BEC-TERO TV

အားကစားစိတ်ဓါတ်အားနည်းခဲ့သည့် သီဟထက်အောင်ကို လိဂ်ပွဲစဉ်(၆)ပွဲပယ် (၁၀)သိန်း ဒဏ်ငွေရိုက်

14 Dec 2017     1,319 Views


ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် M150 ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ ယူ−၂၃ ဘောလုံးအသင်း အတွေ့အကြုံရရှိစေရန် နိုဝင်ဘာလ ၂၆ ရက်နေ့က မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းကစားစေခဲ့ရာ ကစားသမား သီဟထက်အောင်က တစ်ဖက်အသင်းအားကစားသမားကို စည်းကမ်းပိုင်းနှင့် အားကစားစိတ် အားနည်းစွာဖြင့် အဆင်အခြင်မဲ့ပြုလုပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့က မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာတွင် ပွဲကစားချိန် (၄၀)မိနစ်၌ သီဟထက်အောင်နှင့် မွန်ဂိုလီးယားမှ နံပါတ် (၁၀)တို့စကားများရာမှ ဒိုင်လူကြီး က ပထမအကြိမ်ခေါ်ယူသတိပေးခဲ့သည်။
ဆက်လက်၍ မြန်မာအသင်းမှ အလွတ်တည်ရန်ဘောကန်သည့်အချိန် တွင် သီဟထက်အောင်က မွန်ဂိုလီးယားအသင်းမှ နံပါတ် (၁၉)၏ ဦးခေါင်းအား လက်ဖြင့်ရိုက်သဖြင့် ဒိုင်လူကြီးမှ (၂)ဝါ (၁)နီဖြင့် ထုတ်ပယ်ခဲ့သည်။

သီဟထက်အောင်က အနီကဒ်ပြခံရသည့်အတွက် မကျေမနပ်ဖြစ်ကာ မွန်ဂိုလီးယားကစားသမား နံပါတ်(၁၀)ထံ သွားရောက်၍ အချင်းများပြီးလည်ပင်းညှစ်၍ တွန်းလှဲခဲ့သဖြင့် မွန်ဂိုလီးယားကစားသမား မြေပြင်ပေါ် သို့ လဲကျသွားခဲ့သည်။
ထိုကြောင့် ဘောလုံးပညာနှင့်ပက်သက်၍ နိုင်ငံတော်အတွက် အားကိုးရမည့် အားကစားသမားတစ်ဦး ဖြစ်သော်ငြားလည်း စည်းကမ်းပိုင်းနှင့် အားကစားစိတ် အားနည်းစွာဖြင့် အဆင်အခြင်မဲ့ပြုလုပ်ခဲ့သည့်အတွက် ဗီဒီယိုမှတ်တမ်းများဖြင့် စိစစ်ကြည့်ရှုပြီးနောက် လိဂ်ပွဲစဉ်(၆)ပွဲပယ်ခံရပြီး ဒဏ်ငွေ ကျပ် ၁၀ သိန်း ပေးဆောင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း/ဓါတ်ပုံ - MFF





 


14 Dec 2017     1,319 Views




RELATED

Most Popular of Football

Most Popular of NEWS