BEC-TERO TV

အားကိုးရာမဲ့ကလေးငယ်များ ညှင်းပန်းနှိပ်စက်ခံရမှုများ ကာကွယ်ပေးစေလို

14 Dec 2017     1,474 Views


မိဘမဲ့နှင့် အားကိုရာမဲ့ လူမမယ်ကလေးငယ်များ အရွယ်နဲ့မမျှအောင် နှိပ်စက်ညှင်းပန်းခံနေရမှုများ ရှိနေပြီး သက်ဆိုင်ရာကို တိုင်ကြားသော်လည်း အမှုဖွင့်မည့် တရားလိုမရှိခြင်းကြောင့် အရေးယူမှုများ လစ်ဟာနေသဖြင့် ကလေးငယ်များမှာ အနိုင်ကျင့်ခံရမှုများမှ အကာကွယ်မဲ့လာသည့် သတင်း လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။


လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်တွင် တွေ့ရှိရသော Zaw Htet အကောင့်ပိုင်ရှင် စုစည်းဖော်ပြထားသော သတင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

ကယ်သူမဲ့နေတဲ့ကလေး လေးတွေကို အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ကာကွယ်ပေးကြပါ . . .
ဓနုဖြူမြို့ (၁၀)ရပ်ကွက် အနောက်ခြမ်း /၇လမ်း၊ နန်းတော်ကုန်းအုပ်စု အတွင်းနေထိုင်သော
လူမိုက်ရဲလေး ဆိုသူက မိမိသမီးငယ် အပါဝင် အနီးနာရှိကလေးငယ်များကို ညှင်းပန်နှိပ်စက်မှုတွေပြုလုပ်နေသော်လည်း ပတ်ဝန်းကျင်မှ မပြောရဲမဆိုရဲဖြစ်ကာ
ကလေးငယ်များဘဝလုံခြုံမှုကင်းမဲ့နေပါတယ် . .
၁၀နှစ်ပတ်ဝန်းကျင်သမီးငယ်လေးကို တောင်းရမ်းငွေနည်းပါးလာသောနေ့များမှာ ရိုတ်နက်ရုံမျှမကျေနပ်ပဲ လည်ပင်းကိုကြိုးကွင်းစွပ်ဆွဲခြင်းဖြင့်နှိပ်စက်ကြောင်း။
ကလေးငယ်မှာ မကြာခဏ အိမ်မှထွက်ပြေးသော်လည်း ကယ်သူမဲ့ဘဝဖြင့် အိမ်ပြန်လာခဲ့ရကြောင်း။.

2016 ခုနှစ် 11 လပိုင်းလောက်မှာ သမီးဖြစ်သူအား ပီနံအိပ်ဖြင့်စွပ်ကာ မီးသင်္ဂြိုလ်စက်အတွင်းသို့
အရှင်လတ်လတ် မီးရှို့သတ်ဖို့ ကြံစီပြီး ပို့ဆောင်ထားခဲ့ကြောင်း၊ .မီးသင်္ဂြိုလ်သူမှ အိတ်ကိုဖွင့်ကြည့်ရာကလေးငယ်ကိုတွေ့ရ၍ ဓနုဖြူမြို့မ ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ရကြောင်း။
ရဲစခန်းမှလည်း ကလေးငယ်ကိုကာကွယ်မှုမပေးပဲ အိမ်သို့ပြန်ပို့ပေးခဲ့ကြောင်း။.
10.12.2017 ရက်နေ့က လည်း အိမ်အနီးနားမှမိဘမဲ့နေသာ (၈ နှစ်)အရွယ်ကလေးငယ်ကို ဈေးဝယ်ခိုင်းရာ ပိုက်ဆံ ၅၀၀/- ပျောက်လို့ ဆိုပြီး ကလေးငယ်ကို မချိမဆန့်ရိုက်နှက်ကာ အိမ်နောက်ဖက် ရေကန်ထဲမှာ တစ်နာရီကျော်ကြာ တိုင်ငုတ်စိုက်ကြိုးနှင့်တုတ်ပြီးရေထဲစိမ် ညှင်းပန်းခဲ့ကြောင်းသိရပါတယ်။
၎င်း ကို ကြောက်ရွံ့သော်လည်း မခံစားနိုင်ကြသောပတ်ဝန်းကျင်မှ ရဲစခန်းသို့ အကြောင်းကြားခဲ့ရာတွင်လဲ ရဲစခန်းမှ စစ်ဆေးမေးမြန်းပြီး တရားလိုမရှိဟုဆိုကာပြန်လွှတ်ပေးလိုက်ကြောင်း။


အကာကွယ်မဲ့နေသောကလေးငယ်များကို အကူညီပေးစေဖို့ . .
ထိုပတ်ဝန်းကျင်မှအကူညီတောင်းခံနေပါတယ်ခင်ဗျာ .
ကလေးငယ်များအသက်မဆုံးရှုံးမီ ကာကွယ်ပေးကြပါ . ကလေးသူငယ်စောင့်ရှေက်ရေးအဖွဲ့များသို့
အမြန်ဆုံးဆက်သွယ်ကူညီပေးကြဖို့ တိုက်တွန်းပါရစေ။ ကလေးငယ်တွေရဲ့ သေရာပါဒါဏ်ရာတွေကို ကြည့်ကြပါ . . အသက်အရွယ်နှင့်မမျှ စိတ်ဒါဏ်ရာတွေကို ကုစားပေးကြပါ။


credit >> Zaw Htet

ဟု ရေးသားဖော်ပြခဲ့ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့က အွန်လိုင်းပေါ်တွင် တွေ့ရှိရသဖြင့် တာဝန်ရှိသူများ ကူညီဖြေရှင်းနိုင်စေရန် ဖော်ပြခြင်းဖြစ်ပါသည်။

 


14 Dec 2017     1,474 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS