BEC-TERO TV

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တိုင်းမှာခက်ခဲ့တဲ့ပြိုင်ဘက်တွေနဲ့တွေ့ဆုံခဲ့တဲ့ PSG အသင်း

14 Dec 2017     1,301 Views


PSG အသင်းဟာ ဘောလုံးရာသီနောက်ဆုံး (၄) ရာသီအတွင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တိုင်းမှာ ဥရောပ ထိပ်သီးကလပ်တွေနဲ့ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပါတယ်။(၂၀၁၇-၂၀၁၈) ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် (၁၆) သင်းရှုံးထွက်အဆင့်မဲခွဲမှုရလဒ်တွေထွက်ပေါ်ခဲ့ပြီး ယခုနှစ်ချန်ပီယံလိဂ်မှာရေပန်းစားနေတဲ့ PSG အသင်းက လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့တွေ့ဆုံခဲ့ ပါတယ်။ PSG အသင်းဟာ ဘောလုံးရာသီနောက်ဆုံး (၄) ရာသီအတွင်းချန်ပီယံလိဂ်ရှုံး ထွက်(၁၆)သင်းအဆင့်မှာ ဥရောပထိပ်သီးအသင်းတွေနဲ့တွေ့ဆုံခဲ့ရတဲ့ အစဉ်အလာတွေလည်းရှိခဲ့ တာဖြစ်ပါ တယ်။
 
 
(၂၀၁၄-၂၀၁၅) ဘောလုံးရာသီ ချန်ပီယံလိဂ် (၁၆)သင်းရှုံးထွက်အဆင့်မှာ ချယ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၃) ဂိုး (၃) ဂိုးစီသရေကျခဲ့ပေမဲ့ အဝေးဂိုးစည်းမျဉ်းအရ PSG အသင်းက ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်ခဲ့ပါတယ်။ကွာတားဖိုင်နယ်အဆင့်မှာတော့ ဘာစီလိုနာအသင်းနဲ့တွေ့ဆုံ ခဲ့ပြီး (၂) ကျော့ပေါင်းရလဒ် (၅) ဂိုး(၁) ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။(၂၀၁၅-၂၀၁၆) ဘောလုံး ရာသီချန်ပီယံလိဂ် (၁၆) သင်းရှုံးထွက်အဆင့်မှာ ချယ်ဆီးအသင်းနဲ့တွေ့ဆုံခဲ့ပြီး ၊ (၂) ကျော့ပေါင်း ရလဒ် (၄) ဂိုး (၂) ဂိုးရလဒ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကိုတက် ရောက်နိုင်ခဲ့ပါတယ်။ကွာတားဖိုင်နယ် အဆင့်မှာ တော့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ထပ်မံတွေ့ဆုံခဲ့ပြီး (၂) ကျော့ပေါင်းရလဒ် (၃) ဂိုး (၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။
 
 
(၂၀၁၆-၂၀၁၇)ဘောလုံး ရာသီကလည်း ချန်ပီယံ လိဂ် (၁၆) သင်း အဆင့်မှာ ဘာစီလိုနာအသင်းကို ပထမအကျော့က (၄) ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့် ကိုတက်ရောက်ဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်ခဲ့ပေမဲ့ ဒုတိယအကျော့ ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းမှာ (၆) ဂိုး (၁) ဂိုးရလဒ် နဲ့ အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ယခုနှစ် ဘောလုံး ရာသီ ချန်ပီယံလိဂ် (၁၆) သင်းအဆင့်မှာလည်း လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့တွေ့ဆုံနေ တာကြောင့် ယခင်နှစ်တွေကထက် ပိုမိုခက်ခဲတဲ့ပြိုင်ဘက်ကို တွေ့ဆုံနေရတာဖြစ်ပါတယ်။
 
 

14 Dec 2017     1,301 Views




RELATED

Most Popular of Football

Most Popular of Sport