဟု လူတိုင်း အလွယ်တကူ ဖြေဆိုနိုင်ကြပါလိမ့်မယ်။

အကယ်၍ စက်ရုပ်တွေကကော သင်မေးတဲ့ မေးခွန်းတွေကို လူသားဆန်ဆန် ပြန်လည်ဖြေနိုင်ကြမည်ဆိုရင် ယုံ နိုင်ပါသလား..? အကယ်၍ သိပ္ပံပညာနှင့် ပက်သက်ပီး သက်သေပြရန်ခက်သော မေးခွန်းတွေ မေးမည်ဆိုရင်ရော လူသားတွေလို စက်ရုပ်တွေက ဖြေနိုင်ကြမည်လား..?

ထိုမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဖြေနိုင်မည့်စက်ရုပ်တွေ ရှိလာပါပြီ။ ထိုစက်ရုပ်တွေထဲက တစ်ရုပ်ကတော့ Jibo ဟုခေါ်တဲ့ စက်ရုပ်ဖြစ်ပါတယ်။

Jibo ကို ၂၀၁၄ ခုနှစ်တွင် Indiegogo မှ စတင်ဖြန့်ချိခဲ့သည်။ Jibo သည် ပထမဆုံး လူနှင့် စကားပြောနိုင်ပြီး မိသားစုဝင်များ၏မျက်နှာကိုလည်း မှတ်သားနိုင်စွမ်းရှိပါသည်။ Jibo သည် ဈေးကွက်တွင် ဒေါ်လာ ၈၉၉ ဖြင့်ဈေးပေါက်နေပြီး မေးခွန်းများကို လည်းဖြေဆိုနိုင်စွမ်းရှိပါတယ်။

သို့သော် “ဒီနေ့ရာသီဥတု ဘယ်လိုနေမလဲ” ဟုမေးပါက “မသိဘူးလေ ၊ ပြောရမှာတော့ နည်းနည်းခက်တယ်” ဟု ယောကျာင်္းလေးသံဝဲ၀ဲဖြင့် ပြန်ပြောတတ်သည်။ ၄င်းသည်ပင် Jibo ၏ အားသာချက်တစ်ခုဖြစ်သည်။

Jibo Inc က Jibo သည် သာမန်ကလေးငယ်တစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။ Jibo သည် သင်ယူနေဆဲသာ ဖြစ်သည်။ သာမန် ဟုတ်တယ်၊ မဟုတ်ဘူးဟုဆိုသော မေးခွန်းများထက် မတိကျမသေချာသော၊ အနာဂတ်အလိုက် ပြောင်းလဲနိုင်သော မေးခွန်းများကို ဖြေဆိုနိုင်ရန် လူသားတို့ ပြုလုပ်ထားသော မှတ်ဥာဏ်တစ်ခုကြောင့် Jibo သည် ဈေးကွက်တွင် ဒေါ်လာ ၈၉၉ ခန့်တန်ဖိုး ပေါက်နေခြင်းဖြစ်သည်။


13 Dec 2017     1,226 Views




RELATED

Most Popular of Special or Others

Most Popular of NEWS