BEC-TERO TV

ဂျပန်နိုင်ငံတွင် မြန်မာလုပ်သားများ ထွက်ပြေးမှုပိုမိုမြင့်တက်လာ

14 Dec 2017     1,350 Views


ဂျပန်နိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ သက်ဆိုင်ရာလုပ်ငန်းခွင်မှ ထွက်ပြေးမှု ယခုနှစ်တွင် ပိုမိုမြင့်တက်လာပြီး လွန်ခဲ့သော ၆ လကာလအတွင်းပင် ထွက်ပြေးသူ ၄၀ ဦးကျော် ရှိပြီဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌါနသို့ ပေးပို့သည့် စာရင်းများအရ သိရှိရသည်။

အလုပ်သမားများ ထွက်ပြေးရခြင်း၏ အဓိကအကြောင်းရင်းမှာ လုပ်ငန်းခွင်၌ အဆင်မပြေခြင်း၊ လစာဖြတ်တောက်ခံရခြင်း၊ နိုင်ငံရေးခိုလှုံခွင့်ရရှိခြင်း၊ တရားမဝင်အလုပ်ပြောင်းလဲလုပ်ကိုင်ခြင်း၊ ပွဲစားများ၏ သွေးဆောင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌါနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ကို နှစ်နိုင်ငံ MoU မရေးထိုးရသေးသော်လည်း အလုပ်သမားများကို Training Visa ဖြင့် သင်တန်းလုပ်သားအဖြစ် စေလွှတ်ခွင့်ပြုထားခြင်းဖြစ်သည်။
ထွက်ပြေးသွားသော လုပ်သားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပါက စိစစ်အရေးယူပေးရန် အေဂျင်စီများက တင်ပြထားပြီး၊ ထွက်ပြေးသွားသော လုပ်သားများကို လက်ခံထားသော လုပ်ငန်းရှင်များအား ဖော်ထုတ်အရေးယူရန်၊ တာဝန်ယူမှုမရှိသော ဂျပန်လုပ်ငန်းရှင်များအား Blacklist သွင်းရန်၊ အလုပ်သမားကို ထွက်ပြေးအောင် သွေးဆောင်သည့် လူမှုပတ်ဝန်းကျင်ကို ဖော်ထုတ် အရေးယူရန် တင်ပြထားကြောင်း ဒီမိုကရေစီတူဒေးသတင်းမှ ကောက်နှုတ်ဖော်ပြပါသည်။


14 Dec 2017     1,350 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS